Zawgyi ျဖင့္ဖတ္ရန္

 

တခါတုန္းက တေနရာစီကြဲေနၾကၿပီး အရမ္းခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ေယာက္ရွိၾကပါတယ္ သူတို႔ႏွစ္ေယာက္ဟာ တစ္ဦးကိုတစ္ဦးအရမ္းခ်စ္ၾကတယ္ေလ ႏွစ္နာရီတစ္ခါ ဖုန္းနဲ႔ျဖစ္ေစ message နဲ႔ျဖစ္ေစ အြန္လိုင္းေပၚကျဖစ္ေစ အဆက္အသြယ္အၿမဲရွိေနခဲ့ၾကပါတယ္ တစ္ဦးကိုတစ္ဦးလည္းနားလည္ေပးျခင္းမ်ားစြာနဲ႔ေပါ့။

ဒါေပမယ့္ တေန႔မွာေတာ့ သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ၾကားထဲကို မေမွ်ာ္လင့္ပဲ မုန္တိုင္းတစ္ခုဝင္လာပါေတာ့တယ္ အဲဒိမုန္တိုင္းကို ဖန္တီးလိုက္သူကေတာ့ ေကာင္မေလးပါပဲ သူမက အြန္လိုင္းေပၚမွာ လာက်ဴတဲ့ေကာင္ေလးတစ္ေယာက္ကို စခ်င္ေနာက္ခ်င္တဲ့စိတ္နဲ႔ ျပန္က်ဴလိုက္မိရာကေန ဇာတ္လမ္းကေလးျဖစ္သြားတာပါ။ ေကာင္မေလးဟာ တျဖည္းျဖည္း ဒုတိရ ရီးစားေကာင္ေလးအေပၚမွာ စိတ္ဝင္စားမႈပိုပိုလာခဲ့ပါတယ္။သူမရဲ႕ ငယ္႐ြယ္မႈ(မရင့္ၾကတ္ေသးတဲ့စိတ္)ကလည္း ဒါကိုအားေပးေနခဲ့တာပါ။ဒီလိုနဲ႔ ေကာင္မေလးဟာ ေကာင္ေလးအေပၚမွာ ဆက္ဆံမႈေတြက တေျဖးေျဖးေသြးေအးလာခဲ့ပါေတာ့တယ္။

ေကာင္ေလးကလည္း ခ်က္ခ်င္းဆိုသလိုရိပ္မိတာပါပဲ။ဒါေပမယ့္ သူနားလည္ေပးလိက္ပါတယ္။သူမေပ်ာ္ေနတာကိုၾကည့္ရင္း သူလည္းေပ်ာ္႐ႊင္ေနခဲ့မိပါတယ္ (ရင္ထဲမွာေတာ့ ငိုေႂကြးေနမွာေပါ့ေလ) ဒီလိုနဲ႔ တေန႔မွာေတာ့ ေကာင္မေလးက အြန္လိုင္းေပၚမွာေရာ message box မွာေရာ ေျပာက္ေနခဲ့ပါေတာ့တယ္။ဖုန္းဆက္ေတာ့လည္း ပိတ္ထားတယ္တဲ့။ ေကာင္ေလးအရမ္းစိတ္ပူေနပါၿပီ။ အေဝးေရာက္ေနတဲ့ ခ်စ္သူနဲ႔ တေနကုန္အဆက္အသြယ္မရတာလဲ ဒါပထမဆုံးအႀကိမ္ပဲေလ။သူစဥ္းစားမိတာေလးတစ္ခုရွိတာနဲ႔ ေကာင္မေလး အေကာင့္ကို ဟတ္ကာတေယာက္အကူအညီနဲ႔ password ရေအာင္ယူထားလိုက္ပါတယ္။

