Zawgyi ျဖင့္ဖတ္ရန္

 

ခ်စ္ျခင္းေမတၱာဟာ ဆန္းက်ယ္ သေလာက္ နက္ရႈိင္းမႈ ရွိပါတယ္။ အေပၚယံ ပကာသနေတြ အေပၚ စြဲလမ္းၿပီး ခ်စ္တာေတြ၊ ႐ုပ္ရည္႐ူပကာကို ၾကည့္ၿပီး ခ်စ္တာေတြ စတဲ့ အေပၚယံကိုၾကည့္ၿပီး ခ်စ္ႀကိဳက္သူေတြ မ်ားစြာရွိတဲ့ အထဲမွာ တကယ့္ေမတၱာစစ္၊ ေမတၱာမွန္နဲ႔ ခ်စ္ႀကိဳက္တဲ့ ခ်စ္သူေတြလည္း ရွိပါတယ္။

အေပၚယံပကာသနေတြအေပၚ စြဲလမ္းၿပီး ခ်စ္တာဟာ ခဏတာ ယာယီ အခ်ိန္ေလးသာ ေပွ်ာ္႐ႊင္မႈကို ဖန္တီးႏိုင္ေပမဲ့ တကယ့္ စစ္မွန္တဲ့ အခ်စ္စစ္နဲ႔ ခ်စ္တဲ့ သူကသာ ထာဝရ ခိုင္ၿမဲတဲ့ အခ်စ္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္ ။ လက္ေတြ႕ဘဝမွာေတာ့ တကယ့္ အခ်စ္စစ္နဲ႔ ခ်စ္တယ္ဆိုတာ ရွားလြန္း ပါတယ္ ။ အေပၚယံ ပကာသနေတြ၊ ႐ုပ္ရည္႐ူပကာေတြကိုသာ ၾကည့္ၿပီး ခ်စ္တဲ့သူေတြက မ်ားပါတယ္။

ကိုယ္ဘက္က ဘယ္ေလာက္ပဲ ခ်စ္တယ္ေျပာေျပာ ကိုယ္ခ်စ္တဲ့ သူက အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡိတ ဘဝ ေရာက္သြား တာမ်ိဳး၊ သူရဲ႕ အလွတရား ပ်က္သြားတာ မ်ိဳးဆို သင့္ဘက္က ေမတၱာမေလ်ာ့ဘဲ ဆက္ခ်စ္ႏိုင္ပါ့ ဦးမလား။ တကယ္ေတာ့ ဒီလိုအေျခအေနေတြမွာ ဆက္ခ်စ္ေပးႏိုင္တဲ့ သူက အလြန္ ရွားလြန္း ပါတယ္။

ဒါေပမဲ့ ယခုေျပာျပမဲ့ အျဖစ္အပ်က္ေလး ကေတာ့ ခင္ပြန္းသည္က ႐ုပ္ဆိုးလြန္းလို႔ အျခားသူေတြရဲ႕ အျပစ္တင္ ေဝဖန္ျခင္းကို ခံရေပမဲ့ မိန္းကေလးဘက္က သူ႔မရဲ႕ ခင္ပြန္သည္ အေပၚ ေမတၱာမပ်က္ပဲ ခ်စ္ေနေပးတဲ့ အျဖစ္အပ်က္ေလး တစ္ခုပဲျဖစ္ပါတယ္ ။ Deng San Pedro အမည္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ ခင္ပြန္းသည္နဲ႔ အတူ႐ိုက္ထားတဲ့ ပုံကို ဆိုရွယ္ မီဒီယာမွာ တင္တဲ့အခါ သူမနဲ႔ ခင္ပြန္းသည္ရဲ႕ ႐ုပ္ရည္ဟာ အလြန္ ကြာဟမႈ ရွိတာေၾကာင့္ လူအမ်ားရဲ႕ အျပစ္တင္ ေဝဖန္ျခင္းကို မ်ားစြာမွတ္ခ်က္ ေပးခံခဲ့ရပါတယ္ ။

သူမနဲ႔ အတူ ဓာတ္ပုံတြဲ႐ိုက္ဖို႔ေတာင္ မတန္တဲ့ အေၾကာင္း၊ သူမကိုလည္း ယူစရာေယာက်္ား ဒီေလာက္ေတာင္ ရွားသလား ဆိုၿပီး စတဲ့ တစ္ေယာက္ တစ္မ်ိဳးနဲ႔ ေပါင္းစုံ အျပစ္တင္ ေဝဖန္ေျပာဆိုျခင္းကို ခံခဲ့ရ ပါတယ္ ။ ဒါေပမဲ့ Deng San Pedro ကေတာ့ လူအမ်ားရဲ႕ အျပစ္တင္ ေျပာဆိုေနတဲ့ မွတ္ခ်က္ေပးမႈ ေတြကို လ်စ္လ်ဴရႈ႕ၿပီး လွလွ ပပ နဲ႔ ျပန္လည္ တုံ႔ျပန္ခဲ့ ပါတယ္။

