Zawgyi ျဖင့္ဖတ္ရန္

ကမာၻေပၚမွာ ေႁမြမ်ိဳးစိတ္ေပါင္းရာခ်ီရွိၿပီး အဆိပ္မရွိတဲ့ေႁမြမ်ိဳးစိတ္ေတြလည္းရွိပါတယ္။ ဘယ္သူမဆို ေႁမြဆိုတဲ့သတၱဝါကိုျမင္တာနဲ႔ အဆိပ္ရွိတယ္လို႔ပဲသတ္မွတ္ၿပီး ေဝးေဝးကေရွာင္ၾကေလ့ရွိပါတယ္။ ဒါေပမယ့္ ကိုယ္ျမင္တဲ့ေႁမြဟာ အဆိပ္ရွိမရွိကို ျမင္တာနဲ႔သိႏိုင္တယ္ဆိုရင္ ပိုမေကာင္းဘူးလား ။ အခုလည္း ေႁမြကို ၾကည့္႐ုံအဆိပ္ရွိမရွိသိႏိုင္မယ့္နည္းလမ္းေလးေတြကိုေျပာျပသြားမွာပါ ။

၁- မ်က္လုံး
အဆိပ္မရွိတဲ့ေႁမြေတြရဲ႕မ်က္လုံးထဲမွသူငယ္အိမ္ကေတာ့ခပ္ဝိုင္းဝိုင္းအေနအထားရွိတဲ့ အဆိပ္ရွိတဲ့ေႁမြေတြကေတာ့ ေဒါင္လိုက္ရွည္ေျမာေျမာအေနအထားရွိပါတယ္။
ဒါေပမယ့္ အာဖရိကမွေႁမြေဟာက္နက္ ၊ ေႁမြေပြး မ်ိဳးစိတ္ေတြနဲ႔ တာပန္ေႁမြေတြကေတာ့ အဆိပ္ရွိေပမယ့္ ခပ္ဝိုင္းဝိုင္းသူငယ္အိမ္ရွိပါတယ္။

၂- အပူအာ႐ုံခံေပါက္
မ်ားေသာအားျဖင့္ အဆိပ္ရွိတဲ့ေႁမြေတြမွာ မ်က္လုံးနဲ႔ႏွာေခါင္းၾကားအလည္တည့္တည့္မွာ သားေကာင္ေတြကိုအာ႐ုံခံႏိုင္မယ့္ အပူအာ႐ုံခံေပါက္ပါရွိပါတယ္။

၃- ပါးပ်ဥ္း
အဆိပ္ရွိတဲ့ေႁမြအမ်ားစုဟာ လည္ပင္းေသးငယ္ၿပီးေတာ့ ပါးျပင္းခြက္ေလ့ရွိပါတယ္ ။ အဆိပ္မရွိတဲ့ေႁမြေတြကေတာ့ ေခါင္းခပ္လုံးလုံးပုံသ႑ာန္ရွိပါတယ္။

၄- အၿမီွး
အဆိပ္မရွိတဲ့ေႁမြေတြရဲ႕ အၿမီွးဟာ အေၾကးခြံႏွစ္ထပ္ျဖစ္ေနေလ့ရွိၿပီး အဆိပ္ရွိတဲ့ေႁမြေတြရဲ႕အျမႇီးကေတာ့ အရစ္အရစ္ပုံစံမ်ိဳးေပၚေနေလ့ရွိပါတယ္။

၅- အေရာင္
အဆိပ္ရွိတဲ့ေႁမြအမ်ားစုဟာ အလြန္ထင္ရွားတဲ့အေရာင္ရွိၿပီးေတာ့ ျမင္တာနဲ႔သိႏိုင္ေလာက္ေအာင္ ေတာက္ပတဲ့ အေရာင္မ်ိဳးေတြရွိပါတယ္။ေႁမြေဟာက္ နဲ႔ ျမက္ေလ်ာေႁမြေတြကေတာ့ အေရာင္ခပ္မႈိင္းမႈိင္းရွိတတ္ၿပီး ျမက္ေလ်ာေႁမြဟာလည္ပင္းမွာ အဝါရစ္ေလးပါတတ္ပါတယ္။

၆- အေၾကးခြံပုံစံ
ေႁမြရဲ႕အေၾကးခြံပုံစံဟာ ႀတိဂံပုံစံမ်ိဳးေတြျဖစ္ေနမယ္ဆိုရင္ေတာ့ ဒီေႁမြဟာအဆိပ္ရွိတာေသခ်ာေနပါၿပီ။

၇- ေရကူးျခင္း
အဆိပ္ရွိတဲ့ေႁမြေတြဟာ ေခါင္းေဖာ္ၿပီးေရကူးေလ့ရွိၿပီးေတာ့ အဆိပ္မရွိတဲ့ေႁမြေတြကေတာ့ ေရေအာက္ကိုငုပ္လ်ိဳးၿပီးကူးခတ္သြားလာေလ့ရွိၾကပါတယ္။

Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

မြွေတစ်ကောင်အဆိပ်ရှိမရှိ လွယ်ကူစွာ သိနိုင်မယ့် နည်းလမ်းများ

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်းရာချီရှိပြီး အဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေလည်းရှိပါတယ်။ ဘယ်သူမဆို မြွေဆိုတဲ့သတ္တဝါကိုမြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲသတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာ အဆိပ်ရှိမရှိကို မြင်တာနဲ့သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့်ရုံအဆိပ်ရှိမရှိသိနိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ ။

၁- မျက်လုံး
အဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတဲ့ အဆိပ်ရှိတဲ့မြွေတွေကတော့ ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်ဒါပေမယ့် အာဖရိကမှမြွေဟောက်နက် ၊ မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်းသူငယ်အိမ်ရှိပါတယ်။

 

၂- အပူအာရုံခံပေါက်
များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့နှာခေါင်းကြားအလည်တည့်တည့်မှာ သားကောင်တွေကိုအာရုံခံနိုင်မယ့် အပူအာရုံခံပေါက်ပါရှိပါတယ်။

၃- ပါးပျဉ်း
အဆိပ်ရှိတဲ့မြွေအများစုဟာ လည်ပင်းသေးငယ်ပြီးတော့ ပါးပြင်းခွက်လေ့ရှိပါတယ် ။ အဆိပ်မရှိတဲ့မြွေတွေကတော့ ခေါင်းခပ်လုံးလုံးပုံသဏ္ဍာန်ရှိပါတယ်။

၄- အမြှီး
အဆိပ်မရှိတဲ့မြွေတွေရဲ့ အမြှီးဟာ အကြေးခွံနှစ်ထပ်ဖြစ်နေလေ့ရှိပြီး အဆိပ်ရှိတဲ့မြွေတွေရဲ့အမြှီးကတော့ အရစ်အရစ်ပုံစံမျိုးပေါ်နေလေ့ရှိပါတယ်။

၅- အရောင်
အဆိပ်ရှိတဲ့မြွေအများစုဟာ အလွန်ထင်ရှားတဲ့အရောင်ရှိပြီးတော့ မြင်တာနဲ့သိနိုင်လောက်အောင် တောက်ပတဲ့ အရောင်မျိုးတွေရှိပါတယ်။မြွေဟောက် နဲ့ မြက်လျောမြွေတွေကတော့ အရောင်ခပ်မှိုင်းမှိုင်းရှိတတ်ပြီး မြက်လျောမြွေဟာလည်ပင်းမှာ အဝါရစ်လေးပါတတ်ပါတယ်။

၆- အကြေးခွံပုံစံ
မြွေရဲ့အကြေးခွံပုံစံဟာ တြိဂံပုံစံမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ဒီမြွေဟာအဆိပ်ရှိတာသေချာနေပါပြီ။

၇- ရေကူးခြင်း
အဆိပ်ရှိတဲ့မြွေတွေဟာ ခေါင်းဖော်ပြီးရေကူးလေ့ရှိပြီးတော့ အဆိပ်မရှိတဲ့မြွေတွေကတော့ ရေအောက်ကိုငုပ်လျိုးပြီးကူးခတ်သွားလာလေ့ရှိကြပါတယ်။

Writer – Min Thu ( XYZ News )

LEAVE A REPLY