Zawgyi ျဖင့္ဖတ္ရန္

 

မ်က္စိနဲ႔မျမင္ရတဲ့ ပိုးမႊားအေကာင္ေလးေတြက ဆီးလမ္းေၾကာင္းထဲကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝင္ေရာက္သြားတဲ့အခါ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ ေရာဂါလကၡဏာေတြ စတင္ျပပါတယ္။ ဘက္တီးရီးယား၊ မႈိေရာဂါပိုး၊ အလြန္ရွားပါးတဲ့ အေျခအေနမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံရျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေလ့လာေတြ႔ရွိခ်က္အရ အမ်ိဳးသမီးေတြရဲ႕ ဆီးလမ္းေၾကာင္းဟာ အမ်ိဳးသားေတြထက္ တိုလြန္းတာေၾကာင့္ ဆီးလမ္းေၾကာင့္ပိုးဝင္ႏိုင္ေျခ ၄ဆ ပိုမ်ားပါတယ္။ ဆီးလမ္းေၾကာင္းတြင္းသို႔ ပိုးဝင္တဲ့အခါ ဒီေရာဂါပိုးဟာ ေက်ာက္ကပ္၊ ဆီးအိမ္၊ ဆီးစြန္႔ျပြန္ထိပါ ကူးစက္ဝင္ေရာက္ျပီး အတြင္းကေန ပ်က္စီးေစကာ လုပ္ေဆာင္ခ်က္မ်ားကို က်ဆင္းေစပါတယ္။

ဆီးလမ္းေၾကာင္း ပိုးဝင္ျပီဆိုတာ ဘယ္လိုသိႏိုင္မလဲ။တစ္ခါတေလမွာ ေရာဂါလကၡဏာ လံုးဝမျပတတ္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ အကယ္လို႔ လကၡဏာျပျပီဆိုရင္ေတာ့ဆီးသြားတဲ့အခ်ိန္ လိင္အဂၤါတြင္း ပူစပ္ပူေလာင္ျဖစ္ေနတာဆီးေတာ့ ခဏခဏ သြားတယ္၊ ဆီးထြက္တာ နည္းေနတာဆီးစြန္႔ခ်င္စိတ္ ထိန္းမရေအာင္ ျဖစ္ေနတာဆီးထဲမွာ ေသြးပါတားအေရာင္က အျဖဴေရာင္ေနာက္က်ိက်ိ အေရာင္ျဖစ္ေနတာဆီးအေရာင္က အညိဳပုပ္ေရာင္ဘက္ကို သမ္းေနတာဆီးအနံ႔ အရမ္းျပင္းလြန္းတာအမ်ိဳးသမီးေတြမွာဆိုရင္ တင္ပါးဆံုရိုး ေအာင့္ျပီး
အမ်ိဳးသားေတြမွာ စအိုပတ္လည္က နာက်င္ေနတာ စတဲ့ လကၡဏာေတြကို အမ်ားဆံုး ေတြ႔ရပါတယ္။သိပ္ကို ျပင္းထန္လြန္းတဲ့အေျခအေန သို႔မဟုတ္ ဆီးလမ္းေၾကာင္းအတြင္းဘက္သို႔ ကူးစက္ခံရတဲ့အခါေက်ာနဲ႔ ေဘးပတ္လည္မွာ နာက်င္ျပီး ေအာင့္ေနသလို ခံစားရတာခ်မ္းစိမ့္စိမ့္ျဖစ္တာအဖ်ားတက္တာမူးေဝေအာ့အန္ခ်င္တာ စတာေတြပါ ေတြ႔ရပါတယ္။

ေပ်ာက္ကင္းေအာင္ ကုသဖို႔ဆိုရင္ ဘာေတြလုပ္သင့္လဲ။

၁။ အရင္ဆံုး အေပၚမွာ ျပထားတဲ့ လကၡဏာေတြ ေတြ႔ရျပီဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆံုးျပၾကည့္ပါ။

၂။ ဆရာဝန္အေနနဲ႔ လူနာရဲ႕ က်န္းမာေရးအေျခအေန၊ လိင္မႈကိစၥဆိုင္ရာ အေၾကာင္းအရာေတြကို ေမးျမန္းျပီးတဲ့အခါ ဆီးစစ္ခိုင္းပါလိမ့္မယ္။

၃။ ရလာတဲ့ ဆီးနမူနာကို ဓာတ္ခြဲခန္းသို႔ပို႔ျပီး အေျခအေနကို ေလ့လာစစ္ေဆးမွာ ျဖစ္ပါတယ္။

၄။ အေျဖရလာတဲ့အခ်ိန္မွ ကိုယ့္ဆီးလမ္းေၾကာင္းမွာ ရွိေနတဲ့ ေရာဂါပိုးကို အျမန္ဆံုးတိုက္ထုတ္ေပးႏိုင္မယ့္ ပဋိဇီဝေဆး (Antibiotics) ေတြကို ေပးသြားမွာျဖစ္ပါတယ္။

