Zawgyi ျဖင့္ဖတ္ရန္

ဘရာဇီးလူမိုက္ဂိုဏ္းေခါင္းေဆာင္တစ္ဦးဟာ သူ႔ရဲ႕ ဆယ္ေက်ာ္သက္ သမီးျဖစ္သူ ေထာင္ဝင္စာ လာေတြ႕ခ်ိန္မွာ သမီးျဖစ္သူပုံစံ ဟန္ေဆာင္ၿပီး ေထာင္ကေန အလြတ္ထြက္ေျပးဖို႔ ႀကိဳးစားတာကို အခ်ိန္မီ အုပ္လိုက္ႏိုင္ၿပီး ဖမ္းဆီးလိုက္ႏိုင္ေၾကာင္း တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဂင္တိုလို႔ လူသိမ်ားတဲ့ လူမိုက္ဂိုဏ္းေခါင္းေဆာင္ ကလူဗီႏိုဟာ ရီယိုဒီဂ်ေနး႐ိုး အေနာက္ပိုင္းက အက်ဥ္းေထာင္ထဲကေန သမီးျဖစ္သူ အဝတ္အစားေတြကို ဝတ္ၿပီး ေထာင္ထဲက ထြက္ရဖို႔ ႀကိဳးစားေပမယ့္ သူ႔ရဲ႕ မလုံမလဲ အမူအရာေၾကာင့္ ေထာင္အျပင္ေတာင္ ေျခမခ်လိုက္ရဘဲ ေဖာ္ထုတ္ဖမ္းမိတာလို႔ အက်ဥ္းေထာင္တာဝန္ရွိသူေတြက ေျပာပါတယ္။

လူမိုက္ဂိုဏ္းေခါင္းေဆာင္ ဂင္တိုဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ သမီးကို ေထာင္ထဲမွာ အစားထိုး ထားရစ္ၿပီး ေထာင္က အလြတ္ထြက္ဖို႔ ႀကံစည္ပုံရပါတယ္။ စေနေန႔က ျဖစ္ပြားတဲ့ ဒီ မေအာင္ျမင္တဲ့ ေထာင္ေဖာက္မႈမွာ ဂင္တိုရဲ႕ သမီးကိုလည္း ႀကံရာပါ ျဖစ္ႏိုင္တယ္လို႔ ရဲက စစ္ေဆးလ်က္ ရွိပါတယ္။

ရီယိုဒီဂ်ေနး႐ိုး ျပည္နယ္အက်ဥ္းေထာင္ဦးစီးဌာနက ဂင္တို ဟန္ေဆာင္ၿပီး ဝတ္ခဲ့တဲ့ ကိုယ္က်ပ္ဂ်င္း၊ ေအာက္ခံအျဖစ္ ဝတ္လာတဲ့ ကာတြန္း႐ုပ္ပုံစံပါ ပန္းေရာင္တီရွပ္စတာေတြကို ထုတ္ေဖာ္ျပသပါတယ္။ ဒါအျပင္ ဆယ္ေက်ာ္သက္သမီးျဖစ္သူ ဟန္ေဆာင္ထားတဲ့ ဂင္တိုကို သံသယနဲ႔ စစ္ေမးေနတုန္းအခ်ိန္ ႐ိုက္ကူးထားတဲ့ ဗီဒီယိုကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

ဂင္တိုဦးစီးပဲ့ကိုင္ေနတဲ့ လူမိုက္ဂိုဏ္းဟာ Red Command ဂိုဏ္းျဖစ္ၿပီး ဘရာဇီးႏိုင္ငံရဲ႕ ထိတ္ထိတ္ႀကဲ ဂိုဏ္းေတြထဲက တစ္ဂိုဏ္းပဲျဖစ္ကာ ရီယိုျပည္နယ္ ေတာ္ေတာ္မ်ားမ်ားရဲ႕ မူးယစ္ေစ်းကြက္ကို ခ်ဳပ္ကိုင္ထားတာ ျဖစ္ပါတယ္။

Rf; The Guardian
Writer_ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

သမီးဖြစ်သူကို ထောင်ထဲ ထားခဲ့ပြီး သမီးပုံစံ ဟန်ဆောင်ကာ ထောင်ကနေ အလွတ်ပြေးဖို့ ကြိုးစားတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်

ဘရာဇီးလူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးဟာ သူ့ရဲ့ ဆယ်ကျော်သက် သမီးဖြစ်သူ ထောင်ဝင်စာ လာတွေ့ချိန်မှာ သမီးဖြစ်သူပုံစံ ဟန်ဆောင်ပြီး ထောင်ကနေ အလွတ်ထွက်ပြေးဖို့ ကြိုးစားတာကို အချိန်မီ အုပ်လိုက်နိုင်ပြီး ဖမ်းဆီးလိုက်နိုင်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂင်တိုလို့ လူသိများတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင် ကလူဗီနိုဟာ ရီယိုဒီဂျနေးရိုး အနောက်ပိုင်းက အကျဉ်းထောင်ထဲကနေ သမီးဖြစ်သူ အဝတ်အစားတွေကို ဝတ်ပြီး ထောင်ထဲက ထွက်ရဖို့ ကြိုးစားပေမယ့် သူ့ရဲ့ မလုံမလဲ အမူအရာကြောင့် ထောင်အပြင်တောင် ခြေမချလိုက်ရဘဲ ဖော်ထုတ်ဖမ်းမိတာလို့ အကျဉ်းထောင်တာဝန်ရှိသူတွေက ပြောပါတယ်။

လူမိုက်ဂိုဏ်းခေါင်းဆောင် ဂင်တိုဟာ အသက် ၁၉ နှစ်အရွယ် သမီးကို ထောင်ထဲမှာ အစားထိုး ထားရစ်ပြီး ထောင်က အလွတ်ထွက်ဖို့ ကြံစည်ပုံရပါတယ်။ စနေနေ့က ဖြစ်ပွားတဲ့ ဒီ မအောင်မြင်တဲ့ ထောင်ဖောက်မှုမှာ ဂင်တိုရဲ့ သမီးကိုလည်း ကြံရာပါ ဖြစ်နိုင်တယ်လို့ ရဲက စစ်ဆေးလျက် ရှိပါတယ်။

ရီယိုဒီဂျနေးရိုး ပြည်နယ်အကျဉ်းထောင်ဦးစီးဌာနက ဂင်တို ဟန်ဆောင်ပြီး ဝတ်ခဲ့တဲ့ ကိုယ်ကျပ်ဂျင်း၊ အောက်ခံအဖြစ် ဝတ်လာတဲ့ ကာတွန်းရုပ်ပုံစံပါ ပန်းရောင်တီရှပ်စတာတွေကို ထုတ်ဖော်ပြသပါတယ်။ ဒါအပြင် ဆယ်ကျော်သက်သမီးဖြစ်သူ ဟန်ဆောင်ထားတဲ့ ဂင်တိုကို သံသယနဲ့ စစ်မေးနေတုန်းအချိန် ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဂင်တိုဦးစီးပဲ့ကိုင်နေတဲ့ လူမိုက်ဂိုဏ်းဟာ Red Command ဂိုဏ်းဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲဖြစ်ကာ ရီယိုပြည်နယ် တော်တော်များများရဲ့ မူးယစ်ဈေးကွက်ကို ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

Writer_မောင်သံဆင့်(XYZ News)

LEAVE A REPLY