Zawgyi ျဖင့္ဖတ္ရန္

မိုးသည္းထန္စြာ႐ြာသြန္း၍ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေသာေၾကာင့္ ဇူလိုင္လ ကုန္ပိုင္းမွစ၍ ဩဂုတ္လ ၂ရက္ထိ ေကာက္ယူထားေသာစာရင္းမ်ားအရ တစ္ႏိုင္ငံလုံး တြင္ စာသင္ေက်ာင္းေပါင္း ၈၀၀ ေက်ာ္ ယာယီပိတ္ထားရေၾကာင္း အေျခခံပညာဦးစီးဌာနထံမွ သိရသည္။

ေရႀကီး၍ မႏၲေလးတိုင္းတြင္ မူလတန္းေက်ာင္း ၁၅၃ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၇၀ ၊ အထက္တန္းေက်ာင္း ၃၅ ေက်ာင္း စုစုေပါင္း ၂၅၈ ေက်ာင္း၊ စစ္ကိုင္းတိုင္းတြင္
မူလတန္းေက်ာင္း ၄၃ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၆၀၊ အထက္တန္းေက်ာင္း ၂၁ ေက်ာင္း စုစုေပါင္း ၁၂၄ ေက်ာင္း ပိတ္ထားရေၾကာင္း အဆိုပါစာရင္းအရ သိရွိရသည္။

ထို႔ျပင္ မေကြးတိုင္းတြင္ မူလတန္းေက်ာင္း ၆၂ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၃၇ ေက်ာင္း၊ အထက္တန္းေက်ာင္း ၁၀ ေက်ာင္း စုစုေပါင္း ၁၀၉ ေက်ာင္း၊ ရခိုင္ျပည္ န
ယ္တြင္ မူလတန္းေက်ာင္း ၈၂ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၇၇ ေက်ာင္း၊ အထက္ တန္းေက်ာင္း ၂၄ ေက်ာင္း စုစုေပါင္း ၁၈၃ ေက်ာင္း ပိတ္ထားရသည္။

ကခ်င္ျပည္နယ္တြင္ မူလတန္းေက်ာင္း ၅၄ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၃၆ ေက်ာင္း၊ အထက္တန္းေက်ာင္း ၁၅ ေက်ာင္း စုစုေပါင္း ၁၀၅ ေက်ာင္း ပိတ္ထားရၿပီး တ
စ္ႏိုင္ငံလုံးတြင္ ယင္းျပည္နယ္ႏွင့္ တိုင္း ၅ ခုတို႔သည္ ေရႀကီးမႈေၾကာင့္ ေက်ာင္းအမ်ားဆုံးပိတ္ထားရေၾကာင္း အေျခခံပညာဦးစီးဌာန ေနျပည္ေတာ္႐ုံးထံမွ သိရသည္။

အျခားျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕တြင္ ေရႀကီးေသာ္လည္း ေက်ာင္းမ်ားပိတ္ရျခင္းမရွိဘဲ ဧရာဝတီ၊ ပဲခူးႏွင့္ မြန္ျပည္နယ္တို႔တြင္သာ ေက်ာင္းအနည္းငယ္ပိတ္ထားျခင္းမ်ားရွိၿ
ပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စာသင္ေက်ာင္းေပါင္း ၈၁၇ ေက်ာင္း ပိတ္ထားရၿပီး၊ ၿပီးခဲ့သည့္ရက္ပိုင္းက ထပ္တိုးပိတ္ရသည့္ေက်ာင္းမ်ား စာရင္းမရေသး၍ မ
ပါဝင္ေသးေၾကာင္း ယင္းဌာနထံမွ သိရွိရသည္။

အခ်ိဳ႕ေနရာမ်ားတြင္လည္း ေရျပန္က်၍ ျပန္ဖြင့္သည္မ်ား ရွိေသာေၾကာင့္ စာရင္းတည္ၿငိမ္မႈမရွိေၾကာင္း၊ ယခင္ႏွစ္မ်ားက ေရႀကီးေရလွ်ံမႈေၾကာင့္ ျပည္နယ္ႏွ
င့္ တိုင္းအခ်ိဳ႕တြင္ အေျခခံပညာေက်ာင္းမ်ား ၉၀၀ နီးပါး ယာယီပိတ္ထားေပးခဲ့ရေၾကာင္း အေျခခံပညာဦးစီးဌာနထံမွ သိရွိရသည္။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