ညေရာက္ေတ့ာ ေကာင္မေလး အြန္လိုင္းေပၚတက္လာခဲ့ပါတယ္။ သူမ အဖြားေဆး႐ုံတက္ရလို႔ သူမ ဖုန္းပိတ္ၿပီးေဆး႐ုံေစာင့္ရေၾကာင္းေျပာျပေတာင္းပန္ပါတယ္။ေကာင္ေလးလဲ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနေပးလိုက္ၿပီး သူမခ်က္ေဘာက္ထဲဝင္စစ္ၾကည့္ပါေတာ့တယ္။ အဲဒီမွာ ေကာင္မေလးက သူနဲ႔ ေျပာေနရင္းက လင္းျမတ္ဆိုတဲ့တျခားေကာင္ေလးနဲ႔လည္း ေျပာေနတာကိုေတြ႕ရပါတယ္ အရင္ေျပာေနတာေတြျပန္စစ္လိုက္ေတာ့ ဒီေန႔သူတို႔ခ်ိန္းထားတာကိုေတြ႕ပါေလေရာ။ေကာင္ေလးလဲဘာမွမေျပာေသးပဲ ဆက္ဟန္ေဆာင္ေနလိုက္ပါတယ္။ အဲဒီမွာ ေကာင္မေလးနဲ႔ လင္းျမတ္နဲ႔ ဆက္ေျပာေနတာေတြ ေတြ႕ရေတာ့ ေကာင္ေလးေခါင္းေတြအႀကီးႀကီးျဖစ္သြားရပါေတာ့တယ္။

သူတို႔ဒီေန႔ခ်ိန္းေတြ႕ရင္း ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ေကာင္ေလးသိလိုက္ရတာကိုး။ ေကာင္ေလး ဆက္ဖတ္ႏိုင္တဲ့ အင္အားမရွိေတာ့သလိုမတ္တတ္ရပ္ႏႈိင္စြမ္းလည္းမရွိေတာ့ပါဘူး။ မ်က္ရည္မ်ားနဲ႔ေဝဝါးေနတဲ့ မ်က္လုံးေတြကို စြတ္ပိတ္ထားလိုက္ရပါေတာ့တယ္။ သူဘဝအတြက္ အဲဒီအခိုက္အတန႔္ဟာ ကမာၻပ်က္သြားသလို အရာအားလုံးလဲ ေပ်ာက္ဆုံးသြားခ့တာပါ။ ေကာင္ေလးဟာ အားတင္းၿပီး သူငယ္ခ်င္း ဟက္ကာကိုအကူအညီလွမ္းေတာင္းလိုက္ပါတယ္ လင္းျမတ္ရဲ႕ အေကာင့္ password ကို ယူေပးဖို႔ပါ။ သူငယ္ခ်င္းအကူအညီနဲ႔ password ရတာနဲ႔ ေကာင္ေလးက လင္းျမတ္ရဲ႕ အေကာင့္ထဲကိုဝင္ၾကည့္လိုက္ပါတယ္။ ဘုရားဘုရား ။ေကာင္ေလးတကယ္ ဘုရားတသြားရပါေတာ့တယ္ လင္းျမတ္က လူေပြလူရႈပ္တစ္ေယာက္ဆိုတာ သူသိလိုက္ရလို႔ပါပဲ။ သူအမ်ိဳးမ်ိဳးစဥ္းစားရပါေတာ့တယ္။ သူမကိုစြန႔္လႊတ္ႏႈိင္သလားေမးလိုက္တာနဲ႔သူႏွလုံးသားေလးက နာက်င္စြာ ေခါင္းယမ္းျပပါတယ္။ သူဆုံးျဖတ္ခ်က္တခုကို ပိုင္ပိုင္ႏိုင္ႏိုင္ခ်လိုက္ၿပီး ေကာင္မေလးရွိတဲ့ ၿမိဳ႕ကို ထြက္ခြာခဲ့ပါေတာ့တယ္။

ေကာင္ေလးက လင္းျမတ္အေကာင့္နဲ႔ ေကာင္မေလးကိုဆက္သြယ္လိုက္ၿပီး ဟိုတယ္တစ္ခုရဲ႕ အခန္းနံပါတ္တစ္ခုမွာ ခ်ိန္းဆိုလိုက္ပါတယ္။ ေကာင္မေလးကလာမယ္ေျပာၿပီး out သြားခ်ိန္မွာပဲ သူပို႔ထားတဲ့ ေျခရာလက္ရာေတြဖ်က္ၿပီး ေကာင္မေလးအေကာင့္ထဲဝင္ ေကာင္မေလးဟန္နဲ႔ လင္းျမတ္ကိုလည္း အဲဒီေနရာအဲဒီ အခန္းကိုပဲ ခ်ိန္းဆိုလိုက္ပါတယ္။

