Zawgyi ျဖင့္ဖတ္ရန္

လူတုိင္း ညဘက္ေတြ အိပ္မေပ်ာ္တာမ်ိဳးၾကံဳဖူးၾကမွာပါ ။တစ္ခါတစ္ေလ အိပ္ယာေပၚမွာလွဲေနရင္း ဟုိဘက္လွိမ့္လိုက္ ဒီဘက္လွိမ့္လုိက္နဲ႕အိပ္လို႕မရတာမ်ိဳးေတြျဖစ္ဖူးၾကမွာပါ ။

ညဘက္အိပ္မေပ်ာ္တဲ့အခါမွာ တစ္ေန႕တာလံုး ကုိယ္ေရာ စိတ္ပါ မလန္းဆန္းပဲ ႏံုးေခြေနတတ္ပါတယ္။ ဒီေတာ့ အိပ္မရတဲ့အခါ ဘယ္လိုလုပ္ၾကမလဲ ။ သိုးေတြ ေရတာကုိေတာ့ေမ့ထားလုိက္ပါ ။ အခုစစ္သားေတြ နဲ႕ ေလယာဥ္ပုိင္းေလာ့ေတြဘယ္လိုလုပ္ေဆာင္ၾကသလဲဆိုတာကုိေျပာျပပါမယ္။

ဒီနည္းလမ္းဟာ ၂ မိနစ္အတြင္းအိပ္ေပ်ာ္သြားေစႏုိင္တယ္လုိ႕လည္း က်င့္သံုးသူေတြကိုယ္တုိင္ကေျပာထားပါတယ္ ။ Woman and Home မဂၢဇင္းမွ ေရးသားေဖာ္ျပခ်က္အရ ဒီနည္းလမ္းဟာ ၉၆ ရာခိုင္ႏႈန္းေအာင္ျမင္တဲ့နည္းလမ္းတစ္ခုလုိ႕လည္းသိရပါတယ္။ဒီေတာ့ ဒီနည္းလမ္းက ဘယ္လုိမ်ိဳးျဖစ္မလဲ ။ ဒီနည္းလမ္းမွာ အဆင့္ႏွစ္ဆင့္ပါဝင္ပါတယ္။ ပထမအဆင့္ကိုလုပ္ေဆာင္ဖုိ႕အတြက္ေတာ့ အိပ္ယာေပၚမွာလွဲေနတဲ့အခါ ၾကြက္သားအားလံုးကိုေျဖေလ်ာ့ထားပါ ။

လ်ာ ၊ ေမးရိုး နဲ႕ မ်က္လံုးအနားတစ္ဝိုက္ ၾကြက္သားေတြအပါအဝင္ ၾကြက္သားအားလံုးကို ေလ်ာ့ခ်လိုက္ပါ။ျပီးရင္ ပခံုး ၊ လက္ နဲ႕ ေျခေထာက္က ၾကြက္သားေတြကိုလည္းျဖစ္ႏုိင္သေလာက္ ေဖ်ာ့ပစ္လုိက္ပါ ။၁၀ စကၠန္႕ေလာက္ဒီအတုိင္းေနျပီးတဲ့အခါ ဒုတိယဆင့္ကုိလုပ္ေဆာင္ရပါမယ္။ ဒုတိယအဆင့္ကေတာ့ စိတ္ထဲမွာေတြးေတာေနတဲ့အရာအားလံုးကို ရွင္းပစ္ဖုိ႕ပါပဲ ။

စိတ္ပူေလာင္စရာ ၊ ေသာက ၊ ပူေဆြးစရာ ၊ မျပီးျပတ္ေသးတဲ့အလုပ္ကိစၥ အားလံုးကိုေမ့ထားျပီးေတာ့ စိတ္ကုိ ဗလာျဖစ္ေအာင္ထားလိုက္ပါ ။ မ်က္လံုးမွိတ္ထားျပီးေတာ့ ေကာင္းကင္ျပာၾကီးေအာက္က ကႏူးေလွေလးထဲမွာလဲွေနရသလုိခံစားပါ ။ ျပီးရင္ ေမွာင္မဲေနတဲ့အခန္းၾကီးတစ္ခုထဲေရာက္ေနတယ္လုိ႕ စိတ္ထဲမွာမွတ္ထားလိုက္ပါ ။ ျပီးရင္ ဘာမွမေတြးနဲ႕ေတာ့ ကုိယ့္ကုိယ္ကုိ ၁၀ စကၠန္႕ေလာက္ေျပာပါ ။ ဒီ ၁၀ စကၠန္႕အတြင္းမွာပဲ သင္အိပ္ေပ်ာ္သြားပါလိမ့္မယ္။

