Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္ ေတာ့ပ္စတားမ်ားျဖစ္ၾကတဲ့ ေဆာင္းဂြၽန္ကီနဲ႔ ေဆာင္းဟယ္က်ိဳတို႔ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔မွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲေတာ့မည္ျဖစ္ေၾကာင္း ပရိတ္သတ္ကို အသိေပးေၾကညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၂ ရက္ေန႔မွာေတာ့ တရားဥေပဒအရ ႏွစ္ဦးႏွစ္ဖက္ အၾကင္လင္မယားအျဖစ္ မသက္ဆိုင္ေတာ့ေၾကာင္းကို အတိအလင္း ေၾကညာခဲ့ပါတယ္။ Song စုံတြဲ လမ္းခြဲၿပီးေနာက္ ေဆာင္းဟယ္က်ိဳအေနနဲ႔ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္ေနတဲ့အျပင္ လူကုံထံအသိုင္းအဝိုင္းက လူေတြသာေနထိုင္တဲ့ UN Village လိုေနရာမ်ိဳးကို ေျပာင္းေ႐ြ႕ေနထိုင္ခဲ့ပါတယ္။ ေဆာင္းဂြၽန္ကီကေတာ့ မိဘအိမ္မွာ ျပန္လည္ေနထိုင္ေနတာျဖစ္ၿပီး မည္သည့္အႏုပညာလႈပ္ရွားမႈမွာမွ ပါဝင္မေနတာကို ေတြ႕ရမွာပါ။

ေဆာင္းဂြၽန္ကီဟာ ေဆာင္းဟယ္က်ိဳနဲ႔ ကြာရွင္းျပတ္စဲေတာ့မည္ျဖစ္ေၾကာင္း ဇြန္လ ၂၇ မွာထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ထိုအခ်ိန္တုန္းက ေဆာင္းဂြၽန္ကီ အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Arthdal Chronicles ဇာတ္ကား ကို tvN ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတာျဖစ္ၿပီး Song စုံတြဲကြာရွင္း သတင္းၿပီးေနာက္မွာေတာ့ ၾကည့္ရႈသူ သိသိသာသာေလ်ာ့နည္းသြားခဲ့ပါတယ္။

ဒီကိစၥနဲ႔ စပ္လ်ဥ္းၿပီး ဇာတ္လမ္းတြဲ႐ိုက္ကူးေရး ကုမၸဏီမ်ားမွ ဇာတ္လမ္းတြဲ ႐ိုက္ကူးထုတ္လႊင့္ေနစဥ္အေတာအတြင္း အိမ္ေထာင္ရွိ မင္းသား(သို႔) မင္းသမီး ကြာရွင္းျပတ္စဲပါက စာခ်ဳပ္ပါေငြေၾကးထက္ သုံးဆပိုေလ်ာ္ရမည္ျဖစ္ေၾကာင္း စည္းကမ္းခ်က္အသစ္တစ္ခု ထပ္တိုးလိုက္ပါတယ္။

ဒါ့အျပင္ ေဆာင္းဂြၽန္ကီကို ကုန္ပစၥည္းေၾကာ္ျငာမ်ား ကမ္းလွမ္းလာမႈ သိသိသာသာ ေလ်ာ့နည္းလာၿပီး လက္ရွိမွာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဘာမွ မရွိေသးပါဘူး။

ေဆာင္းဟယ္က်ိဳအေနနဲ႔ ေဆာင္းဂြၽန္ကီနဲ႔ ကြာရွင္းၿပီးေနာက္ အရင္လို အႏုပညာလႈပ္ရွားမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲပဲျဖစ္ပါတယ္။ သူမဟာ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ နာမည္ေက်ာ္ အလွကုန္ပစၥည္းေတြရဲ႕ အဓိက ေၾကာ္ျငာေမာ္ဒယ္တစ္ဦးအျဖစ္ ပြဲေတြ ဆက္တိုက္တက္ေနရတုန္းပဲျဖစ္ပါတယ္။ ကမာၻေက်ာ္ ေဟာလိဝုဒ္စတား Natalid Portman တို႔နဲ႔ ပြဲတစ္ခုမွာ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ကုန္အထိ အလုပ္ အခ်ိန္ဇယားမ်ားနဲ႔ ျပည့္ေနေၾကာင္း သိရွိရပါတယ္။