ခ်ိန္းဆိုထားတဲ့အခ်ိန္ေရာက္ေတ့ ေကာင္ေလးက အခန္းထဲမွာပဲ ပုန္းေအာင္းေနခဲ့ပါတယ္။ လင္းျမတ္က အရင္ေရာက္လာခဲ့ၿပီး ငါးမိနစ္ေလာက္အၾကာမွာ ေကာင္မေလးေရာက္လာခဲ့ပါတယ္ သူတို႔ ခ်စ္တင္းေႏွာေနခ်ိန္မွာပဲ ေကာင္ေလးက ပုန္းေနရာကထြက္လာလိုက္ပါေတာ့တယ္။သူ႔လက္ထဲမွာေတာ့ စာခ်ဳပ္တစ္ေစာင္ရယ္ ဖုန္းတစ္လုံးရယ္ကိုင္လို႔။ လင္းျမတ္နဲ႔ေကာင္မေလးအံ့အားသင့္ေနခ်ိန္မွာပဲ ေကာင္ေလးကေျပာလိုက္ပါတယ္။

ဒီမွာလင္းျမတ္ သူမကငါ့ခ်စ္သူဆိုေပမယ့္ မင္းနဲ႔လြန္က်ဴးသြားၿပီျဖစ္တဲ့အတြက္မင္းလက္ထပ္ပါ ငါသူ႔မိဘေတြနဲ႔ လူႀကီးေတြကို ဖုန္းဆက္ထားပီးၿပီ မင္းတို႔ တရား႐ုံးမွာ တစ္ခါတည္း စာခ်ဳပ္ခ်ဳပ္သြားပါလို႔ေျပာလိုက္ပါတယ္။ အဲဒီမွာ လင္းျမတ္က ျငင္းပါေတာ့တယ္ သူလက္မထပ္ႏႈိင္ဘူး ဘာညာေပါ့။ ဒါေပမယ့္ ေကာင္ေလးက အမွန္တကယ္ဖုန္းဆက္ပီးအေၾကာင္းၾကားထားတာပါ။ ခဏအတြင္းမွာပဲ အခန္းတံခါးေခါက္သံနဲ႔အတူ ေကာင္မေလးမိဘမ်ားနဲ႔ ရက္ကြက္လူႀကီးေတြေရာက္လာခဲ့ပါေတာ့တယ္။ လင္းျမတ္လဲ ျငင္းလို႔မရေတာ့ပဲ ေကာင္မေလးကို လက္ထပ္လိုက္ရပါေတာ့တယ္။ ေကာင္မေလးကေတာ့ ရွက္တာေရာ ေၾကာက္တာေရာေၾကာင့္ ဘာတစ္ခုမွမေျပာေတာ့ပဲ ေခါင္းသာငုံ႔ေနပါေတာ့တယ္ ေကာင္ေလးက ေကာင္မေလးကိုၾကည့္ၿပီး မ်က္ရည္ေတြၾကားက စကားတစ္ခြန္းေျပာလိုက္ပါေတာ့တယ္-“သစၥာမရွိတဲ့ နင့္ကို သစၥာမဲ့သူလက္ထဲ ထဲ့ေပးလိုက္တာ ငါ့ရဲ႕ အႀကီးဆုံးလက္စားေခ်ျခင္းပဲ” တဲ့

Credit: Orginal Author

Unicode ဖြင့်ဖတ်ရန်

သစ္စာမရှိတဲ့သူအတွက် အကြီးမားဆုံးလက်စားချေခြင်း

တခါတုန်းက တနေရာစီကွဲနေကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိကြပါတယ် သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတယ်လေ နှစ်နာရီတစ်ခါ ဖုန်းနဲ့ဖြစ်စေ message နဲ့ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အဆက်အသွယ်အမြဲရှိနေခဲ့ကြပါတယ် တစ်ဦးကိုတစ်ဦးလည်းနားလည်ပေးခြင်းများစွာနဲ့ပေါ့။

ဒါပေမယ့် တနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ကြားထဲကို မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုဝင်လာပါတော့တယ် အဲဒိမုန်တိုင်းကို ဖန်တီးလိုက်သူကတော့ ကောင်မလေးပါပဲ သူမက အွန်လိုင်းပေါ်မှာ လာကျူတဲ့ကောင်လေးတစ်ယောက်ကို စချင်နောက်ချင်တဲ့စိတ်နဲ့ ပြန်ကျူလိုက်မိရာကနေ ဇာတ်လမ်းကလေးဖြစ်သွားတာပါ။ ကောင်မလေးဟာ တဖြည်းဖြည်း ဒုတိရ ရီးစားကောင်လေးအပေါ်မှာ စိတ်ဝင်စားမှုပိုပိုလာခဲ့ပါတယ်။သူမရဲ့ ငယ်ရွယ်မှု(မရင့်ကြတ်သေးတဲ့စိတ်)ကလည်း ဒါကိုအားပေးနေခဲ့တာပါ။ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေးအပေါ်မှာ ဆက်ဆံမှုတွေက တဖြေးဖြေးသွေးအေးလာခဲ့ပါတော့တယ်။

