Zawgyi ျဖင့္ဖတ္ရန္

 

အသက္၇ႏွစ္ကတည္းက ေရကူးအားကစားနည္းကို စတင္ကစားခဲ့ၿပီး ၿပိဳင္ပြဲေတြဝင္ၿပိဳင္ကာ ၅ႏွစ္ၾကာမွာေတာ့ ဆုတံဆိပ္ေပါင္းေက်ာ္ေလာက္ရရွိေနၿပီး ေ႐ႊတံဆိပ္ဆုမ်ားစြာကိုရရွိထားတဲ့ အသက္၁၂အ႐ြယ္ ေရးကူးအားကစားသမား သြန္းမိုးေမကေတာ့ အသက္ႀကီးလာရင္ အိုလံပစ္မွာပါ ေအာင္ျမင္တဲံ့သူတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

သြန္းမိုးေမက “ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ရည္မွန္းထားတာေတာ့ Sea Gameတို႔ ဘာတို႔ေလာက္အထိေတာ့ ရည္မွန္းထားတယ္ေပါ့ေနာ္။ ဒါေပမဲ့ ေနာက္ႀကီးလာရင္ေတာ့ အသက္ေတြႀကီးလာရင္ေတာ့ အိုလံပစ္ေလာက္အထိေရာက္ေအာင္မွန္းထားပါတယ္။ အသက္၇ႏွစ္ေလာက္မွာ ေရကူးစသင္ျဖစ္တယ္။ အခုဆိုရင္ေတာ့ သမီးေရးကူးတာ ၅ႏွစ္ေလာက္ရွိၿပီေပါ့ေနာ္။ ၂၀၁၉ ဖီလစ္ပိုင္ Sea game အတြက္ လူေ႐ြးပြဲက အခုမွ ပဏာမပဲ ရွိေသးတယ္။ ေနာက္ထပ္ အဆင္ႀကီး လူေ႐ြးပြဲရွိေသးတယ္ အဲ့အဆင္ႀကီးလူေ႐ြးပြဲက ရက္ေတာ့ အတိအက်မသိေသးဘူး ႏိုဝင္ဘာအတြင္းျဖစ္မယ္လို႔ေတာ့ထင္တယ္။ အဲ့ပြဲမွာ အခုေ႐ြးထားတာ ၁၈ေယာက္ေပါ့ေနာ္ ေယာက္်ားေလး ၉ေယာက္ မိန္းကေလး ၉ေယာက္ သမီးတို႔အဖြဲ႕က အမ်ားႀကီးပါတယ္ေပါ့ေနာ္။ ဖီလစ္ပိုင္မွာ လုပ္မွာက သမီးသြားၿပိဳင္တဲ့ ျပည္ပေတြထက္ ခက္မယ္လို႔ ထင္တာပဲ ေတာ္ေတာ္ေတာ့ ခက္တယ္ေပါ့ေနာ္။ စကၤာပူမွာေတာင္ မနည္းကူးေနရတာ။

၂၀၁၄မွာ စကူးတယ္ ၿပိဳင္ပြဲေတြ စၿပိဳင္ျဖစ္တာေတာ့ ၂၀၁၅ ၁၆ ခုႏွစ္အတြင္း စၿပိဳင္ျဖစ္တာေပါ့ေနာ္ သက္တမ္းအလိုက္ေရကူးၿပိဳင္ပြဲကို စၿပိဳင္ျဖစ္တာေပါ့ေနာ္။ ျပည္တြင္းၿပိဳင္ပြဲ သက္တမ္းလိုက္ ပထမဆုံးပြဲမွာ ေ႐ႊ ၄ ေငြ ၅ ေၾကး ၁ ေပါ့ေနာ္။ ဒုတိယ သက္တမ္းအလိုက္ ၿပိဳင္ပြဲမွာၾကေတာ့ ေ႐ႊ ၇ ေငြ ၃ေပါ့ေနာ္။ တတိယ သက္တမ့းအလိုက္ၿပိဳင္ပြဲမွာေတာ့ ေ႐ႊ ၉ ေငြ ၁ ေနျပည္ေတာ္ လူေ႐ြးပြဲမွာ ၾကေတာ့ ေ႐ႊ၉ ေငြ၁ေပါ့ေနာ္ ဒီဟာကေတာ့ အေကာင္းဆုံးအမ်ိဳးသမီးဆုေပါ့ေနာ္။ ေနျပည္ေတာ္မွာ သြားၿပိဳင္တာ ၂၀၁၉ _၂၀က။ တစ္ပြဲခ်င္းစီမွာ ဆုေၾကးအျမင့္ဆုံးက တိုင္းနဲ႔ ျပည္နယ္မွာေပါ့ ဆုေၾကး တစ္ပြဲကို သုံးေသာင္း ပထမဆု ဒုတိယဆုက ႏွစ္ေသာင္း တတိယဆုက တစ္ေသာင္း အဲ့လိုမ်ိဳးေပါ့။ အားလုံးေပါင္းဆိုရင္ ၂ သိန္း ၃သိန္းေလာက္ေတာ့ ရတယ္။ ဆုေတြအားလုံးေပါင္းၿပီးရတဲ့ဆုေၾကးေငြေပါ့။ အခုအားလုံးေပါင္းဆိုရင္ ဆုတံဆိပ္ ၇၀ ေက်ာ္ေလာက္ရွိပါတယ္။ ဆုေၾကးေငြက ၁၅သိန္းေလာက္ စုထားမိၿပီ။”လို႔ေျပာသြားခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အသက်၁၂နှစ်နဲ့ ဆုတံဆိပ်ပေါင်း ၇၀ ကျော်ရရှိထားတဲ့ ရေကူးအားကစားသမား သွန်းမိုးမေ