Song စုံတြဲကြာရွင္းၿပီးေနာက္ ေဆာင္းဟယ္က်ိဳအေနနဲ႔ ကုန္ပစၥည္းေပါင္းမ်ားစြာရဲ႕ ေၾကာ္ျငာေမာ္ဒယ္အျဖစ္ ဆက္လက္ရပ္တည္ေနေပမဲ့ ေဆာင္းဂြၽန္ကီကိုေတာ့ ကုန္ပစၥည္းမ်ားက ေၾကာ္ျငာေမာ္ဒယ္အျဖစ္ ငွားရမ္းဖို႔ လက္ေလ်ာ့လာၾကပါတယ္။ ကြာရွင္းၿပီးေနာက္မွာလဲ နာမည္မက်သြားတဲ့ မင္းသမီးႀကီး ေဆာင္းဟယ္က်ိဳပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းပြီးနောက် ဆောင်းဂျွန်ကီထံ ကြော်ငြာကမ်းလှမ်းသူများ သိသိသာသာလျော့နည်းလာ

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တော့ပ်စတားများဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာတော့ တရားဥပေဒအရ နှစ်ဦးနှစ်ဖက် အကြင်လင်မယားအဖြစ် မသက်ဆိုင်တော့ကြောင်းကို အတိအလင်း ကြေညာခဲ့ပါတယ်။ Song စုံတွဲ လမ်းခွဲပြီးနောက် ဆောင်းဟယ်ကျိုအနေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့အပြင် လူကုံထံအသိုင်းအဝိုင်းက လူတွေသာနေထိုင်တဲ့ UN Village လိုနေရာမျိုးကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီကတော့ မိဘအိမ်မှာ ပြန်လည်နေထိုင်နေတာဖြစ်ပြီး မည်သည့်အနုပညာလှုပ်ရှားမှုမှာမှ ပါဝင်မနေတာကို တွေ့ရမှာပါ။

ဆောင်းဂျွန်ကီဟာ ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ဇွန်လ ၂၇ မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုအချိန်တုန်းက ဆောင်းဂျွန်ကီ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Arthdal Chronicles ဇာတ်ကား ကို tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး Song စုံတွဲကွာရှင်း သတင်းပြီးနောက်မှာတော့ ကြည့်ရှုသူ သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဇာတ်လမ်းတွဲရိုက်ကူးရေး ကုမ္ပဏီများမှ ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်နေစဉ်အတောအတွင်း အိမ်ထောင်ရှိ မင်းသား(သို့) မင်းသမီး ကွာရှင်းပြတ်စဲပါက စာချုပ်ပါငွေကြေးထက် သုံးဆပိုလျော်ရမည်ဖြစ်ကြောင်း စည်းကမ်းချက်အသစ်တစ်ခု ထပ်တိုးလိုက်ပါတယ်။

ဒါ့အပြင် ဆောင်းဂျွန်ကီကို ကုန်ပစ္စည်းကြော်ငြာများ ကမ်းလှမ်းလာမှု သိသိသာသာ လျော့နည်းလာပြီး လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာမှ မရှိသေးပါဘူး။

ဆောင်းဟယ်ကျိုအနေနဲ့ ဆောင်းဂျွန်ကီနဲ့ ကွာရှင်းပြီးနောက် အရင်လို အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ သူမဟာ တရုတ်နိုင်ငံမှာရှိတဲ့ နာမည်ကျော် အလှကုန်ပစ္စည်းတွေရဲ့ အဓိက ကြော်ငြာမော်ဒယ်တစ်ဦးအဖြစ် ပွဲတွေ ဆက်တိုက်တက်နေရတုန်းပဲဖြစ်ပါတယ်။ ကမ္ဘာကျော် ဟောလိဝုဒ်စတား Natalid Portman တို့နဲ့ ပွဲတစ်ခုမှာ တွေ့ဆုံခဲ့ပြီး နှစ်ကုန်အထိ အလုပ် အချိန်ဇယားများနဲ့ ပြည့်နေကြောင်း သိရှိရပါတယ်။

Song စုံတွဲကွာရှင်းပြီးနောက် ဆောင်းဟယ်ကျိုအနေနဲ့ ကုန်ပစ္စည်းပေါင်းများစွာရဲ့ ကြော်ငြာမော်ဒယ်အဖြစ် ဆက်လက်ရပ်တည်နေပေမဲ့ ဆောင်းဂျွန်ကီကိုတော့ ကုန်ပစ္စည်းများက ကြော်ငြာမော်ဒယ်အဖြစ် ငှားရမ်းဖို့ လက်လျော့လာကြပါတယ်။ ကွာရှင်းပြီးနောက်မှာလဲ နာမည်မကျသွားတဲ့ မင်းသမီးကြီး ဆောင်းဟယ်ကျိုပါပဲ။

Credit : popolay

LEAVE A REPLY