Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ္ေတြ သေဘာက်ရတဲ့ အႏုပညာရွင္စုံတြဲေတြ ကြဲကြာေနၾကတာ ျမင္ေတာ့ ဘာလို႔လဲဆိုတဲ့ေမးခြန္းေတြက အေတာမသတ္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ႏွစ္ဦး ႏွစ္ဖက္လုံး အဆင္မေျပၾကေတာ့လို႔ေပါ့။ တစ္ေယာက္အေပၚ တစ္ေယာက္ခ်စ္ၿပီး အစစအရာရာနားလည္ႏိုင္မယ္လို႔ယုံၾကည္ထားခဲ့ေပမယ့္ အဖုထစ္ေတြ ၊ ျပႆနာေတြမ်ားလာတဲ့အခါ … ညႇိယူလို႔ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့တဲ့အခါ ကိုယ့္လမ္းကိုယ္ေလွ်ာက္ဖို႔ ေ႐ြးခ်ယ္လိုက္ၾကတာပါပဲ။

ဒါဆို ဘာလို႔ လက္ထပ္ၾကေသးလဲလို႔ ေမးခြန္းေတြ ထြက္လာဦးမွာပါ။ ဘယ္သူမွလည္း မကြဲခ်င္ပါဘူး။ အနာဂတ္မွာ ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွလည္း မျမင္ႏိုင္ခဲ့ဘူး။ အစပိုင္းမွာေတာ့သူနဲ႔ပဲ သက္ဆုံးတိုင္ ေပါင္းသင္းသြားမယ္လို႔ ကိုယ္စီေတြးထားၾကမွာပါ။ခ်စ္သူသက္တမ္း ၾကာလာတာနဲ႔အမွ် သူ႔အေၾကာင္း ၊ ကိုယ့္အေၾကာင္းေတြ သိေလာက္ၿပီလို႔ထင္ထားခဲ့ေပမယ့္ တကယ္တမ္း အတူတူေန ေပါင္းသင္းေနထိုင္ေတာ့မွ အေၾကာင္းသိရတာမ်ိဳးေတြ ရွိပါတယ္။

အခုေခတ္မွာ ကြာရွင္းၾကတာမ်ိဳးက သိပ္ေတာ့မထူးဆန္းေတာ့ပါဘူး။ သူ႔ဘဝနဲ႔ သူပဲဆိုေတာ့
ဘယ္သူမွ ဝင္မစြတ္ဖက္လိုၾကပါဘူး။ တစ္ဖက္မွာလည္း ျပန္ၾကည့္လိုက္ရင္ ႏွစ္ရွည္ကာလၾကာတဲ့ထိ ဘာအသံမွမထြက္၊ ခ်စ္ၿမဲ ခ်စ္ဆဲ ခ်စ္လို႔မဆုံးျဖစ္ေနတဲ့ အတြဲေတြျမင္ရင္လည္း တကယ္အားက်ရပါတယ္။ သစၥာရွိလိုက္ၾကပုံမ်ားဆိုၿပီး ၾကည့္ရတာ စိတ္ခ်မ္းသာရတယ္။

လူတိုင္းဘဝမွာ ႐ိုး႐ိုးရွင္းရွင္း ေအးခ်မ္းစြာပဲ ျဖတ္သန္းခ်င္ၾကမွာပါ။ တစ္ခ်ိဳ႕လူေတြအတြက္ၾကေတာ့လည္း အၿမဲတမ္းရႈပ္ေထြးေနတတ္တယ္။ အခ်ိဳ႕ၾကေတာ့လည္း အခ်စ္ဆိုတာကို စိတ္ကုန္ေနၿပီး တစ္ေယာက္တည္းျဖတ္သန္းလိုၾကတယ္။ အေကာင္းဆုံးကေတာ့ ကိုယ့္အတြက္ မွန္ကန္တဲ့လူနဲ႔ မေတြ႕မခ်င္း တစ္ေယာက္တည္းေအးေဆးေနတာပဲေကာင္းပါတယ္။

မဟုတ္ရင္ တစ္ေယာက္လာလည္း ဒီပုံစံ ၊ ေနာက္တစ္ေယာက္လာလည္း ဒီအခ်ိဳးဆို
သင့္အတြက္ အက်ိဳးမရွိတဲ့အျပင္ စိတ္ေလေစပါတယ္။ ဒါေၾကာင့္ မွန္ကန္တဲ့လူကိုပဲ
ေစာင့္ဆိုင္းပါ။

Credit : trend

Unicode ဖြင့်ဖတ်ရန်

လူတွေအမြင်မှာ အရမ်းချစ်ခဲ့ကြရဲ့သားနဲ့ ဘာလို့ပြတ်စဲမှုတွေဖြစ်လာရတာလဲ

ကိုယ်တွေ သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေ ကွဲကွာနေကြတာ မြင်တော့ ဘာလို့လဲဆိုတဲ့မေးခွန်းတွေက အတောမသတ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့နှစ်ဦး နှစ်ဖက်လုံး အဆင်မပြေကြတော့လို့ပေါ့။ တစ်ယောက်အပေါ် တစ်ယောက်ချစ်ပြီး အစစအရာရာနားလည်နိုင်မယ်လို့ယုံကြည်ထားခဲ့ပေမယ့် အဖုထစ်တွေ ၊ ပြဿနာတွေများလာတဲ့အခါ … ညှိယူလို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခါ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးချယ်လိုက်ကြတာပါပဲ။

ဒါဆို ဘာလို့ လက်ထပ်ကြသေးလဲလို့ မေးခွန်းတွေ ထွက်လာဦးမှာပါ။ ဘယ်သူမှလည်း မကွဲ
ချင်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှလည်း မမြင်နိုင်ခဲ့ဘူး။ အစပိုင်းမှာတော့သူနဲ့ပဲ သက်ဆုံးတိုင် ပေါင်းသင်းသွားမယ်လို့ ကိုယ်စီတွေးထားကြမှာပါ။ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ သူ့အကြောင်း ၊ ကိုယ့်အကြောင်းတွေ သိလောက်ပြီလို့ထင်ထားခဲ့ပေမယ့် တကယ်တမ်း အတူတူနေ ပေါင်းသင်းနေထိုင်တော့မှ အကြောင်းသိရတာမျိုးတွေ ရှိပါတယ်။

အခုခေတ်မှာ ကွာရှင်းကြတာမျိုးက သိပ်တော့မထူးဆန်းတော့ပါဘူး။ သူ့ဘဝနဲ့ သူပဲဆိုတော့
ဘယ်သူမှ ဝင်မစွတ်ဖက်လိုကြပါဘူး။ တစ်ဖက်မှာလည်း ပြန်ကြည့်လိုက်ရင် နှစ်ရှည်ကာလကြာတဲ့ထိ ဘာအသံမှမထွက်၊ ချစ်မြဲ ချစ်ဆဲ ချစ်လို့မဆုံးဖြစ်နေတဲ့ အတွဲတွေမြင်ရင်လည်း တကယ်အားကျရပါတယ်။ သစ္စာရှိလိုက်ကြပုံများဆိုပြီး ကြည့်ရတာ စိတ်ချမ်းသာရတယ်။

လူတိုင်းဘဝမှာ ရိုးရိုးရှင်းရှင်း အေးချမ်းစွာပဲ ဖြတ်သန်းချင်ကြမှာပါ။ တစ်ချို့လူတွေအတွက်ကြတော့လည်း အမြဲတမ်းရှုပ်ထွေးနေတတ်တယ်။ အချို့ကြတော့လည်း အချစ်ဆိုတာကို စိတ်ကုန်နေပြီး တစ်ယောက်တည်းဖြတ်သန်းလိုကြတယ်။ အကောင်းဆုံးကတော့ ကိုယ့်အတွက် မှန်ကန်တဲ့လူနဲ့ မတွေ့မချင်း တစ်ယောက်တည်းအေးဆေးနေတာပဲကောင်းပါတယ်။

မဟုတ်ရင် တစ်ယောက်လာလည်း ဒီပုံစံ ၊ နောက်တစ်ယောက်လာလည်း ဒီအချိုးဆို
သင့်အတွက် အကျိုးမရှိတဲ့အပြင် စိတ်လေစေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့လူကိုပဲ
စောင့်ဆိုင်းပါ။

Credit : trend

LEAVE A REPLY