Zawgyi ဖြင့်ဖတ်ရန်





(၃) မျက်နှာအညိုမခံဘူး




Credit : aunty may

Unicode ဖြင့်ဖတ်ရန်

အပိုတွေမပြောဘဲ အချစ်စစ်နဲ့ နှစ်နှစ်ကာကာ ချစ်တတ်သူတစ်ယောက်ရဲ့ အပြုအမူ(၄)မျိုး

ပျိုမေတို့အနေနဲ့ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကို ချစ်တယ်လို့ တဖွဖွမပြောလို့၊ လူတွေအထင်ကြီးအောင် အရိပ်တကြည့်ကြည့်ဂရုမစိုက်လို့ ငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လားဆိုပြီး သံသယတွေဝင်တတ်လား။ တကယ်တော့ အဲ့ဒီလိုတွေမလုပ်ပေးလို့ ငါ့ကိုချစ်တာမဟုတ်ဘူးဆိုပြီး မစွပ်စွဲလိုက်ပါနဲ့ဦး။ သူက ဒီအချက်လေးတွေလုပ်ပေးတယ်ဆိုရင် ပျိုမေတို့ကို တကယ်ချစ်လို့ပါနော်။

(၁) စိတ်ပူရအောင်မလုပ်ဘူး

ကိုယ့်မျက်ကွယ်မှာရောက်နေရင်တောင် သူ့ကိုစိတ်မချဖြစ်နေအောင်၊ စိတ်ပူရအောင်မလုပ်တတ်ဘူး။ ကိုယ့်ဘက်က လိုက်ပြီးချုပ်ချယ်တားဆီးနေစရာမလိုဘဲ သူ့ဘက်က အနေအထိုင်ဆင်ခြင်တယ်၊ ဇာတ်လမ်းတွေမရှုပ်ဘူး။ ဒီလိုမျိုး ကိုယ့်ကိုစိတ်ပူရအောင်မလုပ်ဘူးဆိုတဲ့အချက်ကိုကြည့်ပြီး ကိုယ့်ကိုဘယ်လောက်ချစ်လဲသိနိုင်ပါတယ်။

(၂) ပျော်စရာဒိတ်လေးတွေရှိတယ်
အလုပ်ပိတ်ရက်မှာ ကော်ဖီဆိုင်အတူတူထိုင်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုး၊ အတူတူ bar သွားတာမျိုးတွေရှိတယ်။ တခြားသူတွေနဲ့သွားပြီး ကိုယ်နဲ့ကျမအားတာမျိုး၊ ကိုယ့်အတွက်အချိန်မရှိတာမျိုးလုံးဝမရှိဘူး။ ဒါကလည်း သူ့ရဲ့အချစ်ကိုသိသာစေတဲ့အချက်တစ်ချက်ပါပဲ။

(၃) မျက်နှာအညိုမခံဘူး

ကိုယ်တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေရင်ချက်ချင်းသိပြီး စိတ်ပြန်ပျော်သွားအောင် ကြိုးစားတတ်တယ်။ သူ့ကြောင့် သင်စိတ်ဆင်းရဲမှာစိုးပြီး သင့်ကိုပျော်စေချင်တဲ့စိတ်မျိုးပဲရှိတာဟာ ချစ်တာမဟုတ်ရင် ဘာများဖြစ်နိုင်ဦးမှာလဲ။

(၄) သူ့ထက်ကိုယ့်ကိုပိုဂရုစိုက်တယ်

သူ့ကိုယ်သူထက် သင့်ကိုပိုဂရုစိုက်တယ်၊ သင်နေမကောင်းဖြစ်မှာကို အရမ်းစိုးရိမ်တတ်တယ်၊ သင်နဲ့မတည့်တဲ့အစားအစာ၊ မတည့်တဲ့ဆေးအမျိုးအစား စတာတွေကို သူကပိုမှတ်မိနေတာမျိုး။ ဒါကလည်း တကယ်ချစ်တဲ့သူမှလုပ်နိုင်မယ့် အပြုအမူမျိုးပါပဲ။

Credit : aunty may

LEAVE A REPLY