Zawgyi ျဖင့္ဖတ္ရန္

 

အိပ္ေရးဝဝအိပ္စက္ျခင္းဆိုတာ လူတိုင္းရဲ႕ဘဝမွာ အရမ္းကိုအေရးပါတဲ့အရာျဖစ္ပါတယ္။ တစ္ရက္ကို ပုံမွန္ ၈ နာရီအိပ္ဖို႔လိုပါတယ္။ ဒီလိုမွမဟုတ္ပဲ အိပ္ေရးမဝတာေတြၾကာလာတဲ့အခါမွာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အမ်ားႀကီး ရွိလာႏိုင္ပါတယ္။

(၁) မူးေမာ္တာ၊ ဇက္ေၾကာတက္တာအျပင္ ေမ့တတ္လြန္းတာ၊ မွတ္ဉာဏ္မေကာင္းတာေတြပါ ျဖစ္လာၿပီး အသက္ႀကီးတဲ့အခါ Alzheimer လို႔ေခၚတဲ့ သတိေမ့ေရာဂါေတြ ခံစားလာရမွာပါ။

(၂) အိပ္ေရးမဝျခင္းဟာ အူမႀကီးကင္ဆာျဖစ္ေပၚေစႏိုင္ပါတယ္။ တစ္ေန႔ကိ ၆ နာရီေလာက္ပဲ အိပ္တဲ့သူေတြမွာ အူမႀကီးကင္ဆာျဖစ္ႏိုင္ေျခ ၅၀% ပိုမ်ားပါတယ္။

(၃) အိပ္ေရးဝဝမအိပ္ျခင္းဟာ ေသြးတိုးေရာဂါျဖစ္ေစႏိုင္တဲ့ အဓိကအေၾကာင္းရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။

(၄) အိပ္ေရးဝဝမအိပ္တဲ့အခါ ေဟာ္မုန္းေတြမမွ်တေတာ့တာေၾကာင့္ အလြန္အကြၽံစားလာၿပီး ေနာက္ပိုင္းမွာ အဝလြန္တာ၊ ဝိတ္တက္တာေတြ ျဖစ္လာမွာပါ။

(၅) ညဖက္အိပ္ေရးဝဝမအိပ္တဲ့သူေတြဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခပိုမ်ား႐ုံသာမက ႐ုတ္တရပ္ ႏွလုံးရပ္ၿပီး ေသဆုံးႏိုင္ေျခလည္း ပိုမ်ားပါတယ္။

(၆) ညဖက္ကို ၄နာရီေလာက္ပဲ အိပ္တတ္တဲ့သူေတြဟာ ဆီးခ်ိဳေသြးခ်ိဳျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။

(၇) အိပ္ေရးမဝတဲ့အခါ ခါးနာတာ၊ ေက်ာနာတာအျပင္ အ႐ိုးအဆစ္နဲ႔ႂကြက္သားေတြ နာက်င္ကိုက္ခဲမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ နာတာရွည္ ကိုက္ခဲတာမ်ိဳးပါ။

(၈) အိပ္ေရးဝဝမအိပ္တဲ့အခါ ဦးေႏွာက္ဟာ ေကာင္းမြန္စြအနားမယူႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ စိတ္ပိုင္းဆိုင္ရာေရာဂါေတြျဖစ္တဲ့ အၿမဲလိုလို စိုးရိမ္ေၾကာက္႐ြံ႕တာ၊ စိတ္က်ေရာဂါေတြကိုခံစားလာရႏိုင္ပါတယ္။

(၉) အိပ္ေရးမဝတဲ့အခါ အသားအေရျပသနာေတြမ်ားစြာ ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ဝက္ၿခံေတြ၊ အမဲစက္ေတြ၊ အေရျပားတြန႔္တာေတြနဲ႔ မ်က္ကြင္းညိဳတာ၊ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈေတြျဖစ္ေစႏိုင္ပါတယ္။

