Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ကျူးလွန်သူမှာ ကိုကိုညီညီဖြစ်ကြောင်း ဗစ်တိုးရီးယား ကိုယ်တိုင် ပြောပြီ

မဖွယ်မရာ ပြုကျင့်ခံခဲ့ရသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှု လေးကြိမ်မြောက် ရုံးချိန်းတွင် ကျူးလွန်သူမှာ ကိုကို ညီညီဖြစ်ကြောင်း ဗစ်တိုးရီးယား ကိုယ်တိုင် ထွက်ဆိုထားသည့် ဗီဒီယိုဖိုင် ကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။ အဆိုပါဗီဒီယိုဖိုင်နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က “ဓါတ်ပုံငါးပုံချပြတယ် နှင်းနုပုံ၊ အောင်ကြီးပုံ ကိုကိုပုံ၊ ညီညီပုံ၊ ကိုကို ညီညီပုံ ငါးပုံပြပြီး စစ်တဲ့အခါမှာ ကိုကိုညီညီ ဓါတ်ပုံကို ခဲတံနဲ့ထိုးပြီးခြေထောက်နဲ့ ကန်တယ် အဲ့ဒါကို ကိုကိုညီညီ လုပ်တာလို့ ပြောတယ်။ ကိုကိုညီညီကို ခဲတံနဲ့ ကလေးကထိုးတယ်။ အောင်ကြီးပုံ မေးတဲ့အခါမှာ အောင်ကြီးက သူ့ကိုလုပ်တဲ့သူ မဟုတ်ဘူးလို့ ကလေးကဖြေတယ်”ဟု မီဒီယာများနှင့်တွေ့ဆုံစဉ် ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်ပါဝင်သည့် Samsung ဖုန်းကို သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တရားရုံးက လက်ခံခဲ့သည်။

အကုန်လုံး ၅ပုံချပြတဲ့အခါမှာ ကလေးကိုမေးတဲ့အခါမှာ ကလေးက အဲဒီ ၅ပုံထဲကမှ အောင်ကြီးကို မသိဘူးလို့ပြောတယ်။ ကိုကိုနဲ့ညီညီကို မီးမီးကိုလုပ်တာ ဒီ ကိုကိုနဲ့ညီညီလို့ ပြောတယ်“ဟု Victoria ၏ ဖခင်မှထွက်ဆိုကြောင်း ကိုအောင်ကျော်မျိုး(ခေါ်)အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။ နောက်တစ်ကြိမ်ရုံးချိန်းကို လာမည့် သြဂုတ်လ ၂၈ ရက်တွင် ပြန်လည် ချိန်းဆိုထားသည်။

share from : burmese.asia

LEAVE A REPLY