၅။ ဆရာဝန္ရဲ႕ ေဆးအညႊန္းအတိုင္းကို ေသခ်ာေသာက္သြားမယ္ဆိုရင္ အခ်ိန္တိုအတြင္းမွာ အျမစ္ျပတ္ ေပ်ာက္ကင္းသက္သာသြားႏိုင္ပါတယ္။

မျပလို႔ေရာ ရမလား။ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းသည္ ေစာေစာသိျပီး ကုသမႈခံယူရင္ ေပ်ာက္ကင္းဖို႔ အရမ္းလြယ္ပါတယ္။ ပိုးသတ္ေဆး၊ မႈိပိုးသတ္ေဆးေတြ မေသာက္ဘဲနဲ႔ေတာ့ ေရာဂါလံုးဝေပ်ာက္မွာ မဟုတ္ပါဘူး။ အေပၚမွာ ျပထားတဲ့ လကၡဏာေတြသာမက မကုသဘဲ ပစ္ထားလိုက္မယ္ဆိုရင္ ေက်ာက္ကပ္၊ ဆီးအိမ္ပိုးဝင္ျပီး ပ်က္စီးကာ အသက္အႏၱရာယ္ကိုပါ ထိခိုက္ေစႏိုင္တဲ့အထိ ျပင္းထန္သြားႏိုင္ပါတယ္။

ဆီးလမ္းေၾကာင္း ပိုးမဝင္ေအာင္ ဘယ္လိုုကာကြယ္မလဲ။

၁။ တစ္ေန႔ကို ေရ ၃လီတာထက္ မနည္းေသာက္ေပးပါ။

၂။ ဆီးသြားခ်င္ရင္ ေအာင့္မထားပါနဲ႔။ ဆီးကိုလည္း ပံုမွန္သြားေပးပါ။

၃။ အမ်ိဳးသမီးေတြဆိုရင္ မိန္းမကိုယ္ကို သန္႔ရွင္းေရးလုပ္တဲ့အခါ အေရွ႕ဘက္ကေန အေနာက္ဘက္ကို လက္ျဖင့္ဆြဲျပီး သန္႔ရွင္းေရးလုပ္ေပးပါ။

၄။ မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြကိုသာ အသံုးျပဳပါ။ ဆပ္ျပာနဲ႔ တုိက္ခၽြတ္ေဆးတာမ်ိဳး မလုပ္ပါနဲ႔။

၅။ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ လိင္ဆက္ဆံတဲ့အခါ ကြန္ဒံုးကို အသံုးျပဳပါ။

၆။ လိင္ဆက္ဆံျပီး နာရီဝက္အတြင္း ဆီးတစ္ၾကိမ္ သြားပါ။

၇။ အထူးသျဖင့္ စအုိျဖင့္လိင္ဆက္ဆံျပီးတဲ့အခါ ထိုးသြင္းသူ အမ်ိဳးသားအေနနဲ႔ ဆီးသြားဖို႔လိုအပ္တဲ့အျပင္ လိင္အဂၤါကိုပါ ဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာဖို႔လိုအပ္ပါတယ္။

၈။ ဆီးခ်ိဳေရာဂါရွင္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးနဲ႔ အရင္က ဆီးလမ္းေၾကာင္း ပိုးဝင္ဖူးတဲ့သူေတြမွာဆိုရင္ ထပ္ျပီး ျဖစ္ႏုိင္ေျခပိုးမ်ားတာေၾကာင့္ ေသခ်ာဂရုစိုက္ေပးပါ။

၉။ ကိုယ္ခံအားစနစ္ကို ေကာင္းေနဖို႔ အိပ္ေရးဝေအာင္ အိပ္ပါ။ အစာအာဟာရျပည့္ဝစံုလင္စြာ စားေပးပါ။

