Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သဘောင်္အပျက်ကြီးထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းဝိုင်ဟာ ဝယ်ယူသူတွေစိတ်ဝင်စားမယ့် ရှေးဟောင်းပစ္စည်းအဖြစ်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
သို့ပေမယ့်လဲ ကျွမ်းကျင်ပညာရှင်များကတော့ အဆိုပါဝိုင်ရဲ့ ပြင်းအားဟာ သံသရဖြစ်ဖွယ်ရှိနေပါတယ်လို့ သတိပေးထားပါတယ်။
-၂၀၁၀ခုနှစ်မှာ ရှေးဟောင်းဝိုင်ပုလင်းတွေကို ဂျာမန်ပင်လယ်ကမ်းခြေက သင်္ဘောအပျက်ကြီးတစ်ခုမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။
-ကျွမ်းကျင်ပညာရှင်တွေက အဆိုပါဝိုင်ပုလင်းတွေကို ၁၆၇၀ ခုနှစ်ကနေ ၁၆၉၀ခုနှစ်အတွင်းထုတ်လုပ်ခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။
-Christieရဲ့ အဆိုပါဝိုင်ပုလင်းတွေကို လေလံပစ္စည်းတွေရောင်းတဲ့အိမ်မှာ ဝယ်ယူသူလေမကြာခင်စိတ်ဝင်စားလာကြမှာပဲဖြစ်ပါတယ်။
-သို့ပေမယ့်လဲ အဆိုပါဝိုင်တွေကို သောက်သုံးလို့မရနိုင်ဘူလို့လဲ ကျွမ်းကျင်သူတွေကပြောထားပါသေးတယ်။ Christie ရဲ့သက်တမ်း၃၀၀ကျော်ရှိ တဲ့အဆိုပါ ဝိုင်ပုလင်းတွေကို လန်ဒန်မှာမကြာခင်လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
လေလံအိမ်ကပြောကြားတာကတော့ အဆိုပါရှေးဟောင်းဝိုင်ပုလင်းတွေဟာ သက်တမ်းအရင့်ဆုံးဝိုင်ပုလင်းတွေဖြစ်ပြီး ကျွမ်းကျင်သူတွေပြောကြားချက်အရ ၁၆၇၀ ခုနှစ်ကြားကနေ ၁၆၉၀အတွင်းထုတ်လုပ်ခဲ့တာဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။
ဝိုင်ပုလင်းတွေရဲ့ဇာတ်ကြောင်းကတော့ ၂၀၁၀ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ် Christie ပြောကြားတာကတော့ ဂျာမန်ကမ်းခြေကပင်လယ်ရေေ အာက်ကြမ်းပြင်မှာရှိတဲ့ သင်္ဘောအပျက်ကိုရှာဖွေရှင်းလင်းခဲ့တာဖြစ်ပါတယ်လို့ပြောပါတယ်။ရေအောက်ပေအနက်၄၀မီတာ (၁၃၁ပေ)လောက်မှာ ပျ က်ဆီးနေတဲ့သင်္ဘောကြီးကို ရေငုတ်သမားတွေကတွေ့ရှိခဲ့ တာပါ။
ရွံ့တွေထဲနှစ်မြုပ်နေတဲ့ ခြင်းတောင်းအဟောင်းကြီးထဲမှာ ရှေးဟောင်းပုလင်း၁၄လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ပုလင်းတွေရဲ့သက်တမ်းနဲ့ နူးညံ့တဲ့သဘာဝတွေေြ ကာင့် ပုလင်းတစ်လုံးဟာ တူးဖော်နေစဉ်အတွင်းကွဲသွားခဲ့ပါတယ်။ ဒီအချိန်အတောအတွင်းမှာပဲ စမ်းသပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အခြားပုလင်းတစ်လုံးကို ဖွင့်ခဲ့ပါတယ်။ Burguny တက္ကသိုလ်က ဝိုင်ပညာရှင်ဖြစ်တဲ့ ပါမောက္ခ Regis Gougeon ကစမ်းသပ်ခဲ့ပြီးနောက်မှာတော့ Christieရဲ့ website မှာတရားဝင်ရေးသားထုတ်ပြန်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့နောက်ဆုံးရလဒ် အဖြေကတော့ရရှိခဲ့ပါပြီ ဝိုင်ဟာစပျစ်သီးကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ သောက်သုံးစရာဖြစ်ပြီး တာတာရစ်အက်ဆ စ်ကိုရောစပ်ထားတာဖြစ်ပါတယ်” Gougeonကဆက်လက်ပြောကြားထားတာကတော့ ဝိုင်တွေဟာ”ရှေးကျတဲ့ဝိုင်တွေရဲ့ သဘောသဘာဝအရ သ စ်ခေါက်ဆိုးဆေးတွေကြွယ်ဝစွာပါဝင်နေပါတယ်” နောက်ပြီး Resveratrol(အန်ဒီအောက်ဆီးဒင့်)တွေပါဝင်ပါတယ် ဆိုလိုတာကတော့ ထို ပုလင်းတွေ ထဲကဝိုင်တွေဟာ”အရမ်းပြင်းတဲ့ဝိုင်နီတွေပါပဲ” Gougeonဆက်ပြောထားတာကတော့ “စိတ်ဝင်စားဖို့ကောင်းတာက aliphatic အက်ဆစ်အပြင် Latic အက်ဆစ်နဲ့ acetic အက်ဆစ်တို့လဲပါဝင်တဲ့အပြင်ကို ethanolအက်ဆစ်အနည်းငယ်လဲ ဝိုင်ထဲမှာကျန်ရှိနေပါသေးတယ်” ဝိုင်ပုလင်းတွေဟာ ၃၂,၉၄၂ဒေါ်လာကနေ ၃၈,၁၀၁ဒေါ်လာထိပေါက်ဈေးရှိပါတယ်။”
ဝယ်ယူမယ့်သူကိုလဲ ဘယ်သူကဝိုင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဆိုတဲ့ တရားဝင်အထောက်အထားကိုလဲ ပိုင်ရှင်ကပေးအပ်သွားမှာဖြစ်ပါတယ်လို့ ဖော်ြ ပထား ပါတယ်။ဝိုင်တွေကိုတက်နိုင်တဲ့သူဝယ်နိုင်ပါတယ် သို့ပေမယ့်ဒီပြင်းတဲ့ဝိုင်တွေကိုဇိမ်ခံသောက်သုံးမယ်ဆိုရင် ဒါကလုံးဝကိုကောင်းတဲ့အကြံမဟုတ်ပါဘူးလို့ Christieကပြောထားပါတယ်။ လေလံအိမ်ကလဲ မသောက်သုံးသင့်တဲ့အချက်တွေကိုညွှန်ပြထားပါတယ်။
“ဒီဝိုင်တွေဟာ သက်တမ်းအားဖြင့်အလွန်ကြာမြင့်နေပြီး အင်အားတိုးပွားစေတဲ့ဝိုင်မျိုးမဟုတ်လို့ပါပဲ ဝိုင်တွေရဲ့ သောက်သုံးနိုင်မှုဟာလဲ တိတိကျကျမသိရသေးပါ ဘူး သမိုင်းဆိုင်ရာတွေ ဝိုင်တဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့အချက်အလက်တွေနဲ့ အဖြေရှာဖြေရှင်းသင့်ပါတယ်” လို့ညွှန်ပြထားပါတယ်။
Writer –Min Thu (Daily Hot News)
LEAVE A REPLY