Zawgyi ဖြင့်ဖတ်ရန်
Writer –Min Thu ( XYZ News )
Unicode ဖြင့်ဖတ်ရန်
ထားခဲ့ပြီးမှ ပြန်ချဉ်းကပ်လာတဲ့ ချစ်သူဟောင်းကို စကားပြန်ပြောခ ယူရို ၁၀၀ တောင်းတဲ့ကောင်မလေး
ကောင်မလေးဒေါသထွက်ရင် ငရဲတစ်ခြမ်းကမ္ဘာပေါ်ရောက်လာသလိုပဲ လို့ လူငယ်တွေကြားမှာပြောလေ့ရှိပါတယ် ။အခုလည်း သူ့ကိုလှ ည့်စားပြီး ကောင်လေးအပေါ် ကောင်မလေးရဲ့ပြန်လည်တုံ့ပြန်ခဲ့ပုံကလည်း အံ့သြစရာပါပဲ ။ Toni Osborne ဟာ သူ့ရဲ့ချစ်သူ Nathan နဲ့လွန် ခဲ့တဲ့ သုံးနှစ်လောက်က အဆက်ဖြတ်ခဲ့တာပါ ။ အဆက်ဖြတ်ခဲ့ရတဲ့အကြောင်းအရင်းကလည်း သူ့ချစ်သူက သူ့အပေါ်အကြိမ်ကြိမ်အခါခါ လိ မ်ခဲ့လို့ပဲဖြစ်ပါတယ် ။
နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေပြီးနောက်မှာတော့ Nathan ဟာ သူ့ရဲ့ချစ်သူ Toni ကို သူနဲ့စကားပြန်ပြောဖို့တောင်းဆိုခဲ့ပါတယ် ။ ဒီတော့ Toni ကလည်း ခပ်ပြတ်ပြတ်ပဲ ၊ တကယ်လို့ ယူရို ၁၀၀ ပေးရင် စကားပြန်ပြောမယ်ဆိုပြီးတော့ သူ့ရဲ့ရည်းစားဟောင်းကိုပြောခဲ့တာပါ ။ Nathan ဟာ Toni ကို စာတွေအဆက်မပြတ်ပို့နေခဲ့ပေမယ့်လည်း Toni က စာတစ်စောင်မှပြန်ပို့ခဲ့ခြင်းမရှိပါဘူး ။
နောက်ဆုံးတော့ Nathan တစ်ယောက် အသည်းတွေပေါက်လာပြီး “မင်းစာပြန်ပို့မယ်ဆိုရင် ကိုယ်ဘာမဆိုလုပ်ပါ့မယ်” ဆိုတဲ့ စာတိုလေး တစ်စောင်ပို့ခဲ့တာပဲဖြစ်ပါတယ် ။ “ယူရို ၁၀၀ ပေး ၊ ဒါဆိုရင် စကားပြန်ပြောမယ်” လို့ Toni ကပြောတဲ့အခါမှာတော့ အချိန်တောင်မဆိုင်းပဲ “မ င်းအကောင့်ပေး ၊ အခုချက်ချင်းငွေလွှဲလိုက်မယ် ၊ မလိမ်ရဘူး ” ဆိုပြီးတော့ချက်ချင်းငွေတွေလွှဲပေးလိုက်တယ်လို့ Toni ကပြောပြပါတယ် ။ Toni ဟာ သူတို့နှစ်ယောက် ပြောဆိုခဲ့တဲ့ စာတွေကို Screen Shot ရိုက်ယူပြီး သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာတင်ထားခဲ့ပါတယ် ။
ထို့အပြင် ဒီပုံအောက်မှာလည်း “‘လှည့်စားတဲ့သူက သူဆိုတာ အားလုံးသိစေချင်တယ် …ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်က စွန့်ပစ်ခံခဲ့ရတဲ့ ငါ့အတွ က်တော့ ဒါက လျော်ကြေးပဲ” လို့ရေးသားထားတာကိုတွေ့ရပါတယ် ။ Toni ရဲ့ပို့စ်ဟာ ချက်ချင်းပဲ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး Like ပေါင်း ၃၂၀၀၀ ကျော်ရရှိခဲ့ကာ သူ့ကိုချီးကျူးခဲ့တဲ့ ကောမန့် ပေါင်း ၃၀၀ ကျော်ရရှိခဲ့ပါတယ် ။ ဒါပေမယ့် သင်ဆိုရင်ရော ….ယူရို ၁၀၀ လောက်နဲ့ သ င့်အပေါ်လှည့်စားအနိုင်ယူခဲ့တဲ့ လူတစ်ယောက်ကို သင့်ဘဝထဲ ပြန်အဝင်ခံမှာလား ။ သင်ဘယ်လိုမြင်လဲဆိုတာ ပြောပြခဲ့ပါဦး ။
Writer –Min Thu ( XYZ News )
LEAVE A REPLY