Zawgyi ျဖင့္ဖတ္ရန္

 

စိုင္းစိုင္းဟာဆိုရင္ အရင္ကတည္းက ပရိသတ္ေတြကိုတေလးတစားဆက္ဆံတတ္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ေနာက္ပိုင္းေခတ္မွာ မီဒီယာေတြနဲ႔ဆက္ဆံရတာေတြမ်ားလာေတာ့လည္း မီဒီယာေတြကို ယဥ္ေက်းပ်ဴငွာစြာ Professional က်က်ဆက္ဆံတတ္သူတစ္ဦးပါ။ ဒါ့အျပင္ ဟိုးအရင့္အရင္ေခတ္ေတြကတည္းက အခုအခ်ိန္အထိ စိုင္းစိုင္းမို႔လို႔ ေဝဖန္မႈေတြအလူးအလဲခံခဲ့ရတာပါ။ အခုေနာက္ပိုင္းႏွစ္ေတြမွာဆို Troll ေတြေပၚလာၿပီး စိုင္းစိုင္းငိုေနတဲ့ပုံႀကီးနဲ႔ အၿမဲတမ္း Troll တာခံေနရလည္း စိုင္းစိုင္းတို႔ကေတာ့ အၿပဳံးမပ်က္ပါပဲ။ မၾကာေသးမီကလည္း စိုင္းစိုင္းနဲ႔ ပိုးမမွီသာရဲ႕ ေနရာခ်င္းဆင္တူေနတဲ့ပုံေတြကို Troll ေတြက Troll ၿပီး သတင္းဌာနေတြက တစ္မ်ိဳးတစ္မည္ေရးသားခဲ့ၾကတာေၾကာင့္ ပရိသတ္ေတြက စိုင္းစိုင္းနဲ႔ပိုးမမွီသာတို႔ခ်စ္သူေတြျဖစ္ေနၿပီလားလို႔သံသယဝင္ခဲ့ၾကပါတယ္။

စိုင္းစိုင္းက ၿပီးခဲ့တဲ့ေန႔က သူ႔ရဲ႕ Instagram မွာ မင္းကြန္းျမသိန္းတန္ေစတီမွာ ႐ိုက္ထားတဲ့ ဓာတ္ပုံေလးကိုတင္ထားခဲ့ပါတယ္။ စိုင္းစိုင္းက ေစတီျဖဴျဖဴရဲ႕ သပၸါယ္လွတဲ့အရိပ္ေအာက္မွာ မတ္တပ္ရပ္ေနတဲ့ ပုံေလးကို “ေပါင္းရဖု႔ိအတြက္ ရည္စူး႐ြယ္ကာ ဘုရားကိုတက္ ကန္ေဘာင္မွာအတူတူထိုင္ကာ တအားကိုဖက္”ဆိုတဲ့သီခ်င္းစာသားေလးနဲ႔ တင္ထားခဲ့တာပါ။ အဲဒီဓာတ္ပုံေလးကိုေတြ႕လိုက္ရတဲ့ ပရိသတ္ေတြက စိုင္းစိုင္းတစ္ေယာက္ဘုရားကို ခ်စ္သူနဲ႔အတူတူသြားတာလားလို႔ ထင္ခဲ့ၾကတာပါ။ ဒါေပမယ့္ စိုင္းစိုင္းက မၾကာခင္က သူ႔ရဲ႕လူမႈကြန္ယက္မွာ “အသည္းေတြလည္းကြဲပါတယ္”ဆိုတဲ့ status ေလးတင္ထားခဲ့ေသးတာမို႔ ပရိသတ္ေတြက မ်က္စိလည္သြားခဲ့ရပါေသးတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ ပိုးမမွီသာကလည္း ျမသိန္းတန္ေစတီမွာ ႐ိုက္ထားတဲ့ ဓာတ္ပုံလွလွေလးေတြကို “ဒီပုံေတြအကုန္လုံးကို မင္းကြန္း ျမသိန္းတန္ဘုရားက ၁၂ ႏွစ္အ႐ြယ္ညီမေလးကဘဲ ႐ိုက္ေပးတာပါ သူေလးက pose ပါသင္ေပးေသးတာ”လို႔ေရးၿပီးတင္လာခဲ့ျပန္ပါတယ္။အဲဒီေနာက္ ပရိသတ္ေတြၾကားမွာ အဲဒီလိုတိုက္တိုက္ဆိုင္ဆိုင္ေနရာေရာ အက်ႌအဝတ္အစားအေရာင္ပါ ခပ္ဆင္ဆင္တူတဲ့ဓာတ္ပုံေလးေတြနဲ႔ပတ္သက္ၿပီး စိုင္းစိုင္းနဲ႔ ပိုးမမွီသာတို႔ ျမသိန္းတန္ေစတီကို အတူတူသြားခဲ့တာလား ခ်စ္သူေတြျဖစ္ေနၾကလားဆိုတဲ့ ေကာလဟလေမးခြန္းေတြထြက္ေပၚလာခဲ့ပါတယ္။