(၁၀) အိပ္ေရးမဝတဲ့အခါ ကိုယ္ခံအားက်ဆင္းတာေၾကာင့္ ဖ်ားနာတာေတြ၊ တုပ္ေကြးေတြအလြယ္တကူျဖစ္ႏိုင္ၿပီး ကူးစက္ေရာဂါေတြ အလြယ္တကူ ခံစားရႏိုင္ပါတယ္။

share from :Aunty may

Unicode ဖြင့်ဖတ်ရန်

အိပ်ရေးဝဝ မအိပ်ခြင်းကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုး (၁၀) မျိုး

အိပ်ရေးဝဝအိပ်စက်ခြင်းဆိုတာ လူတိုင်းရဲ့ဘဝမှာ အရမ်းကိုအရေးပါတဲ့အရာဖြစ်ပါတယ်။ တစ်ရက်ကို ပုံမှန် ၈ နာရီအိပ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အိပ်ရေးမဝတာတွေကြာလာတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။

(၁) မူးမော်တာ၊ ဇက်ကြောတက်တာအပြင် မေ့တတ်လွန်းတာ၊ မှတ်ဉာဏ်မကောင်းတာတွေပါ ဖြစ်လာပြီး အသက်ကြီးတဲ့အခါ Alzheimer လို့ခေါ်တဲ့ သတိမေ့ရောဂါတွေ ခံစားလာရမှာပါ။

(၂) အိပ်ရေးမဝခြင်းဟာ အူမကြီးကင်ဆာဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နေ့ကိ ၆ နာရီလောက်ပဲ အိပ်တဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၅၀% ပိုများပါတယ်။

(၃) အိပ်ရေးဝဝမအိပ်ခြင်းဟာ သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) အိပ်ရေးဝဝမအိပ်တဲ့အခါ ဟော်မုန်းတွေမမျှတတော့တာကြောင့် အလွန်အကျွံစားလာပြီး နောက်ပိုင်းမှာ အဝလွန်တာ၊ ဝိတ်တက်တာတွေ ဖြစ်လာမှာပါ။

(၅) ညဖက်အိပ်ရေးဝဝမအိပ်တဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေပိုများရုံသာမက ရုတ်တရပ် နှလုံးရပ်ပြီး သေဆုံးနိုင်ခြေလည်း ပိုများပါတယ်။

(၆) ညဖက်ကို ၄နာရီလောက်ပဲ အိပ်တတ်တဲ့သူတွေဟာ ဆီးချိုသွေးချိုဖြစ်နိုင်ခြေပိုများပါတယ်။

(၇) အိပ်ရေးမဝတဲ့အခါ ခါးနာတာ၊ ကျောနာတာအပြင် အရိုးအဆစ်နဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နာတာရှည် ကိုက်ခဲတာမျိုးပါ။

(၈) အိပ်ရေးဝဝမအိပ်တဲ့အခါ ဦးနှောက်ဟာ ကောင်းမွန်စွအနားမယူနိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ အမြဲလိုလို စိုးရိမ်ကြောက်ရွံ့တာ၊ စိတ်ကျရောဂါတွေကိုခံစားလာရနိုင်ပါတယ်။

(၉) အိပ်ရေးမဝတဲ့အခါ အသားအရေပြသနာတွေများစွာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဝက်ခြံတွေ၊ အမဲစက်တွေ၊ အရေပြားတွန့်တာတွေနဲ့ မျက်ကွင်းညိုတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေဖြစ်စေနိုင်ပါတယ်။

(၁၀) အိပ်ရေးမဝတဲ့အခါ ကိုယ်ခံအားကျဆင်းတာကြောင့် ဖျားနာတာတွေ၊ တုပ်ကွေးတွေအလွယ်တကူဖြစ်နိုင်ပြီး ကူးစက်ရောဂါတွေ အလွယ်တကူ ခံစားရနိုင်ပါတယ်။

share from :Aunty may

LEAVE A REPLY