ရေကြီး၍ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်း ၈၀၀ ကျော် ယာယီပိတ်ထား

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်သောကြောင့် ဇူလိုင်လ ကုန်ပိုင်းမှစ၍ ဩဂုတ်လ ၂ရက်ထိ ကောက်ယူထားသောစာရင်း
များအရ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းပေါင်း ၈၀၀ ကျော် ယာယီပိတ်ထားရကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ရေကြီး၍ မန္တလေးတိုင်းတွင် မူလတန်းကျောင်း ၁၅၃ ကျောင်း၊ အလယ်တန်းကျောင်း ၇၀ ၊ အထက်တန်းကျောင်း ၃၅ ကျောင်း စုစုပေါင်း
၂၅၈ ကျောင်း၊ စစ်ကိုင်းတိုင်းတွင် မူလတန်းကျောင်း ၄၃ ကျောင်း၊ အလယ်တန်းကျောင်း ၆၀၊ အထက်တန်းကျောင်း ၂၁ ကျောင်း စုစုပေါင်း
၁၂၄ ကျောင်း ပိတ်ထားရကြောင်း အဆိုပါစာရင်းအရ သိရှိရသည်။

ထို့ပြင် မကွေးတိုင်းတွင် မူလတန်းကျောင်း ၆၂ ကျောင်း၊ အလယ်တန်းကျောင်း ၃၇ ကျောင်း၊ အထက်တန်းကျောင်း ၁၀ ကျောင်း စုစုပေါင်း
၁၀၉ ကျောင်း၊ ရခိုင်ပြည် နယ်တွင် မူလတန်းကျောင်း ၈၂ ကျောင်း၊ အလယ်တန်းကျောင်း ၇၇ ကျောင်း၊ အထက် တန်းကျောင်း ၂၄
ကျောင်း စုစုပေါင်း ၁၈၃ ကျောင်း ပိတ်ထားရသည်။

ကချင်ပြည်နယ်တွင် မူလတန်းကျောင်း ၅၄ ကျောင်း၊ အလယ်တန်းကျောင်း ၃၆ ကျောင်း၊ အထက်တန်းကျောင်း ၁၅ ကျောင်း စုစုပေါင်း ၁
၀၅ ကျောင်း ပိတ်ထားရပြီး တစ်နိုင်ငံလုံးတွင် ယင်းပြည်နယ်နှင့် တိုင်း ၅ ခုတို့သည် ရေကြီးမှုကြောင့် ကျောင်းအများဆုံးပိတ်ထားရကြောင်း
အခြေခံပညာဦးစီးဌာန နေပြည်တော်ရုံးထံမှ သိရသည်။

အခြားပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီးသော်လည်း ကျောင်းများပိတ်ရခြင်းမရှိဘဲ ဧရာဝတီ၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင်သာ ကျောင်းအ
နည်းငယ်ပိတ်ထားခြင်းများရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ကျောင်းပေါင်း ၈၁၇ ကျောင်း ပိတ်ထားရပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက
ထပ်တိုးပိတ်ရသည့်ကျောင်းများ စာရင်းမရသေး၍ မပါဝင်သေးကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အချို့နေရာများတွင်လည်း ရေပြန်ကျ၍ ပြန်ဖွင့်သည်များ ရှိသောကြောင့် စာရင်းတည်ငြိမ်မှုမရှိကြောင်း၊ ယခင်နှစ်များက ရေကြီးရေလျှံမှုကြောင့်
ပြည်နယ်နှင့် တိုင်းအချို့တွင် အခြေခံပညာကျောင်းများ ၉၀၀ နီးပါး ယာယီပိတ်ထားပေးခဲ့ရကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

share from : xyznews

LEAVE A REPLY