ကောင်လေးကလည်း ချက်ချင်းဆိုသလိုရိပ်မိတာပါပဲ။ဒါပေမယ့် သူနားလည်ပေးလိက်ပါတယ်။သူမပျော်နေတာကိုကြည့်ရင်း သူလည်းပျော်ရွှင်နေခဲ့မိပါတယ် (ရင်ထဲမှာတော့ ငိုကြွေးနေမှာပေါ့လေ) ဒီလိုနဲ့ တနေ့မှာတော့ ကောင်မလေးက အွန်လိုင်းပေါ်မှာရော message box မှာရော ပြောက်နေခဲ့ပါတော့တယ်။ဖုန်းဆက်တော့လည်း ပိတ်ထားတယ်တဲ့။ ကောင်လေးအရမ်းစိတ်ပူနေပါပြီ။ အဝေးရောက်နေတဲ့ ချစ်သူနဲ့ တနေကုန်အဆက်အသွယ်မရတာလဲ ဒါပထမဆုံးအကြိမ်ပဲလေ။သူစဉ်းစားမိတာလေးတစ်ခုရှိတာနဲ့ ကောင်မလေး အကောင့်ကို ဟတ်ကာတယောက်အကူအညီနဲ့ password ရအောင်ယူထားလိုက်ပါတယ်။

ညရောက်တေ့ာ ကောင်မလေး အွန်လိုင်းပေါ်တက်လာခဲ့ပါတယ်။ သူမ အဖွားဆေးရုံတက်ရလို့ သူမ ဖုန်းပိတ်ပြီးဆေးရုံစောင့်ရကြောင်းပြောပြတောင်းပန်ပါတယ်။ကောင်လေးလဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေးလိုက်ပြီး သူမချက်ဘောက်ထဲဝင်စစ်ကြည့်ပါတော့တယ်။ အဲဒီမှာ ကောင်မလေးက သူနဲ့ ပြောနေရင်းက လင်းမြတ်ဆိုတဲ့တခြားကောင်လေးနဲ့လည်း ပြောနေတာကိုတွေ့ရပါတယ် အရင်ပြောနေတာတွေပြန်စစ်လိုက်တော့ ဒီနေ့သူတို့ချိန်းထားတာကိုတွေ့ပါလေရော။ကောင်လေးလဲဘာမှမပြောသေးပဲ ဆက်ဟန်ဆောင်နေလိုက်ပါတယ်။ အဲဒီမှာ ကောင်မလေးနဲ့ လင်းမြတ်နဲ့ ဆက်ပြောနေတာတွေ တွေ့ရတော့ ကောင်လေးခေါင်းတွေအကြီးကြီးဖြစ်သွားရပါတော့တယ်။

သူတို့ဒီနေ့ချိန်းတွေ့ရင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးသိလိုက်ရတာကိုး။ ကောင်လေး ဆက်ဖတ်နိုင်တဲ့ အင်အားမရှိတော့သလိုမတ်တတ်ရပ်နှိုင်စွမ်းလည်းမရှိတော့ပါဘူး။ မျက်ရည်များနဲ့ဝေဝါးနေတဲ့ မျက်လုံးတွေကို စွတ်ပိတ်ထားလိုက်ရပါတော့တယ်။ သူဘဝအတွက် အဲဒီအခိုက်အတန့်ဟာ ကမ္ဘာပျက်သွားသလို အရာအားလုံးလဲ ပျောက်ဆုံးသွားခ့တာပါ။ ကောင်လေးဟာ အားတင်းပြီး သူငယ်ချင်း ဟက်ကာကိုအကူအညီလှမ်းတောင်းလိုက်ပါတယ် လင်းမြတ်ရဲ့ အကောင့် password ကို ယူပေးဖို့ပါ။ သူငယ်ချင်းအကူအညီနဲ့ password ရတာနဲ့ ကောင်လေးက လင်းမြတ်ရဲ့ အကောင့်ထဲကိုဝင်ကြည့်လိုက်ပါတယ်။ ဘုရားဘုရား ။ကောင်လေးတကယ် ဘုရားတသွားရပါတော့တယ် လင်းမြတ်က လူပွေလူရှုပ်တစ်ယောက်ဆိုတာ သူသိလိုက်ရလို့ပါပဲ။ သူအမျိုးမျိုးစဉ်းစားရပါတော့တယ်။ သူမကိုစွန့်လွှတ်နှိုင်သလားမေးလိုက်တာနဲ့သူနှလုံးသားလေးက နာကျင်စွာ ခေါင်းယမ်းပြပါတယ်။ သူဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ကောင်မလေးရှိတဲ့ မြို့ကို ထွက်ခွာခဲ့ပါတော့တယ်။

