Zawgyi ျဖင့္ဖတ္ရန္

 

‘ေဆာင္းဦး႐ြက္ေႂကြခ်စ္သက္ေသ’ ဇာတ္လမ္းတြဲနဲ႔အတူ ‘အြန္ေစာ’ လို႔ သိၾကတဲ့ မင္းသမီး ေဆာင္းဟယ္က်ိဳဟာ ဇာတ္လမ္းတြဲႀကိဳက္ႏွစ္သက္သူ ျမန္မာပရိတ္သတ္ေတြအတြက္ အခ်စ္ဦး၊ အသည္ဦးပါပဲ။ ေဆာင္းဟယ္က်ိဳဟာ ၿပီးခဲ့တဲ့လက ခင္ပြန္းသည္ အန္ဂ်ယ္ဟြန္းနဲ႔ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ၿပီး အႏုပညာလႈပ္ရွားမႈေတြကို ဆက္လက္ လုပ္ေဆာင္ေနဆဲပါ။ တ႐ုတ္ဆိုရွယ္ ဝက္ဘ္ဆိုဒ္ Weibo မွာ ေဆာင္းဟယ္က်ိဳ အသိမိတ္ေဆြ တစ္ဦးနဲ႔ ျပင္သစ္မွာ လည္ပတ္ေနတဲ့ ဓာတ္ပုံတခ်ိဳ႕တက္လာခဲ့ပါတယ္။

 

တ႐ုတ္ျပည္က ကမာၻလွည့္ခရီးသြားတစ္ဦးဟာ ျပင္သစ္ကို အလည္သြားရင္း လမ္းမထက္ ေဈးဝယ္ေနတဲ့ ေဆာင္းဟယ္က်ိဳကို ေတြ႕တာေၾကာင့္ ဓာတ္ပုံမ်ား ႐ိုက္ယူခဲ့ပါတယ္။ ဒီပုံေတြဟာ ၿပီးခဲ့တဲ့ လက ႐ိုက္ကူးထားတာျဖစ္ေၾကာင္းကိုလဲ ေျပာျပထားပါတယ္။

ေဆာင္းဟယ္က်ိဳဟာ Monaco မွာရွိတဲ့ ပြဲတစ္ခုကိုသြားရင္း Cannes ၿမိဳ႕မွာ စိတ္ေျပလက္ေပ်ာက္ ခဏတာ ဝင္ေရာက္ လည္ပတ္ေနတာပဲျဖစ္ပါတယ္။

႐ိုး႐ိုးရွင္းရွင္း ဝတ္စားထားၿပီး မိတ္ကပ္ျပင္ဆင္ထားျခင္းမရွိဘဲ ကမာၻလွည့္ခရီးသည္ေတြၾကား ေဈးဝယ္ထြက္ေနခဲ့ပါတယ္။

အေထြအထူးျပင္ဆင္ထားျခင္းမရွိေပမယ့္ ၾကည္လင္ေဖြးဆြတ္ေနတဲ့ သူမရဲ႕ အသားအရည္ေၾကာင့္ ေဆာင္းဟယ္က်ိဳမွန္း တန္းသိေစပါတယ္။

အသက္အ႐ြယ္အားျဖင့္ ၃၇ ႏွစ္ရွိၿပီဆိုေပမယ့္ baby face မ်က္ႏွာေလးနဲ႔ ႏူးညံ့ၾကည္လင္ေနတဲ့ အသားအေရကို ပိုင္ဆိုင္ထားသူတစ္ဦးပါ။

ကြာရွင္းသတင္းၿပီးေနာက္ အစ္မ kyo ကို ဒီလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျပန္လည္ျမင္ေတြ႕ရတာ ဝမ္းသာစရာပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

စိတ်ပြေလက်ပျောက် ပြင်သစ်ကို အလည်ခရီးထွက်နေတဲ့ ဆောင်းဟယ်ကျို

‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ဇာတ်လမ်းတွဲနဲ့အတူ ‘အွန်စော’ လို့ သိကြတဲ့ မင်းသမီး ဆောင်းဟယ်ကျိုဟာ ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေအတွက် အချစ်ဦး၊ အသည်ဦးပါပဲ။ ဆောင်းဟယ်ကျိုဟာ ပြီးခဲ့တဲ့လက ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲပါ။ တရုတ်ဆိုရှယ် ဝက်ဘ်ဆိုဒ် Weibo မှာ ဆောင်းဟယ်ကျို အသိမိတ်ဆွေ တစ်ဦးနဲ့ ပြင်သစ်မှာ လည်ပတ်နေတဲ့ ဓာတ်ပုံတချို့တက်လာခဲ့ပါတယ်။

 

တရုတ်ပြည်က ကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ ပြင်သစ်ကို အလည်သွားရင်း လမ်းမထက် ဈေးဝယ်နေတဲ့ ဆောင်းဟယ်ကျိုကို တွေ့တာကြောင့် ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်။ ဒီပုံတွေဟာ ပြီးခဲ့တဲ့ လက ရိုက်ကူးထားတာဖြစ်ကြောင်းကိုလဲ ပြောပြထားပါတယ်။

ဆောင်းဟယ်ကျိုဟာ Monaco မှာရှိတဲ့ ပွဲတစ်ခုကိုသွားရင်း Cannes မြို့မှာ စိတ်ပြေလက်ပျောက် ခဏတာ ဝင်ရောက် လည်ပတ်နေတာပဲဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ဝတ်စားထားပြီး မိတ်ကပ်ပြင်ဆင်ထားခြင်းမရှိဘဲ ကမ္ဘာလှည့်ခရီးသည်တွေကြား ဈေးဝယ်ထွက်နေခဲ့ပါတယ်။

အထွေအထူးပြင်ဆင်ထားခြင်းမရှိပေမယ့် ကြည်လင်ဖွေးဆွတ်နေတဲ့ သူမရဲ့ အသားအရည်ကြောင့် ဆောင်းဟယ်ကျိုမှန်း တန်းသိစေပါတယ်။

အသက်အရွယ်အားဖြင့် ၃၇ နှစ်ရှိပြီဆိုပေမယ့် baby face မျက်နှာလေးနဲ့ နူးညံ့ကြည်လင်နေတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။

ကွာရှင်းသတင်းပြီးနောက် အစ်မ kyo ကို ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်မြင်တွေ့ရတာ ဝမ်းသာစရာပါပဲ။

Credit : popolay

LEAVE A REPLY