Zawgyi ဖြင့်ဖတ်ရန်

 





Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆိုလာခေါင်မိုးအသုံးပြုထားတဲ့ Sonata Hybrid ကားကို Hyundai ကြေညာ

တောင်ကိုးရီးယားနိုင်ငံထုတ် Hyundai ကုမ္ပဏီဟာ နေရာင်ခြည်ကနေ ဘက်ထရီအားသွင်းပေးနိုင်တဲ့ ဆိုလာခေါင်းမိုးပါရှိတဲ့ Sonata hybrid ကားအမျိုးအစားကို ကြေညာလိုက်ပါတယ်။ Sonata Hybrid ကားကို ဆိုလာခေါင်မိုးမှ တစ်နေ့လျှင် ၆ နာရီအာသွင်းထားရုံဖြင့် ဆိုလာဘက်ထရီဟာ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်တယ်လို့သိရပါတယ်။ ကားကို မောင်နေစဉ်အတွင်းမှာလည်း ဆိုလာကို အားသွင်းနိုင်မှာဖြစ်ပါတယ်။

ဆိုလာ အသုံးပြုမှုစနစ်မှာလည်း ဆိုလာမှာပါဝင်တဲ့ ဆဲလ်ခွက်တွေဟာ အရည်အသွေမှီ ပစ္စည်းတွေဖြစ်တာကြောင့် ကားရဲ့လျှပ်စစ်လိုအပ်ချက်ကို လိုသလို ထိန်ညှိ့ ပေးနိုင်မှာဖြစ်ပါတယ်။ Sonata Hybrid ကားဟာ ဆိုလာသုံးစနစ်ကိုအသုံပြုထားတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ကျစေနိုင်ပြီး လူမှုပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

အဆိုပါကားကို ကိုရီးယားနိုင်ငံနှင့် မြောက်အမေရိက မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေကို ၂၀၂၁ လောက်မှ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုလည်း ကြေညာခြင်းမရှိသေးပါဘူး။

Sonata ကားကို NFC နည်းပညာဖြင့် အသုံပြုထားတဲ့ Digital Key ပါဝင်မှာဖြစ်ပြီး ၁၂.၃ လက်မ ရှိတဲ့ လုံခြုံရေးစနစ်တို့ ပါဝင်မှာဖြစ်ပါတယ်။ Airbags တွေ ၊ ဆင်ဆာစနစ်တွေ ၊ ၃၆၀ ဒီဂရီကင်မရာတို့ပါဝင်မှာ ဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY