Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္၊ နမ့္ေတာင္းေက်း႐ြာအုပ္စု၊အထက(ခြဲ) တြင္ျဖစ္ပြားခဲ့တဲ့ ေက်ာင္းသားမ်ား၏ မ်က္ႏွာကို မစင္သုတ္အျပစ္ေပးခဲ့တဲ့ ဆရာမကို ပညာေရးဝန္ႀကီးဌာန ဘက္မွ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ အဂၤလိပ္စာဆရာမ ေဒၚအိဇာဇာေအာင္ဟာ လပတ္စာေမးပြဲက်ေသာ စတုတၳတန္းေက်ာင္းသား၊ ေက်ာင္းသူ ၁၆ ဦးကို စာသင္ခန္းေဘးကြင္းျပင္တြင္ မတ္တပ္ရပ္လက္ေျမႇာက္ခိုင္းျခင္း၊ တုတ္ျဖင့္ သုံးခ်က္ ႐ိုက္ကာ အိမ္သာမွ မစင္ သြားယူခိုင္းၿပီး ပါးစပ္ႏွင့္ ႏွာေခါင္းကို သုတ္လိမ္းခိုင္းျခင္းတို႔ကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဆရာမ၏ အဆိုပါလုပ္ရပ္ကို မေက်နပ္ေသာေၾကာင့္ ေက်ာင္းသားမိဘမ်ားက ၾသဂုတ္ ၅ ရက္ေန႔တြင္ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားတြင္ တိုင္ၾကားစားပို႔ခဲ့ပါတယ္။

အဆိုပါကိစၥနဲ႔ပါက္တတ္ၿပီး “အခုလို လုပ္ရပ္ဟာ လူ႔ဂုဏ္သိကၡာကို ထိခိုက္ေစသည့္ လုပ္ရပ္ျဖစ္တယ္။ လူတစ္ေယာက္ကို မစင္သုတ္လိမ္းတယ္ဆိုတာ ေျပာမယ္ဆိုရင္ လူမ်က္ႏွာနဲ႔ မစင္ဟာ မအပ္စပ္တဲ့ အရာပါ။ ဒါ လူ႔ဂုဏ္သိကၡာ၊ ေက်ာင္းသားေတြရဲ႕ ဂုဏ္သိကၡာ၊ ေနာက္ ဆရာမက တကယ္လုပ္တာလား။ ဟုတ္တယ္ ဆိုရင္ ဆရာ၊ ဆရာမရဲ႕ ဂုဏ္သိကၡာ ထိခိုက္တာေပါ့ေနာ္။

တကယ္တမ္း လုပ္ရမယ့္ဟာေတြကေတာ့ အုပ္ခ်ဳပ္ေရးပိုင္း၊ ဌာနဆိုင္ရာ ပညာေရးပိုင္းအႀကီးအကဲေတြက ေအာက္ေျခအထိ စုံစမ္းစစ္ေဆးရမဲ့ကိစၥ ျဖစ္ပါတယ္။ တကယ္တမ္းမွန္လို႔ရွိရင္ အေရးယူတဲ့အပိုင္းေတြ ျဖစ္သင့္တာေပါ့ေလ။ ”လို႔ ရွမ္းျပည္နယ္လႊတ္ေတာ္၊ မဲဆႏၵနယ္ အမွတ္ ၁ မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းက ေျပာၾကားခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့တဲ့ ဆရာမကို အရေးယူဖို့ စုံစမ်းစစ်ဆးနေ

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊အထက(ခွဲ) တွင်ဖြစ်ပွားခဲ့တဲ့ ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့တဲ့ ဆရာမကို ပညာရေးဝန်ကြီးဌာန ဘက်မှ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အင်္ဂလိပ်စာဆရာမ ဒေါ်အိဇာဇာအောင်ဟာ လပတ်စာမေးပွဲကျသော စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦးကို စာသင်ခန်းဘေးကွင်းပြင်တွင် မတ်တပ်ရပ်လက်မြှောက်ခိုင်းခြင်း၊ တုတ်ဖြင့် သုံးချက် ရိုက်ကာ အိမ်သာမှ မစင် သွားယူခိုင်းပြီး ပါးစပ်နှင့် နှာခေါင်းကို သုတ်လိမ်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာမ၏ အဆိုပါလုပ်ရပ်ကို မကျေနပ်သောကြောင့် ကျောင်းသားမိဘများက သြဂုတ် ၅ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် တိုင်ကြားစားပို့ခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ပါက်တတ်ပြီး “အခုလို လုပ်ရပ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ကို မစင်သုတ်လိမ်းတယ်ဆိုတာ ပြောမယ်ဆိုရင် လူမျက်နှာနဲ့ မစင်ဟာ မအပ်စပ်တဲ့ အရာပါ။ ဒါ လူ့ဂုဏ်သိက္ခာ၊ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာ၊ နောက် ဆရာမက တကယ်လုပ်တာလား။ ဟုတ်တယ် ဆိုရင် ဆရာ၊ ဆရာမရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာပေါ့နော်။

တကယ်တမ်း လုပ်ရမယ့်ဟာတွေကတော့ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာ ပညာရေးပိုင်းအကြီးအကဲတွေက အောက်ခြေအထိ စုံစမ်းစစ်ဆေးရမဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်တမ်းမှန်လို့ရှိရင် အရေးယူတဲ့အပိုင်းတွေ ဖြစ်သင့်တာပေါ့လေ။ ”လို့ ရှမ်းပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောကြားခဲ့ပါတယ်။

Credit : popolay

LEAVE A REPLY