သူရဲ႕ ေျပာဆိုမႈမွာ ” ရွင္တို႔ေျပာတဲ့ ကြာျပားျခားနားမႈကို ကြၽန္မ ကိုယ္တိုင္ သိျမင္ပါတယ္ ဒါေပမဲ့ အခ်စ္ကို အျပင္ပိုင္း ႐ုပ္ရည္နဲ႔ ပကာသနကို ၾကည့္ၿပီး ဆုံးျဖတ္တာ ကေတာ့ အေပါစား ဆန္ပါတယ္။ ယခု လက္ရွိ ရရွိထားတဲ့ ဘဝကို ကြၽန္မကိုယ္တိုင္ ေက်နပ္တယ္။ သူ႔ကို ပိုင္ဆိုင္ထားလို႔ ကြၽန္မအလြန္ ကံကာင္းပါတယ္” လို႔ ျပန္လည္ တုံ႔ျပန္ခဲ့ ပါတယ္။

အခ်စ္မွာ မ်က္စိ မရွိဘူး ဆိုတဲ့ ဆို႐ိုးစကား အတိုင္း တကယ္ ခ်စ္သြားတဲ့ အခါ တစ္ဖက္သူရဲ႕ အားနည္းခ်က္ေတြကို မျမင္ေတာ့ဘဲ ကိုယ့္ခ်စ္သူက သူမ်ားအျမင္မွာ ဘယ္ေလာက္ပဲ ႐ုပ္ဆိုးဆိုး ျမင္ေနပါေစ ကိုယ့္အၾကည့္ မွာေတာ့ သူဟာ မင္းသားတစ္ပါးလို ပါပဲ ။

တေယာက္နဲ႔ တေယာက္ သံေယာဇဥ္ေတြႀကီးမားၿပီး စိတ္ထဲက ႏွစ္ႏွစ္ခါခါ ခ်စ္သြားတဲ့ အခါ နားလည္ခြင့္လႊတ္မႈ ဆိုတာလည္း သူ႔အလိုလို ေပၚလာ ပါလိမ့္မယ္။ ဒီလိုအခ်စ္နဲ႔ တည္ေဆာက္တဲ့ အိမ္ေထာင္ေရက ႐ုပ္ရည္႐ူပကာနဲ႔ အေပၚယံပကာ သနေတြနဲ႔ တည္ေဆာက္တဲ့ အိမ္ေထာင္ေရးထက္ အမ်ားႀကီး ခိုင္ၿမဲမႈ ရွိပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ခင်ပွန်းသည် ရုပ်ဆိုးလို့ အများက ဝေဖန်အပြစ်တင်ကျပေမဲ့ မေတ္တာမပျက် ဆက်ချစ်နေတဲ့ ကောင်မလေး

ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ် သလောက် နက်ရှိုင်းမှု ရှိပါတယ်။ အပေါ်ယံ ပကာသနတွေ အပေါ် စွဲလမ်းပြီး ချစ်တာတွေ၊ ရုပ်ရည်ရူပကာကို ကြည့်ပြီး ချစ်တာတွေ စတဲ့ အပေါ်ယံကိုကြည့်ပြီး ချစ်ကြိုက်သူတွေ များစွာရှိတဲ့ အထဲမှာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်ကြိုက်တဲ့ ချစ်သူတွေလည်း ရှိပါတယ်။

အပေါ်ယံပကာသနတွေအပေါ် စွဲလမ်းပြီး ချစ်တာဟာ ခဏတာ ယာယီ အချိန်လေးသာ ပျှော်ရွှင်မှုကို ဖန်တီးနိုင်ပေမဲ့ တကယ့် စစ်မှန်တဲ့ အချစ်စစ်နဲ့ ချစ်တဲ့ သူကသာ ထာဝရ ခိုင်မြဲတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။ လက်တွေ့ဘဝမှာတော့ တကယ့် အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ ရှားလွန်း ပါတယ် ။ အပေါ်ယံ ပကာသနတွေ၊ ရုပ်ရည်ရူပကာတွေကိုသာ ကြည့်ပြီး ချစ်တဲ့သူတွေက များပါတယ်။

ကိုယ်ဘက်က ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ကိုယ်ချစ်တဲ့ သူက အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခိတ ဘဝ ရောက်သွား တာမျိုး၊ သူရဲ့ အလှတရား ပျက်သွားတာ မျိုးဆို သင့်ဘက်က မေတ္တာမလျော့ဘဲ ဆက်ချစ်နိုင်ပါ့ ဦးမလား။ တကယ်တော့ ဒီလိုအခြေအနေတွေမှာ ဆက်ချစ်ပေးနိုင်တဲ့ သူက အလွန် ရှားလွန်း ပါတယ်။

ဒါပေမဲ့ ယခုပြောပြမဲ့ အဖြစ်အပျက်လေး ကတော့ ခင်ပွန်းသည်က ရုပ်ဆိုးလွန်းလို့ အခြားသူတွေရဲ့ အပြစ်တင် ဝေဖန်ခြင်းကို ခံရပေမဲ့ မိန်းကလေးဘက်က သူ့မရဲ့ ခင်ပွန်သည် အပေါ် မေတ္တာမပျက်ပဲ ချစ်နေပေးတဲ့ အဖြစ်အပျက်လေး တစ်ခုပဲဖြစ်ပါတယ် ။ Deng San Pedro အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းသည်နဲ့ အတူရိုက်ထားတဲ့ ပုံကို ဆိုရှယ် မီဒီယာမှာ တင်တဲ့အခါ သူမနဲ့ ခင်ပွန်းသည်ရဲ့ ရုပ်ရည်ဟာ အလွန် ကွာဟမှု ရှိတာကြောင့် လူအများရဲ့ အပြစ်တင် ဝေဖန်ခြင်းကို များစွာမှတ်ချက် ပေးခံခဲ့ရပါတယ် ။

သူမနဲ့ အတူ ဓာတ်ပုံတွဲရိုက်ဖို့တောင် မတန်တဲ့ အကြောင်း၊ သူမကိုလည်း ယူစရာယောကျ်ား ဒီလောက်တောင် ရှားသလား ဆိုပြီး စတဲ့ တစ်ယောက် တစ်မျိုးနဲ့ ပေါင်းစုံ အပြစ်တင် ဝေဖန်ပြောဆိုခြင်းကို ခံခဲ့ရ ပါတယ် ။ ဒါပေမဲ့ Deng San Pedro ကတော့ လူအများရဲ့ အပြစ်တင် ပြောဆိုနေတဲ့ မှတ်ချက်ပေးမှု တွေကို လျစ်လျူရှု့ပြီး လှလှ ပပ နဲ့ ပြန်လည် တုံ့ပြန်ခဲ့ ပါတယ်။

သူရဲ့ ပြောဆိုမှုမှာ ” ရှင်တို့ပြောတဲ့ ကွာပြားခြားနားမှုကို ကျွန်မ ကိုယ်တိုင် သိမြင်ပါတယ် ဒါပေမဲ့ အချစ်ကို အပြင်ပိုင်း ရုပ်ရည်နဲ့ ပကာသနကို ကြည့်ပြီး ဆုံးဖြတ်တာ ကတော့ အပေါစား ဆန်ပါတယ်။ ယခု လက်ရှိ ရရှိထားတဲ့ ဘဝကို ကျွန်မကိုယ်တိုင် ကျေနပ်တယ်။ သူ့ကို ပိုင်ဆိုင်ထားလို့ ကျွန်မအလွန် ကံကာင်းပါတယ်” လို့ ပြန်လည် တုံ့ပြန်ခဲ့ ပါတယ်။

အချစ်မှာ မျက်စိ မရှိဘူး ဆိုတဲ့ ဆိုရိုးစကား အတိုင်း တကယ် ချစ်သွားတဲ့ အခါ တစ်ဖက်သူရဲ့ အားနည်းချက်တွေကို မမြင်တော့ဘဲ ကိုယ့်ချစ်သူက သူများအမြင်မှာ ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး မြင်နေပါစေ ကိုယ့်အကြည့် မှာတော့ သူဟာ မင်းသားတစ်ပါးလို ပါပဲ ။

တယောက်နဲ့ တယောက် သံယောဇဉ်တွေကြီးမားပြီး စိတ်ထဲက နှစ်နှစ်ခါခါ ချစ်သွားတဲ့ အခါ နားလည်ခွင့်လွှတ်မှု ဆိုတာလည်း သူ့အလိုလို ပေါ်လာ ပါလိမ့်မယ်။ ဒီလိုအချစ်နဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေက ရုပ်ရည်ရူပကာနဲ့ အပေါ်ယံပကာ သနတွေနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးထက် အများကြီး ခိုင်မြဲမှု ရှိပါတယ်။

share from : burmese.asia

LEAVE A REPLY