Credit: Min Thu

Unicode ဖြင့်ဖတ်ရန်

လူတိုင်း ညဘက်တွေ အိပ်မပျော်တာမျိုးကြုံဖူးကြမှာပါ ။တစ်ခါတစ်လေ အိပ်ယာပေါ်မှာလှဲနေရင်း ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့အိပ်လို့မရတာမျိုးတွေဖြစ်ဖူးကြမှာပါ ။

ညဘက်အိပ်မပျော်တဲ့အခါမှာ တစ်နေ့တာလုံး ကိုယ်ရော စိတ်ပါ မလန်းဆန်းပဲ နုံးခွေနေတတ်ပါတယ်။ ဒီတော့ အိပ်မရတဲ့အခါ ဘယ်လိုလုပ်ကြမလဲ ။ သိုးတွေ ရေတာကိုတော့မေ့ထားလိုက်ပါ ။ အခုစစ်သားတွေ နဲ့ လေယာဉ်ပိုင်းလော့တွေဘယ်လိုလုပ်ဆောင်ကြသလဲဆိုတာကိုပြောပြပါမယ်။

ဒီနည်းလမ်းဟာ ၂ မိနစ်အတွင်းအိပ်ပျော်သွားစေနိုင်တယ်လို့လည်း ကျင့်သုံးသူတွေကိုယ်တိုင်ကပြောထားပါတယ် ။ Woman and Home မဂ္ဂဇင်းမှ ရေးသားဖော်ပြချက်အရ ဒီနည်းလမ်းဟာ ၉၆ ရာခိုင်နှုန်းအောင်မြင်တဲ့နည်းလမ်းတစ်ခုလို့လည်းသိရပါတယ်။ဒီတော့ ဒီနည်းလမ်းက ဘယ်လိုမျိုးဖြစ်မလဲ ။ ဒီနည်းလမ်းမှာ အဆင့်နှစ်ဆင့်ပါဝင်ပါတယ်။ ပထမအဆင့်ကိုလုပ်ဆောင်ဖို့အတွက်တော့ အိပ်ယာပေါ်မှာလှဲနေတဲ့အခါ ကြွက်သားအားလုံးကိုဖြေလျော့ထားပါ ။

လျာ ၊ မေးရိုး နဲ့ မျက်လုံးအနားတစ်ဝိုက် ကြွက်သားတွေအပါအဝင် ကြွက်သားအားလုံးကို လျော့ချလိုက်ပါ။ပြီးရင် ပခုံး ၊ လက် နဲ့ ခြေထောက်က ကြွက်သားတွေကိုလည်းဖြစ်နိုင်သလောက် ဖျော့ပစ်လိုက်ပါ ။၁၀ စက္ကန့်လောက်ဒီအတိုင်းနေပြီးတဲ့အခါ ဒုတိယဆင့်ကိုလုပ်ဆောင်ရပါမယ်။ ဒုတိယအဆင့်ကတော့ စိတ်ထဲမှာတွေးတောနေတဲ့အရာအားလုံးကို ရှင်းပစ်ဖို့ပါပဲ ။

စိတ်ပူလောင်စရာ ၊ သောက ၊ ပူဆွေးစရာ ၊ မပြီးပြတ်သေးတဲ့အလုပ်ကိစ္စ အားလုံးကိုမေ့ထားပြီးတော့ စိတ်ကို ဗလာဖြစ်အောင်ထားလိုက်ပါ ။ မျက်လုံးမှိတ်ထားပြီးတော့ ကောင်းကင်ပြာကြီးအောက်က ကနူးလှေလေးထဲမှာလဲှနေရသလိုခံစားပါ ။ ပြီးရင် မှောင်မဲနေတဲ့အခန်းကြီးတစ်ခုထဲရောက်နေတယ်လို့ စိတ်ထဲမှာမှတ်ထားလိုက်ပါ ။ ပြီးရင် ဘာမှမတွေးနဲ့တော့ ကိုယ့်ကိုယ်ကို ၁၀ စက္ကန့်လောက်ပြောပါ ။ ဒီ ၁၀ စက္ကန့်အတွင်းမှာပဲ သင်အိပ်ပျော်သွားပါလိမ့်မယ်။

Credit: Min Thu

LEAVE A REPLY