Zawgyi ျဖင့္ဖတ္ရန္

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိစားေသာက္ ဆိုင္တစ္ဆိုင္တြင္ စားသုံးသူတစ္ဦးက ၎မွာထားေသာ အသားညႇပ္ေပါင္မုန႔္ ျမန္ျမန္ဆန္ဆန္မရ၍ဟုဆိုကာ စားပြဲထိုးကို ေသနတ္ျဖင့္ပစ္သတ္ခဲ့ေၾကာင္း BBC သတင္းတြင္ ေဖာ္ျပထားသည္။

ယင္းျဖစ္စဥ္မွာ ေသာၾကာေန႔ ညေနပိုင္းက ပဲရစ္ၿမိဳ႕အေရွ႕ပိုင္းရွိ ဆင္ေျခဖုံးတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယခုအခါ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

စားပြဲထိုးအား ေသနတ္ျဖင့္ပစ္ခတ္ခဲ့သူဟု သံသယရွိသူသည္ အခင္းျဖစ္ပြားရာ ေနရာမွထြက္ေျပးသြားခဲ့ၿပီး လက္ရွိအခ်ိန္ထိ ဖမ္းဆီးရမိျခင္း မရွိေသးေခ်။

အေရးေပၚေဆး႐ုံကားဝန္ထမ္းမ်ားက ပခုံးနားတစ္ဝိုက္ကို ပစ္ခတ္ခံခဲ့ရေသာ အသက္ ၂၈ ႏွစ္အ႐ြယ္ စားပြဲထိုးအား ကယ္တင္ႏိုင္ရန္ ႀကိဳးစားခဲ့ေသးေသာ္လည္း မကယ္တင္ႏိုင္ခဲ့ဘဲ အခင္းျဖစ္ရာေနရာ၌ပင္ ေသဆုံးသြားခဲ့သည္။

ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေသာစားသုံးသူသည္ အခင္းျဖစ္ပြားရာ ပီဇာႏွင့္အသား ညႇပ္ေပါင္မုန႔္ ေရာင္းခ်ေသာ စားေသာက္ဆိုင္၌ ၎မွာၾကားထားေသာစားစရာ ရရွိရန္ ေစာင့္ဆိုင္းရေသာ ၾကာျမင့္ခ်ိန္ေၾကာင့္ ေဒါသထြက္လ်က္ရွိသည္ဟု ေသဆုံးသြားေသာ စားပြဲထိုး၏ လုပ္ေဖာ္ကိုင္ဖက္မ်ားက ရဲမ်ားကိုေျပာျပခဲ့သည္။

ယခုပစ္ခတ္သတ္ျဖတ္မႈမွာ အဆိုပါပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားႏွင့္ ဆိုင္ရွင္မ်ားကို အံ့ဩထိတ္လန႔္ေစခဲ့သည္။

“စိတ္မေကာင္းစရာပါပဲ။ အဲဒီဆိုင္ေလးက ဘာျပႆနာမွမရွိဘဲ ဆိတ္ၿငိမ္တဲ့ဆိုင္ေလးပါ။ ဖြင့္တာလည္း လပိုင္းေလာက္ပဲ ရွိေသးတာပါ”ဟု အသက္ ၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးက ျပင္သစ္မီဒီယာသို႔ ေျပာၾကားသည္။

သို႔ေသာ္လည္း ယင္းပတ္ဝန္းက်င္တြင္ ေနထိုင္သူအခ်ိဳ႕ကမူ ထိုေဒသတြင္ မူးယစ္ေဆးေရာင္းဝယ္မႈမ်ားႏွင့္ လမ္းမမ်ားေပၚတြင္ မူးယစ္ေနသူမ်ား တိုးပြားလာလ်က္ရွိျခင္းႏွင့္အတူ မႈခင္းမ်ား တစ္ရွိန္ထိုး ျမင့္တက္လာလ်က္ရွိသည္ဟု ေျပာၾကားခဲ့သည္။

credit : xyz

Unicode ဖြင့်ဖတ်ရန်

မှာထားသောစားစရာ မြန်မြန်ဆန်ဆန် မရ၍သဖြင့် ပြင်သစ်တွင် စားသုံးသူက စားပွဲထိုးကို သေနတ်နဲ့ပစ်သတ်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိစားသောက် ဆိုင်တစ်ဆိုင်တွင် စားသုံးသူတစ်ဦးက ၎င်းမှာထားသော အသားညှပ်ပေါင်မုန့် မြန်မြန်ဆန်ဆန်မရ၍ဟုဆိုကာ စားပွဲထိုးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှာ သောကြာနေ့ ညနေပိုင်းက ပဲရစ်မြို့အရှေ့ပိုင်းရှိ ဆင်ခြေဖုံးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စားပွဲထိုးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူဟု သံသယရှိသူသည် အခင်းဖြစ်ပွားရာ နေရာမှထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးချေ။

အရေးပေါ်ဆေးရုံကားဝန်ထမ်းများက ပခုံးနားတစ်ဝိုက်ကို ပစ်ခတ်ခံခဲ့ရသော အသက် ၂၈ နှစ်အရွယ် စားပွဲထိုးအား ကယ်တင်နိုင်ရန် ကြိုးစားခဲ့သေးသော်လည်း မကယ်တင်နိုင်ခဲ့ဘဲ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ခဲ့သောစားသုံးသူသည် အခင်းဖြစ်ပွားရာ ပီဇာနှင့်အသား ညှပ်ပေါင်မုန့် ရောင်းချသော စားသောက်ဆိုင်၌ ၎င်းမှာကြားထားသောစားစရာ ရရှိရန် စောင့်ဆိုင်းရသော ကြာမြင့်ချိန်ကြောင့် ဒေါသထွက်လျက်ရှိသည်ဟု သေဆုံးသွားသော စားပွဲထိုး၏ လုပ်ဖော်ကိုင်ဖက်များက ရဲများကိုပြောပြခဲ့သည်။

ယခုပစ်ခတ်သတ်ဖြတ်မှုမှာ အဆိုပါပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့် ဆိုင်ရှင်များကို အံ့ဩထိတ်လန့်စေခဲ့သည်။

“စိတ်မကောင်းစရာပါပဲ။ အဲဒီဆိုင်လေးက ဘာပြဿနာမှမရှိဘဲ ဆိတ်ငြိမ်တဲ့ဆိုင်လေးပါ။ ဖွင့်တာလည်း လပိုင်းလောက်ပဲ ရှိသေးတာပါ”ဟု အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြင်သစ်မီဒီယာသို့ ပြောကြားသည်။

သို့သော်လည်း ယင်းပတ်ဝန်းကျင်တွင် နေထိုင်သူအချို့ကမူ ထိုဒေသတွင် မူးယစ်ဆေးရောင်းဝယ်မှုများနှင့် လမ်းမများပေါ်တွင် မူးယစ်နေသူများ တိုးပွားလာလျက်ရှိခြင်းနှင့်အတူ မှုခင်းများ တစ်ရှိန်ထိုး မြင့်တက်လာလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

credit : xyz

LEAVE A REPLY