Zawgyi ဖြင့်ဖတ်ရန်






 

share from :xyz

Unicode ဖြင့်ဖတ်ရန်

၉၁၁ ကို ဖုန်းခေါ်ကာ ပီဇာစားချင်ကြောင်း ပူဆာတဲ့ကလေးနဲ့ သဘောကောင်းတဲ့ ဦးရဲကြီးများ

၅ နှစ်သားအရွယ် ကလေးတစ်ဦးက အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဆန်ဖို့ဒ်ရဲဌာနကို အရေးပေါ်ဖုန်း ၉၁၁ မှတစ်ဆင့် ဖုန်းလှမ်းခေါ်ခဲ့ပါတယ်။

ကလေးတစ်ဦးက ခေါ်တာဖြစ်တာကြောင့် ရဲအရာရှိဆူရယ်လီစ် မိုရာလက်စ်နဲ့အဖွဲ့ဟာ အဆိုပါကလေး အဆင်ပြေ မပြေ သွားပြီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

သွားနေတုန်းမှာပဲ နောက်ထပ်သတင်းတစ်ခု ဝင်လာပါတယ်။ ကောင်လေးက ဗိုက်ဆာလို့ ပီဇာစားချင်နေပါသတဲ့။ ကောင်လေးဟာ ကြောက်ရွံ့နေပြီး သူလုပ်လိုက်တာ မှားတယ်ဆိုတာ သိနေပုံပဲလို့ ရဲအရာရှိက ပြောကြားပါတယ်။

ရဲများက အရေးပေါ် ဖုန်းခေါ်တဲ့စနစ်ကို ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးကြပါတယ်။ ကောင်လေးကို သား ပီဇာစားချင်သေးလားလို့ မေးတဲ့အခါ သူက စားတော့စားချင်နေသေးတယ်လို့ ပြောပါတယ်။

ထိုအိမ်ကို ရဲများ နောက်တစ်ခေါက်ရောက်လာကြပြီး ဒီတစ်ခါတော့ ပီဇာတစ်ဘူး ယူလာခဲ့ပါတယ်။ ကောင်လေးဟာ ပီဇာကို အကုန်မစားခဲ့ဘဲ လာပို့တဲ့ရဲများကို ပြန်လည်ဝေမျှကျွေးခဲ့ပါသတဲ့။

 

share from :xyz

LEAVE A REPLY