ဒါေပမယ့္ စိုင္းစိုင္းက မေန႔ကပဲ သူ႔ရဲ႕လူမႈကြန္ယက္မွာ ပိုးမမွီသာနဲ႔ဓာတ္ပုံေတြအေၾကာင္း ျပန္လည္ရွင္းျပလာခဲ့ပါတယ္။ စိုင္းစိုင္းက အဲဒီဓာတ္ပုံေတြက ႐ုပ္ရွင္႐ိုက္ေနတုန္း ႐ိုက္ကူးေရးလုပ္ေနစဥ္ဓာတ္ပုံေတြျဖစ္ေၾကာင္းရွင္းျပထားခဲ့ၿပီး အဲဒီလိုေကာလဟလေတြျဖစ္မွာစိုးတာေၾကာင့္ ႐ုပ္ရွင္႐ိုက္ေနတုန္းဓာတ္ပုံမ႐ိုက္ဖို႔ေျပာတာလို႔လည္းေသခ်ာရွင္းျပထားခဲ့ပါေသးတယ္။ စိုင္းစိုင္းက သူ႔ရဲ႕လူမႈကြန္ယက္ကေန “႐ုပ္ရွင္တူတူ႐ိုက္ေနတဲ့ပုံေတြကို လိုင္းေပၚတင္ၿပီး ဟိုလိုဒီလိုေတြေရးတာေတာ့ လြန္တာေပါ့ခင္ဗ်ာ …( ဒါမ်ိဳးေတြေၾကာင့္ ႐ိုက္ကြင္းမွာ ဓာတ္ပုံမ႐ိုက္ဖို႔ေတာင္းပန္တာလည္းျဖစ္ပါတယ္ နားလည္မႈရွိစြာ ကူညီခဲ့ၾကတဲ့ပရိသတ္မ်ားကိုလည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ )”လို႔ အဆင္မေျပာတာကို ယဥ္ယဥ္ေက်းေက်းေဖာ္ျပၿပီး ပရိသတ္ေတြကိုလည္းေက်းဇူးတင္စကားေျပာသြားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ စိုင္းစိုင္းနဲ႔ ပိုးမမွီသာရဲ႕ဓာတ္ပုံေတြေနာက္က အျဖစ္မွန္ကိုသိလိုက္ရလို႔ ဝမ္းနည္းသြားၿပီလား။ စိုင္းစိုင္းနဲ႔ ပိုးမမွီသာ အတြဲညီညီလက္တြဲ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးထြက္ရွိလာရင္ေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

share from : nanmalgyi

Unicode ဖြင့်ဖတ်ရန်

ပိုးမမှီသာနဲ့ဓာတ်ပုံတွေကိစ္စကိုပြန်ရှင်းလိုက်တဲ့ စိုင်းစိုင်း

စိုင်းစိုင်းဟာဆိုရင် အရင်ကတည်းက ပရိသတ်တွေကိုတလေးတစားဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းခေတ်မှာ မီဒီယာတွေနဲ့ဆက်ဆံရတာတွေများလာတော့လည်း မီဒီယာတွေကို ယဉ်ကျေးပျူငှာစွာ Professional ကျကျဆက်ဆံတတ်သူတစ်ဦးပါ။ ဒါ့အပြင် ဟိုးအရင့်အရင်ခေတ်တွေကတည်းက အခုအချိန်အထိ စိုင်းစိုင်းမို့လို့ ဝေဖန်မှုတွေအလူးအလဲခံခဲ့ရတာပါ။ အခုနောက်ပိုင်းနှစ်တွေမှာဆို Troll တွေပေါ်လာပြီး စိုင်းစိုင်းငိုနေတဲ့ပုံကြီးနဲ့ အမြဲတမ်း Troll တာခံနေရလည်း စိုင်းစိုင်းတို့ကတော့ အပြုံးမပျက်ပါပဲ။ မကြာသေးမီကလည်း စိုင်းစိုင်းနဲ့ ပိုးမမှီသာရဲ့ နေရာချင်းဆင်တူနေတဲ့ပုံတွေကို Troll တွေက Troll ပြီး သတင်းဌာနတွေက တစ်မျိုးတစ်မည်ရေးသားခဲ့ကြတာကြောင့် ပရိသတ်တွေက စိုင်းစိုင်းနဲ့ပိုးမမှီသာတို့ချစ်သူတွေဖြစ်နေပြီလားလို့သံသယဝင်ခဲ့ကြပါတယ်။

