Zawgyi ျဖင့္ဖတ္ရန္

 

ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳ ႏိုင္ငံတကာ ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈမ်ား ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာကို က်န္မာေရး ႏွင့္ အားကစားဝန္ႀကီးဌာမွ ဂုဏ္ျပဳဆုေငြ က်ပ္သိန္း ၂၀၀ ေပးအပ္ခ်ီးျမႇင့္ ခဲ့သည္။

၂၀၁၈-၂၀၁၉ ခုႏွစ္အတြင္း ႏိုင္ငံတကာအားကစားၿပိဳင္ပြဲမ်ား ႏွင့္ အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့သည့္ ႏိုင္ငံတကာအားကစားၿပိဳင္ပြဲမ်ားတြင္ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေသာ အားကစားသမားမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ က်ိဳကၠဆံကြင္းရွိ အားကစားႏွင့္ ကာယသိပၸံ ျပည္ေထာင္စုခန္းမ၌ ယေန႔( ၾသဂုတ္လ ၃၀ရက္)တြင္ က်င္းပခဲ့ၿပီး ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာက ဆုေငြ က်ပ္သိန္း ၂၀၀ကို လက္ခံရရွိခဲ့ျခင္း ျဖစ္သည္။

သက္ထားသူဇာသည္ ၂၀၁၈ ႏွစ္ကုန္ပိုင္း၌ အီဂ်စ္အင္တာေနရွင္နယ္စီးရီး ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲ၌ခ်န္ပီယံဆု၊ နီေပါ အင္တာေနရွင္နယ္စီးရီး ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲတြင္ ဒုတိဆုတို႔ကိုရရွိခဲ့ၿပီးေနာက္ ၂၀၁၉ခုႏွစ္အတြင္း၌ ကင္ညာ၊ ယူဂႏၶာ၊ ေမာရစ္သွ်၊ ဘီနင္၊ အိုင္ဗရီကို႔စ္ အင္တာေနရွင္နယ္စီးရီးၿပိဳင္ပြဲတို႔၌ ခ်န္ပီယံဆုမ်ား ႏွင့္ ဂရိအင္တာေနရွင္နယ္ စီးရီးၿပိဳင္ပြဲတြင္ ဒုတိယဆုတို႔ကို ဆက္တိုက္ရယူႏိုင္ခဲ့သည္။

ထို႔ျပင္ သက္ထားသူဇာသည္ ၂၀၁၉ခုႏွစ္အတြင္း၌ လက္က်န္ပြဲမ်ားအျဖစ္ စက္တင္ဘာ ၁၀မွ ၁၅ ရက္အထိ က်င္းပသြားမည့္ ျမန္မာအင္တာေနရွင္နယ္စီးရီးၿပိဳင္ကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ထို႔ေနာက္ ေမာ္လ္ဒိုက္၊ အီဂ်စ္၊ အိႏၵိယ ႏိုင္ငံတကာၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲမ်ား ႏွင့္ ဒီဇင္ဘာလအတြင္း၌ က်င္းပသြားမည့္ ဖိလစ္ပိုင္ ဆီးဂိမ္းစ္ၿပိဳင္ပြဲတို႔ကို ဆက္တိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမည္ျဖစ္သည္။

share from:burmese.asia

Unicode ဖြင့်ဖတ်ရန်

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀၀ ချီးမြှင့်

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာကို ကျန်မာရေး နှင့် အားကစားဝန်ကြီးဌာမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀၀ ပေးအပ်ချီးမြှင့် ခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများ နှင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယသိပ္ပံ ပြည်ထောင်စုခန်းမ၌ ယနေ့( သြဂုတ်လ ၃၀ရက်)တွင် ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာက ဆုငွေ ကျပ်သိန်း ၂၀၀ကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ နှစ်ကုန်ပိုင်း၌ အီဂျစ်အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ၌ချန်ပီယံဆု၊ နီပေါ အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိဆုတို့ကိုရရှိခဲ့ပြီးနောက် ၂၀၁၉ခုနှစ်အတွင်း၌ ကင်ညာ၊ ယူဂန္ဓာ၊ မောရစ်သျှ၊ ဘီနင်၊ အိုင်ဗရီကို့စ် အင်တာနေရှင်နယ်စီးရီးပြိုင်ပွဲတို့၌ ချန်ပီယံဆုများ နှင့် ဂရိအင်တာနေရှင်နယ် စီးရီးပြိုင်ပွဲတွင် ဒုတိယဆုတို့ကို ဆက်တိုက်ရယူနိုင်ခဲ့သည်။

ထို့ပြင် သက်ထားသူဇာသည် ၂၀၁၉ခုနှစ်အတွင်း၌ လက်ကျန်ပွဲများအဖြစ် စက်တင်ဘာ ၁၀မှ ၁၅ ရက်အထိ ကျင်းပသွားမည့် မြန်မာအင်တာနေရှင်နယ်စီးရီးပြိုင်ကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ထို့နောက် မော်လ်ဒိုက်၊ အီဂျစ်၊ အိန္ဒိယ နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲများ နှင့် ဒီဇင်ဘာလအတွင်း၌ ကျင်းပသွားမည့် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ကို ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

share from:burmese.asia

LEAVE A REPLY