ကောင်လေးက လင်းမြတ်အကောင့်နဲ့ ကောင်မလေးကိုဆက်သွယ်လိုက်ပြီး ဟိုတယ်တစ်ခုရဲ့ အခန်းနံပါတ်တစ်ခုမှာ ချိန်းဆိုလိုက်ပါတယ်။ ကောင်မလေးကလာမယ်ပြောပြီး out သွားချိန်မှာပဲ သူပို့ထားတဲ့ ခြေရာလက်ရာတွေဖျက်ပြီး ကောင်မလေးအကောင့်ထဲဝင် ကောင်မလေးဟန်နဲ့ လင်းမြတ်ကိုလည်း အဲဒီနေရာအဲဒီ အခန်းကိုပဲ ချိန်းဆိုလိုက်ပါတယ်။

ချိန်းဆိုထားတဲ့အချိန်ရောက်တေ့ ကောင်လေးက အခန်းထဲမှာပဲ ပုန်းအောင်းနေခဲ့ပါတယ်။ လင်းမြတ်က အရင်ရောက်လာခဲ့ပြီး ငါးမိနစ်လောက်အကြာမှာ ကောင်မလေးရောက်လာခဲ့ပါတယ် သူတို့ ချစ်တင်းနှောနေချိန်မှာပဲ ကောင်လေးက ပုန်းနေရာကထွက်လာလိုက်ပါတော့တယ်။သူ့လက်ထဲမှာတော့ စာချုပ်တစ်စောင်ရယ် ဖုန်းတစ်လုံးရယ်ကိုင်လို့။ လင်းမြတ်နဲ့ကောင်မလေးအံ့အားသင့်နေချိန်မှာပဲ ကောင်လေးကပြောလိုက်ပါတယ်။

ဒီမှာလင်းမြတ် သူမကငါ့ချစ်သူဆိုပေမယ့် မင်းနဲ့လွန်ကျူးသွားပြီဖြစ်တဲ့အတွက်မင်းလက်ထပ်ပါ ငါသူ့မိဘတွေနဲ့ လူကြီးတွေကို ဖုန်းဆက်ထားပီးပြီ မင်းတို့ တရားရုံးမှာ တစ်ခါတည်း စာချုပ်ချုပ်သွားပါလို့ပြောလိုက်ပါတယ်။ အဲဒီမှာ လင်းမြတ်က ငြင်းပါတော့တယ် သူလက်မထပ်နှိုင်ဘူး ဘာညာပေါ့။ ဒါပေမယ့် ကောင်လေးက အမှန်တကယ်ဖုန်းဆက်ပီးအကြောင်းကြားထားတာပါ။ ခဏအတွင်းမှာပဲ အခန်းတံခါးခေါက်သံနဲ့အတူ ကောင်မလေးမိဘများနဲ့ ရက်ကွက်လူကြီးတွေရောက်လာခဲ့ပါတော့တယ်။ လင်းမြတ်လဲ ငြင်းလို့မရတော့ပဲ ကောင်မလေးကို လက်ထပ်လိုက်ရပါတော့တယ်။ ကောင်မလေးကတော့ ရှက်တာရော ကြောက်တာရောကြောင့် ဘာတစ်ခုမှမပြောတော့ပဲ ခေါင်းသာငုံ့နေပါတော့တယ် ကောင်လေးက ကောင်မလေးကိုကြည့်ပြီး မျက်ရည်တွေကြားက စကားတစ်ခွန်းပြောလိုက်ပါတော့တယ်-“သစ္စာမရှိတဲ့ နင့်ကို သစ္စာမဲ့သူလက်ထဲ ထဲ့ပေးလိုက်တာ ငါ့ရဲ့ အကြီးဆုံးလက်စားချေခြင်းပဲ” တဲ့

Credit: Orginal Author

LEAVE A REPLY