အသက်၇နှစ်ကတည်းက ရေကူးအားကစားနည်းကို စတင်ကစားခဲ့ပြီး ပြိုင်ပွဲတွေဝင်ပြိုင်ကာ ၅နှစ်ကြာမှာတော့ ဆုတံဆိပ်ပေါင်းကျော်လောက်ရရှိနေပြီး ရွှေတံဆိပ်ဆုများစွာကိုရရှိထားတဲ့ အသက်၁၂အရွယ် ရေးကူးအားကစားသမား သွန်းမိုးမေကတော့ အသက်ကြီးလာရင် အိုလံပစ်မှာပါ အောင်မြင်တဲံ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

သွန်းမိုးမေက “မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရည်မှန်းထားတာတော့ Sea Gameတို့ ဘာတို့လောက်အထိတော့ ရည်မှန်းထားတယ်ပေါ့နော်။ ဒါပေမဲ့ နောက်ကြီးလာရင်တော့ အသက်တွေကြီးလာရင်တော့ အိုလံပစ်လောက်အထိရောက်အောင်မှန်းထားပါတယ်။ အသက်၇နှစ်လောက်မှာ ရေကူးစသင်ဖြစ်တယ်။ အခုဆိုရင်တော့ သမီးရေးကူးတာ ၅နှစ်လောက်ရှိပြီပေါ့နော်။ ၂၀၁၉ ဖီလစ်ပိုင် Sea game အတွက် လူရွေးပွဲက အခုမှ ပဏာမပဲ ရှိသေးတယ်။ နောက်ထပ် အဆင်ကြီး လူရွေးပွဲရှိသေးတယ် အဲ့အဆင်ကြီးလူရွေးပွဲက ရက်တော့ အတိအကျမသိသေးဘူး နိုဝင်ဘာအတွင်းဖြစ်မယ်လို့တော့ထင်တယ်။ အဲ့ပွဲမှာ အခုရွေးထားတာ ၁၈ယောက်ပေါ့နော် ယောက်ျားလေး ၉ယောက် မိန်းကလေး ၉ယောက် သမီးတို့အဖွဲ့က အများကြီးပါတယ်ပေါ့နော်။ ဖီလစ်ပိုင်မှာ လုပ်မှာက သမီးသွားပြိုင်တဲ့ ပြည်ပတွေထက် ခက်မယ်လို့ ထင်တာပဲ တော်တော်တော့ ခက်တယ်ပေါ့နော်။ စင်္ကာပူမှာတောင် မနည်းကူးနေရတာ။

၂၀၁၄မှာ စကူးတယ် ပြိုင်ပွဲတွေ စပြိုင်ဖြစ်တာတော့ ၂၀၁၅ ၁၆ ခုနှစ်အတွင်း စပြိုင်ဖြစ်တာပေါ့နော် သက်တမ်းအလိုက်ရေကူးပြိုင်ပွဲကို စပြိုင်ဖြစ်တာပေါ့နော်။ ပြည်တွင်းပြိုင်ပွဲ သက်တမ်းလိုက် ပထမဆုံးပွဲမှာ ရွှေ ၄ ငွေ ၅ ကြေး ၁ ပေါ့နော်။ ဒုတိယ သက်တမ်းအလိုက် ပြိုင်ပွဲမှာကြတော့ ရွှေ ၇ ငွေ ၃ပေါ့နော်။ တတိယ သက်တမ့းအလိုက်ပြိုင်ပွဲမှာတော့ ရွှေ ၉ ငွေ ၁ နေပြည်တော် လူရွေးပွဲမှာ ကြတော့ ရွှေ၉ ငွေ၁ပေါ့နော် ဒီဟာကတော့ အကောင်းဆုံးအမျိုးသမီးဆုပေါ့နော်။ နေပြည်တော်မှာ သွားပြိုင်တာ ၂၀၁၉ _၂၀က။ တစ်ပွဲချင်းစီမှာ ဆုကြေးအမြင့်ဆုံးက တိုင်းနဲ့ ပြည်နယ်မှာပေါ့ ဆုကြေး တစ်ပွဲကို သုံးသောင်း ပထမဆု ဒုတိယဆုက နှစ်သောင်း တတိယဆုက တစ်သောင်း အဲ့လိုမျိုးပေါ့။ အားလုံးပေါင်းဆိုရင် ၂ သိန်း ၃သိန်းလောက်တော့ ရတယ်။ ဆုတွေအားလုံးပေါင်းပြီးရတဲ့ဆုကြေးငွေပေါ့။ အခုအားလုံးပေါင်းဆိုရင် ဆုတံဆိပ် ၇၀ ကျော်လောက်ရှိပါတယ်။ ဆုကြေးငွေက ၁၅သိန်းလောက် စုထားမိပြီ။”လို့ပြောသွားခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY