Zawgyi ျဖင့္ဖတ္ရန္

 

ဗစ္တိုးရီးယားအမႈႏွင့္ပက္သက္၍ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ား တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္ရွိရန္ လိုအပ္ေၾကာင္း သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္တို႔က သတိေပးေျပာၾကားထားေၾကာင္း သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာသည္။

အထူးျပဳေျပာခ်င္တာက သမၼတႀကီး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေရာ ဒီကိစၥနဲ႔ပက္သက္လို႔ အမႈမွန္ေပၚေပါက္ေရး အထူးမွာၾကား ထားပါတယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိတဲ့သူေတြအေနနဲ႔ ဒီအမႈနဲ႔ ပက္သက္ရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္အဝရွိဖို႔လိုတယ္ဆိုတာ သတိေပးထားပါတယ္’’ဟု ယမန္ေန႔က သမၼတအိမ္ေတာ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ 7Day Daily သတင္းစာ၏ေမးျမန္းမႈကို ျပန္ လည္ေျဖၾကားျခင္းျဖစ္သည္။

ထို႔အတူ (၃)ႏွစ္အ႐ြယ္မိန္း ကေလးငယ္ မဖြယ္မရာျပဳက်င့္မႈ ေပၚေပါက္ၿပီးေနာက္ Wisidom Hill အလယ္တန္းေက်ာင္းႏွင့္ အထက္တန္းေက်ာင္းတို႔ကို စစ္ေဆးရန္ သမၼတ ဦးဝင္းျမင့္က မွာၾကားထားေသာ္လည္း ပညာ ေရးဝန္ႀကီးဌာနဘက္က သီးျခား တင္ျပလာျခင္းမ်ိဳး မရွိေသး ေၾကာင္း ၎က ဆက္လက္ေျပာ သည္။

ဗစ္တိုးရီးယားအမႈတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေအာင္ ႀကီးကို သံသယတရားခံအျဖစ္ သတ္မွတ္ကာ သက္ေသခံအ ေထာက္အထားမ်ားျဖင့္ တရား႐ုံးေတာ္သို႔ထား၍ ေနျပည္ေတာ္ဒကၡိဏခ႐ိုင္႐ုံး၌ စစ္ေဆးေနသည္မွာ ႐ုံးခ်ိန္း သုံးႀကိမ္ရွိၿပီျဖစ္သည္။

အမႈႏွင့္ ပတ္သက္၍ တရား ႐ုံးမွ စစ္ေဆးေနဆဲျဖစ္သျဖင့္ သီးျခားမွတ္ခ်က္မေပးလိုေၾကာင္း ဦးေဇာ္ေဌးက ေျပာသည္။

ယင္းအမႈကို ဗုဒၶဟူးေန႔တိုင္းႏွစ္ပတ္လွ်င္ တစ္ႀကိမ္စစ္ေဆးရန္ တရား႐ုံးက စီစဥ္ထားၿပီး တရားလိုျပသက္ေသ ၂၆ ဦးကို ဒီဇင္ဘာ ၁၈ ရက္ အၿပီးသတ္ စစ္ေဆးမည္ ဟု ဆိုထားသည္။ ဗစ္တိုးရီးယား အမႈႏွင့္ ပတ္သက္၍ အမႈမွန္ ေပၚေပါက္ေရး ႏိုင္ငံအႏွံ႔ ဆႏၵျပ ေတာင္းဆိုမႈမ်ားပင္ ေပၚေပါက္ ခဲ့ၿပီး ရဲတပ္ဖြဲ႕အေပၚ ေဝဖန္မႈမ်ား လည္း ရွိေနသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားအမှု တာဝန်ယူ၊ တာဝန်ခံရန် ရဲတပ်ဖွဲ့ကို သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သတိပေးထား

ဗစ်တိုးရီးယားအမှုနှင့်ပက်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရန် လိုအပ်ကြောင်း သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သတိပေးပြောကြားထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

အထူးပြုပြောချင်တာက သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော ဒီကိစ္စနဲ့ပက်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး အထူးမှာကြား ထားပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီအမှုနဲ့ ပက်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိဖို့လိုတယ်ဆိုတာ သတိပေးထားပါတယ်’’ဟု ယမန်နေ့က သမ္မတအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် 7Day Daily သတင်းစာ၏မေးမြန်းမှုကို ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

ထို့အတူ (၃)နှစ်အရွယ်မိန်း ကလေးငယ် မဖွယ်မရာပြုကျင့်မှု ပေါ်ပေါက်ပြီးနောက် Wisidom Hill အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့ကို စစ်ဆေးရန် သမ္မတ ဦးဝင်းမြင့်က မှာကြားထားသော်လည်း ပညာ ရေးဝန်ကြီးဌာနဘက်က သီးခြား တင်ပြလာခြင်းမျိုး မရှိသေး ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ဗစ်တိုးရီးယားအမှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောင် ကြီးကို သံသယတရားခံအဖြစ် သတ်မှတ်ကာ သက်သေခံအ ထောက်အထားများဖြင့် တရားရုံးတော်သို့ထား၍ နေပြည်တော်ဒက္ခိဏခရိုင်ရုံး၌ စစ်ဆေးနေသည်မှာ ရုံးချိန်း သုံးကြိမ်ရှိပြီဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရား ရုံးမှ စစ်ဆေးနေဆဲဖြစ်သဖြင့် သီးခြားမှတ်ချက်မပေးလိုကြောင်း ဦးဇော်ဌေးက ပြောသည်။

ယင်းအမှုကို ဗုဒ္ဓဟူးနေ့တိုင်းနှစ်ပတ်လျှင် တစ်ကြိမ်စစ်ဆေးရန် တရားရုံးက စီစဉ်ထားပြီး တရားလိုပြသက်သေ ၂၆ ဦးကို ဒီဇင်ဘာ ၁၈ ရက် အပြီးသတ် စစ်ဆေးမည် ဟု ဆိုထားသည်။ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဆန္ဒပြ တောင်းဆိုမှုများပင် ပေါ်ပေါက် ခဲ့ပြီး ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ လည်း ရှိနေသည်။

share from : burmese.asia

LEAVE A REPLY