Zawgyi ျဖင့္ဖတ္ရန္

ဂရိ ႏိုင္ငံ၌ က်င္းပသည့္ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာသည္ ဗိုလ္လုပြဲအဆင့္သို႔ တက္ေရာက္ခဲ့ေသာ္လည္း မေလးရွားကစားသမားကို ရႈံးနိမ့္ခဲ့သျဖင့္ ေငြတံဆိပ္ျဖင့္သာ ေက်နပ္ခဲ့ရသည္။

ၾသဂုတ္ ၁၁ ရက္က က်င္းပသည့္ Greece Hellas Open 2019 ၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ သက္ထားသူဇာသည္ မေလးရွားကစားသမား ကီဆိုနာကို အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၿပီး (၂၁-၁၄) (၂၁-၉) မွတ္ျဖင့္ ႏွစ္ပြဲျပတ္ ရႈံးနိမ့္ခဲ့သည္။

သက္ထားသူဇာသည္ ယင္းၿပိဳင္ပြဲ ရႈံးထြက္ပထမအဆင့္တြင္ ဟန္ေဂရီကစားသမားကို ႏွစ္ပြဲျပတ္၊ ဒုတိယအဆင့္တြင္ ပိုလန္ကစားသမားကို ႏွစ္ပြဲျပတ္၊ ကြာတားအဆင့္တြင္ ယူကရိန္းကစားသမားကို ႏွစ္ပြဲျပတ္၊ အႀကိဳဗိုလ္လုပြဲတြင္ ျပင္သစ္ကစားသမားကို ႏွစ္ပြဲ တစ္ပြဲျဖင့္ အႏိုင္ရၿပီး ဗိုလ္လုပြဲသို႔ တက္ေရာက္ခဲ့ျခင္း ျဖစ္သည္။

အသက္ (၂၁) အ႐ြယ္ ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာသည္ လက္ရွိတြင္ ႏိုင္ငံတကာ ၾကက္ေတာင္ၿပိဳင္ပြဲမ်ား၌ ေ႐ႊတံဆိပ္ ေျခာက္ခုႏွင့္ ေငြတံဆိပ္ ႏွစ္ခု ဆြတ္ခူးထားသည္။

သက္ထားသူဇာဟာ ဟယ္လက္စ္အိုးပင္းၿပိဳင္ပြဲအၿပီးမွာ ဂရိႏိုင္ငံကေန ဘူလ္ေဂးရီးယားႏိုင္ငံ၊ ဆိုဖီယာၿမိဳ႕ကို ခရီးဆက္မွာျဖစ္ၿပီး ဘူလ္ေဂးရီးယားအိုးပင္းၿပိဳင္ပြဲ(Bulgarian Open Championship 2019)ဆင္ႏႊဲမွာျဖစ္ပါတယ္။ ဘူလ္ေဂးရီးယားအိုးပင္းၿပိဳင္ပြဲကို ၾသဂုတ္လ (၁၂)ရက္ေန႔ကေန ၾသဂုတ္လ (၁၅)ရက္ေန႔အထိ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

Bulgarian Open Championship 2019 ၿပိဳင္ပြဲရဲ႕ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲမွာ ပြဲစဥ္ဇယား ေရးဆြဲမႈအရ သက္ထားသူဇာအေနနဲ႔ ကီဆိုနာဆယ္ဗာဒူေရးကို မေက်ပြဲျပန္ႏႊဲခြင့္ရမွာျဖစ္ပါတယ္။ ပြဲစဥ္ဇယား ေရးဆြဲမႈအရ သက္ထားသူဇာအေနနဲ႔ ကီဆိုနာဆယ္ဗာဒူေရးကို ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံမယ့္အေနအထားရွိေနပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဂရိ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ငွေတံဆိပ် ရရှိ

ဂရိ နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သော်လည်း မလေးရှားကစားသမားကို ရှုံးနိမ့်ခဲ့သဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

သြဂုတ် ၁၁ ရက်က ကျင်းပသည့် Greece Hellas Open 2019 ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် မလေးရှားကစားသမား ကီဆိုနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး (၂၁-၁၄) (၂၁-၉) မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။

သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်ပထမအဆင့်တွင် ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် ပိုလန်ကစားသမားကို နှစ်ပွဲပြတ်၊ ကွာတားအဆင့်တွင် ယူကရိန်းကစားသမားကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမားကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၁) အရွယ် မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် လက်ရှိတွင် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲများ၌ ရွှေတံဆိပ် ခြောက်ခုနှင့် ငွေတံဆိပ် နှစ်ခု ဆွတ်ခူးထားသည်။

သက်ထားသူဇာဟာ ဟယ်လက်စ်အိုးပင်းပြိုင်ပွဲအပြီးမှာ ဂရိနိုင်ငံကနေ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့ကို ခရီးဆက်မှာဖြစ်ပြီး ဘူလ်ဂေးရီးယားအိုးပင်းပြိုင်ပွဲ(Bulgarian Open Championship 2019)ဆင်နွှဲမှာဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားအိုးပင်းပြိုင်ပွဲကို သြဂုတ်လ (၁၂)ရက်နေ့ကနေ သြဂုတ်လ (၁၅)ရက်နေ့အထိ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Bulgarian Open Championship 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ပွဲစဉ်ဇယား ရေးဆွဲမှုအရ သက်ထားသူဇာအနေနဲ့ ကီဆိုနာဆယ်ဗာဒူရေးကို မကျေပွဲပြန်နွှဲခွင့်ရမှာဖြစ်ပါတယ်။ ပွဲစဉ်ဇယား ရေးဆွဲမှုအရ သက်ထားသူဇာအနေနဲ့ ကီဆိုနာဆယ်ဗာဒူရေးကို ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့်အနေအထားရှိနေပါတယ်။

share from : burmese.asia

LEAVE A REPLY