Zawgyi ျဖင့္ဖတ္ရန္

လြန္ခဲ့ေသာ တစ္ႏွစ္ေက်ာ္ခန႔္ ၂၀၁၈ ခုႏွစ္ ဧၿပီလ ၁၂ ရက္ေန႔မွာျဖစ္ပြားခဲ့တဲ့ အဆိုေတာ္အစၥဏီနဲ႔ ေမာ္ဒယ္စူးရွထက္တို႔ရဲ႕ အမႈကေတာ့ ယေန႔ခ်ိန္ထိ႐ုံးခ်ိန္းမ်ားျဖင့္ အမႈတြဲကိုရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ အစၥဏီနဲ႔စူးရွထက္တို႔ႏွစ္ေယာက္ဟာ သမီးရည္းစားမ်ားျဖစ္ေနစဥ္ကာလအတြင္း ယခုကဲ့သို႔အခ်င္းျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး ရည္စားေဟာင္းျဖစ္သူစူးရွထက္မွ အစၥဏီကို အဓၶမျပဳက်င့္မႈ၊ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ေစာ္ကားမႈတို႔အပါအဝင္ ပုဒ္မတြဲ ၃ ခုျဖင့္ တရားစြဲဆိုထားခဲ့တာျဖစ္ပါတယ္။

 

ပရိသတ္ေတြၾကား ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ထိုအမႈေၾကာင့္ ေမာ္ဒယ္စူးရွထက္ကို စာနာသနားၿပီး ေထာက္ခံအားေပးသူေတြရွိခဲ့ၾကေပမယ့္ တစ္ခ်ိဳ႕ေသာသူေတြရဲ႕ ေဝဖန္ျပစ္တင္ေျပာဆိုျခင္းကိုလည္းခံခဲ့ရပါတယ္။ ပရိသတ္ေတြကေတာ့ ဘယ္သူကအမွား၊ ဘယ္သူကအမွန္ဆိုတာကို သိခ်င္ေနၾကၿပီး သူတို႔ႏွစ္ေယာက္ရဲ႕႐ုံးခ်ိန္းတိုင္းကို စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတာပါ။

ယေန႔ ၾသဂုတ္ (၅) ရက္ေန႔ တာေမြၿမိဳ႕နယ္တရား႐ုံးတြင္ျပဳလုပ္တဲ့ ႐ုံးခ်ိန္းမွာေတာ့ အစၥဏီအေနျဖင့္ သတင္းမီဒီယာေတြေရွ႕မွာ အမွားကိုဝန္ခ်ေတာင္းပန္လိုက္ပါက စူးရွထက္ဘက္မွ အမႈကိုခ်က္ျခင္းေက်ေအးေပးမယ္လို႔ ဆိုသြားပါတယ္။

“ဒီေန႔ ႐ုတ္သိမ္းလႊာလည္း အဆင္သင့္လုပ္လာတယ္။ သက္ေသေတြနဲ႔ ဟိုဘက္ေရွ႕ေန၊ဒီဘက္ေရွ႕ေနေတြနဲ႔အတူ လက္မွတ္ေရးထိုးဖို႔အတြက္။ အစၥဏီဘက္ကသာ သတင္းမီဒီယာေတြေရွ႕မွာ သူမွားပါတယ္လို႔ ဝန္ခ်ေတာင္းပန္မယ္ဆိုရင္ေတာ့ ဒီအမႈကိုေက်းေအးေပးမယ္” လို႔ စူးရွထက္ကေျပာေၾကာင္းကို ေရွ႕ေနဦးေရာဘတ္ဆန္းေအာင္က သတင္းမီဒီယာေတြကို ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

အမႈကိုစစ္ေဆးေနစဥ္ကာလအတြင္းမွာလည္း အစၥဏီဘက္မွ အမႈကိုေက်ေအးေပးရန္ လာေရာက္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔သိရၿပီး ဂုဏ္သေရရွိစာေရးဆရာမတစ္ဦးမွ ၾကားဝင္ကူညီေပးခဲ့တာျဖစ္ေၾကာင္း စူးရွထက္ကသတင္းမီဒီယာေတြမွာေျပာၾကားခဲ့ပါေသးတယ္။ ယေန႔လုပ္တဲ့ ညႇိႏႈိင္းမႈမွာေတာ့ ေငြေၾကးတစ္စုံတစ္ရာ မပါဝင္ပဲ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပပါက အခ်ိန္ ၂ လခန႔္ ေစာင့္ဆိုင္းရမယ္လို႔လည္းသိရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