စိုင်းစိုင်းက ပြီးခဲ့တဲ့နေ့က သူ့ရဲ့ Instagram မှာ မင်းကွန်းမြသိန်းတန်စေတီမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုတင်ထားခဲ့ပါတယ်။ စိုင်းစိုင်းက စေတီဖြူဖြူရဲ့ သပ္ပါယ်လှတဲ့အရိပ်အောက်မှာ မတ်တပ်ရပ်နေတဲ့ ပုံလေးကို “ပေါင်းရဖု့ိအတွက် ရည်စူးရွယ်ကာ ဘုရားကိုတက် ကန်ဘောင်မှာအတူတူထိုင်ကာ တအားကိုဖက်”ဆိုတဲ့သီချင်းစာသားလေးနဲ့ တင်ထားခဲ့တာပါ။ အဲဒီဓာတ်ပုံလေးကိုတွေ့လိုက်ရတဲ့ ပရိသတ်တွေက စိုင်းစိုင်းတစ်ယောက်ဘုရားကို ချစ်သူနဲ့အတူတူသွားတာလားလို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် စိုင်းစိုင်းက မကြာခင်က သူ့ရဲ့လူမှုကွန်ယက်မှာ “အသည်းတွေလည်းကွဲပါတယ်”ဆိုတဲ့ status လေးတင်ထားခဲ့သေးတာမို့ ပရိသတ်တွေက မျက်စိလည်သွားခဲ့ရပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပိုးမမှီသာကလည်း မြသိန်းတန်စေတီမှာ ရိုက်ထားတဲ့ ဓာတ်ပုံလှလှလေးတွေကို “ဒီပုံတွေအကုန်လုံးကို မင်းကွန်း မြသိန်းတန်ဘုရားက ၁၂ နှစ်အရွယ်ညီမလေးကဘဲ ရိုက်ပေးတာပါ သူလေးက pose ပါသင်ပေးသေးတာ”လို့ရေးပြီးတင်လာခဲ့ပြန်ပါတယ်။အဲဒီနောက် ပရိသတ်တွေကြားမှာ အဲဒီလိုတိုက်တိုက်ဆိုင်ဆိုင်နေရာရော အင်္ကျီအဝတ်အစားအရောင်ပါ ခပ်ဆင်ဆင်တူတဲ့ဓာတ်ပုံလေးတွေနဲ့ပတ်သက်ပြီး စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ မြသိန်းတန်စေတီကို အတူတူသွားခဲ့တာလား ချစ်သူတွေဖြစ်နေကြလားဆိုတဲ့ ကောလဟလမေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် စိုင်းစိုင်းက မနေ့ကပဲ သူ့ရဲ့လူမှုကွန်ယက်မှာ ပိုးမမှီသာနဲ့ဓာတ်ပုံတွေအကြောင်း ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ စိုင်းစိုင်းက အဲဒီဓာတ်ပုံတွေက ရုပ်ရှင်ရိုက်နေတုန်း ရိုက်ကူးရေးလုပ်နေစဉ်ဓာတ်ပုံတွေဖြစ်ကြောင်းရှင်းပြထားခဲ့ပြီး အဲဒီလိုကောလဟလတွေဖြစ်မှာစိုးတာကြောင့် ရုပ်ရှင်ရိုက်နေတုန်းဓာတ်ပုံမရိုက်ဖို့ပြောတာလို့လည်းသေချာရှင်းပြထားခဲ့ပါသေးတယ်။ စိုင်းစိုင်းက သူ့ရဲ့လူမှုကွန်ယက်ကနေ “ရုပ်ရှင်တူတူရိုက်နေတဲ့ပုံတွေကို လိုင်းပေါ်တင်ပြီး ဟိုလိုဒီလိုတွေရေးတာတော့ လွန်တာပေါ့ခင်ဗျာ …( ဒါမျိုးတွေကြောင့် ရိုက်ကွင်းမှာ ဓာတ်ပုံမရိုက်ဖို့တောင်းပန်တာလည်းဖြစ်ပါတယ် နားလည်မှုရှိစွာ ကူညီခဲ့ကြတဲ့ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ )”လို့ အဆင်မပြောတာကို ယဉ်ယဉ်ကျေးကျေးဖော်ပြပြီး ပရိသတ်တွေကိုလည်းကျေးဇူးတင်စကားပြောသွားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းနဲ့ ပိုးမမှီသာရဲ့ဓာတ်ပုံတွေနောက်က အဖြစ်မှန်ကိုသိလိုက်ရလို့ ဝမ်းနည်းသွားပြီလား။ စိုင်းစိုင်းနဲ့ ပိုးမမှီသာ အတွဲညီညီလက်တွဲရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးထွက်ရှိလာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

share from : nanmalgyi

LEAVE A REPLY