Credit : hello sayarwon

Unicode ဖြင့်ဖတ်ရန်

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားအကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သွားတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါလက္ခဏာတွေ စတင်ပြပါတယ်။ ဘက်တီးရီးယား၊ မှိုရောဂါပိုး၊ အလွန်ရှားပါးတဲ့ အခြေအနေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် တိုလွန်းတာကြောင့် ဆီးလမ်းကြောင့်ပိုးဝင်နိုင်ခြေ ၄ဆ ပိုများပါတယ်။ ဆီးလမ်းကြောင်းတွင်းသို့ ပိုးဝင်တဲ့အခါ ဒီရောဂါပိုးဟာ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးစွန့်ပြွန်ထိပါ ကူးစက်ဝင်ရောက်ပြီး အတွင်းကနေ ပျက်စီးစေကာ လုပ်ဆောင်ချက်များကို ကျဆင်းစေပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။တစ်ခါတလေမှာ ရောဂါလက္ခဏာ လုံးဝမပြတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကယ်လို့ လက္ခဏာပြပြီဆိုရင်တော့ဆီးသွားတဲ့အချိန် လိင်အင်္ဂါတွင်း ပူစပ်ပူလောင်ဖြစ်နေတာဆီးတော့ ခဏခဏ သွားတယ်၊ ဆီးထွက်တာ နည်းနေတာဆီးစွန့်ချင်စိတ် ထိန်းမရအောင် ဖြစ်နေတာဆီးထဲမှာ သွေးပါတားအရောင်က အဖြူရောင်နောက်ကျိကျိ အရောင်ဖြစ်နေတာဆီးအရောင်က အညိုပုပ်ရောင်ဘက်ကို သမ်းနေတာဆီးအနံ့ အရမ်းပြင်းလွန်းတာအမျိုးသမီးတွေမှာဆိုရင် တင်ပါးဆုံရိုး အောင့်ပြီး
အမျိုးသားတွေမှာ စအိုပတ်လည်က နာကျင်နေတာ စတဲ့ လက္ခဏာတွေကို အများဆုံး တွေ့ရပါတယ်။သိပ်ကို ပြင်းထန်လွန်းတဲ့အခြေအနေ သို့မဟုတ် ဆီးလမ်းကြောင်းအတွင်းဘက်သို့ ကူးစက်ခံရတဲ့အခါကျောနဲ့ ဘေးပတ်လည်မှာ နာကျင်ပြီး အောင့်နေသလို ခံစားရတာချမ်းစိမ့်စိမ့်ဖြစ်တာအဖျားတက်တာမူးဝေအော့အန်ချင်တာ စတာတွေပါ တွေ့ရပါတယ်။

ပျောက်ကင်းအောင် ကုသဖို့ဆိုရင် ဘာတွေလုပ်သင့်လဲ။

၁။ အရင်ဆုံး အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်ပါ။

၂။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာ အကြောင်းအရာတွေကို မေးမြန်းပြီးတဲ့အခါ ဆီးစစ်ခိုင်းပါလိမ့်မယ်။

၃။ ရလာတဲ့ ဆီးနမူနာကို ဓာတ်ခွဲခန်းသို့ပို့ပြီး အခြေအနေကို လေ့လာစစ်ဆေးမှာ ဖြစ်ပါတယ်။

၄။ အဖြေရလာတဲ့အချိန်မှ ကိုယ့်ဆီးလမ်းကြောင်းမှာ ရှိနေတဲ့ ရောဂါပိုးကို အမြန်ဆုံးတိုက်ထုတ်ပေးနိုင်မယ့် ပဋိဇီဝဆေး (Antibiotics) တွေကို ပေးသွားမှာဖြစ်ပါတယ်။

၅။ ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်းကို သေချာသောက်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ အမြစ်ပြတ် ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။

မပြလို့ရော ရမလား။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့ အရမ်းလွယ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုပိုးသတ်ဆေးတွေ မသောက်ဘဲနဲ့တော့ ရောဂါလုံးဝပျောက်မှာ မဟုတ်ပါဘူး။ အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေသာမက မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ကျောက်ကပ်၊ ဆီးအိမ်ပိုးဝင်ပြီး ပျက်စီးကာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ။

၁။ တစ်နေ့ကို ရေ ၃လီတာထက် မနည်းသောက်ပေးပါ။

၂။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ ဆီးကိုလည်း ပုံမှန်သွားပေးပါ။

၃။ အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို လက်ဖြင့်ဆွဲပြီး သန့်ရှင်းရေးလုပ်ပေးပါ။

၄။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကိုသာ အသုံးပြုပါ။ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးတာမျိုး မလုပ်ပါနဲ့။

၅။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို အသုံးပြုပါ။

၆။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ် သွားပါ။

၇။ အထူးသဖြင့် စအိုဖြင့်လိင်ဆက်ဆံပြီးတဲ့အခါ ထိုးသွင်းသူ အမျိုးသားအနေနဲ့ ဆီးသွားဖို့လိုအပ်တဲ့အပြင် လိင်အင်္ဂါကိုပါ ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုအပ်ပါတယ်။

၈။ ဆီးချိုရောဂါရှင်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အရင်က ဆီးလမ်းကြောင်း ပိုးဝင်ဖူးတဲ့သူတွေမှာဆိုရင် ထပ်ပြီး ဖြစ်နိုင်ခြေပိုးများတာကြောင့် သေချာဂရုစိုက်ပေးပါ။

၉။ ကိုယ်ခံအားစနစ်ကို ကောင်းနေဖို့ အိပ်ရေးဝအောင် အိပ်ပါ။ အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးပါ။

Credit : hello sayarwon

LEAVE A REPLY