သတင်းမီဒီယာရှေ့မှာ အမှားကိုဝန်ချတောင်းပန်ပါက အမှုကိုချက်ခြင်းကျေအေးပေးမယ်လို့ စူးရှထက်ပြော

လွန်ခဲ့သော တစ်နှစ်ကျော်ခန့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဆိုတော်အစ္စဏီနဲ့ မော်ဒယ်စူးရှထက်တို့ရဲ့ အမှုကတော့ ယနေ့ချိန်ထိရုံးချိန်းများဖြင့် အမှုတွဲကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အစ္စဏီနဲ့စူးရှထက်တို့နှစ်ယောက်ဟာ သမီးရည်းစားများဖြစ်နေစဉ်ကာလအတွင်း ယခုကဲ့သို့အချင်းဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ရည်စားဟောင်းဖြစ်သူစူးရှထက်မှ အစ္စဏီကို အဓ္ဓမပြုကျင့်မှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားမှုတို့အပါအဝင် ပုဒ်မတွဲ ၃ ခုဖြင့် တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။

 

ပရိသတ်တွေကြား ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ထိုအမှုကြောင့် မော်ဒယ်စူးရှထက်ကို စာနာသနားပြီး ထောက်ခံအားပေးသူတွေရှိခဲ့ကြပေမယ့် တစ်ချို့သောသူတွေရဲ့ ဝေဖန်ပြစ်တင်ပြောဆိုခြင်းကိုလည်းခံခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ဘယ်သူကအမှား၊ ဘယ်သူကအမှန်ဆိုတာကို သိချင်နေကြပြီး သူတို့နှစ်ယောက်ရဲ့ရုံးချိန်းတိုင်းကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။

ယနေ့ သြဂုတ် (၅) ရက်နေ့ တာမွေမြို့နယ်တရားရုံးတွင်ပြုလုပ်တဲ့ ရုံးချိန်းမှာတော့ အစ္စဏီအနေဖြင့် သတင်းမီဒီယာတွေရှေ့မှာ အမှားကိုဝန်ချတောင်းပန်လိုက်ပါက စူးရှထက်ဘက်မှ အမှုကိုချက်ခြင်းကျေအေးပေးမယ်လို့ ဆိုသွားပါတယ်။

“ဒီနေ့ ရုတ်သိမ်းလွှာလည်း အဆင်သင့်လုပ်လာတယ်။ သက်သေတွေနဲ့ ဟိုဘက်ရှေ့နေ၊ဒီဘက်ရှေ့နေတွေနဲ့အတူ လက်မှတ်ရေးထိုးဖို့အတွက်။ အစ္စဏီဘက်ကသာ သတင်းမီဒီယာတွေရှေ့မှာ သူမှားပါတယ်လို့ ဝန်ချတောင်းပန်မယ်ဆိုရင်တော့ ဒီအမှုကိုကျေးအေးပေးမယ်” လို့ စူးရှထက်ကပြောကြောင်းကို ရှေ့နေဦးရောဘတ်ဆန်းအောင်က သတင်းမီဒီယာတွေကို ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အမှုကိုစစ်ဆေးနေစဉ်ကာလအတွင်းမှာလည်း အစ္စဏီဘက်မှ အမှုကိုကျေအေးပေးရန် လာရောက်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပြီး ဂုဏ်သရေရှိစာရေးဆရာမတစ်ဦးမှ ကြားဝင်ကူညီပေးခဲ့တာဖြစ်ကြောင်း စူးရှထက်ကသတင်းမီဒီယာတွေမှာပြောကြားခဲ့ပါသေးတယ်။ ယနေ့လုပ်တဲ့ ညှိနှိုင်းမှုမှာတော့ ငွေကြေးတစ်စုံတစ်ရာ မပါဝင်ပဲ နှစ်ဦးနှစ်ဖက်အဆင်ပြေပါက အချိန် ၂ လခန့် စောင့်ဆိုင်းရမယ်လို့လည်းသိရပါတယ်။

Credit : popolay

LEAVE A REPLY