Zawgyi ျဖင့္ဖတ္ရန္

 

တခ်ိဳ႕ အခ်က္ေလးေတြ ျပန္ရွင္းစရာ ရွိပါတယ္။ ၁- သမီးေလး ၫႊန္ျပတာသည္ ၫႊန္ျပျခင္းပဲ ျဖစ္ပါတယ္။ ဒီကေလး ႏွစ္ေယာက္ပါပဲ လို႔ တထစ္ခ် ေျပာလို႔ မရပါ။ ဒါေၾကာင့္ ဒီကေလး ႏွစ္ေယာက္ပဲ တရားခံ ျဖစ္ရမယ္ ဆိုတဲ့ တထစ္ခ် ေျပာဆို စြပ္စြဲျခင္းေတြ မလုပ္ဖို႔ လိုပါတယ္။ ေနာက္တ ခုက သူတို႔သည္ တရားခံ မဟုတ္ေသးပါ။ ဒါေၾကာင့္ သူတို႔ ပုံေတြကို လူမႈ ကြန္ယက္မွာ ျဖန႔္တာဟာ တဖက္က ၾကည့္ရင္ ၆၆(ဃ) နဲ႔ ညိႏိုင္ သလို တဖက္က ၾကည့္ရင္ သူတို႔လည္း နစ္နာပါတယ္။

၂- အစက ျပမေမးခဲ့ဘူးလားလို႔ ေမးလာရင္ ေျဖစရာ ရွိတာက ဒီအလုပ္သည္ သမီးေလး မိသားစု အလုပ္ မဟုတ္ပါ။ ဒါေၾကာင့္ အမႈစြဲခ်က္ တ င္တဲ့အထိ မလုပ္ခဲ့ပါ။ (ဆိုလိုတာက သက္ဆိုင္ရာ အဖြဲ႕အစည္း အလုပ္ကို ဝင္မေႏွာက္ယွက္ခဲ့ပါ။ မေန႔က ေျပာသလို အဲဒီ အဖြဲ႕အစည္းက လူေတြက အိမ္မွာ ကိုယ့္ဘာသာေမးတာက သက္ေသခံ မဝင္ဘူးလို႔ ေျပာထားတာေၾကာင့္လည္း ပါပါတယ္။)

၃- စြဲခ်က္ တင္ၿပီး ေနာက္ သက္ေသစာရင္း ရလာေတာ့ အမႈမွာ လိမ္လည္တယ္လို႔ ယုံၾကည္ရသူ ႏွင္းႏုေရာ၊ ဒီကေလး ႏွစ္ဦးေရာ တရားလိုျပ သက္ေသ စာရင္းမွာ ပါလာပါတယ္။ စဥ္းစားၾကည့္ရင္ ေတာ္ေတာ္ စိတ္ဆင္းရဲစရာ ေကာင္းတဲ့ ကိစၥပါ။ ဒါေၾကာင့္လဲ အမွန္တရားကို ကို ယ့္ဘာသာ ရွာမွ ျဖစ္ေတာ့မယ္ ဆိုၿပီး သမီးေလးကို ဓာတ္ပုံေတြ ထုတ္ျပၿပီး ေမးခဲ့တာပါ။ ေျပာရရင္ သမီးေလးဟာ ထင္ထားတာတဲ့ ပိုၿပီး ဉာ ဏ္ေကာင္းပါတယ္။ (အစပိုင္း ရက္ေတြမွာ ေၾကာက္ေန ခဲ့လို႔မ်ား ျဖစ္ေလမလားေတာင္ ေတြးမိပါတယ္)

၄- အစက ေအာင္ႀကီးကို လူတန္းစီ စစ္ေဆးျခင္းကို ျငင္းပယ္ခဲ့တာ(၃.၇.၁၉ က လုပ္မလို႔ ေခၚတာပါ) က ေအာင္ႀကီး တေယာက္ထဲ ျပမယ္ ဆိုတာရယ္၊ အခန္းထဲမွာ အားလုံး စုၿပဳံျပေတာ့ ကေလး ေၾကာက္ၿပီး မေျပာမွာ စိုးတာရယ္ေၾကာင့္ပါ။ သံသယနဲ႔ စစ္ေဆးခဲ့သူေတြ အားလုံး တန္းစီ ျပၿပီး သမီးက တဖက္က ၾကည့္မယ္ ဆို အခ်ိန္မေ႐ြး လုပ္ဖို႔ အသင့္ ရွိပါတယ္။

၅- အမႈမွာ ထူးျခားခ်က္ေတြ ေျပာရရင္ (က) စြပ္စြဲခံ ေအာင္ႀကီး ဝင္သြားတာကို သမီးေလး ေဖေဖက ရွာေတြ႕ၿပီး တာဝန္က်ရဲကို ေျပာခဲ့တာပါ (ခ) သမီးေလး က ေအာင္ႀကီးကို ျပတဲ့ ဗီဒီယို ဖိုင္ ရွိေၾကာင္း သမီးေလး ေဖေဖက သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ကို ေျပာခဲ့တာပါ။ (ဒီဖိုင္နဲ႔ စြဲခ်က္ တင္ခဲ့ ပါတယ္) (ဂ) သမီးေလးက ကိုကို ညီညီကို ထိုးျပတဲ့ ဖိုင္ကို သမီးေလး ေဖေဖက ႐ိုက္ယူခဲ့တာပါ။ ဒါပါပဲ။ က်န္တာ ေျပာစရာ မရွိေတာ့ပါ

Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ ကိုကို၊ ညီညီ ဟာ တရားခံ မဟုတ်သေးပါဘူး (ဆရာသက္ကမိုးညို)

တချို့ အချက်လေးတွေ ပြန်ရှင်းစရာ ရှိပါတယ်။ ၁- သမီးလေး ညွှန်ပြတာသည် ညွှန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီကလေး နှစ်ယောက်ပါပဲ လို့ တထစ်ချ ပြောလို့ မရပါ။ ဒါကြောင့် ဒီကလေး နှစ်ယောက်ပဲ တရားခံ ဖြစ်ရမယ် ဆိုတဲ့ တထစ်ချ ပြောဆို စွပ်စွဲခြင်းတွေ မလုပ်ဖို့ လိုပါတယ်။ နောက်တ ခုက သူတို့သည် တရားခံ မဟုတ်သေးပါ။ ဒါကြောင့် သူတို့ ပုံတွေကို လူမှု ကွန်ယက်မှာ ဖြန့်တာဟာ တဖက်က ကြည့်ရင် ၆၆(ဃ) နဲ့ ညိနိုင် သလို တဖက်က ကြည့်ရင် သူတို့လည်း နစ်နာပါတယ်။

၂- အစက ပြမမေးခဲ့ဘူးလားလို့ မေးလာရင် ဖြေစရာ ရှိတာက ဒီအလုပ်သည် သမီးလေး မိသားစု အလုပ် မဟုတ်ပါ။ ဒါကြောင့် အမှုစွဲချက် တ င်တဲ့အထိ မလုပ်ခဲ့ပါ။ (ဆိုလိုတာက သက်ဆိုင်ရာ အဖွဲ့အစည်း အလုပ်ကို ဝင်မနှောက်ယှက်ခဲ့ပါ။ မနေ့က ပြောသလို အဲဒီ အဖွဲ့အစည်းက လူတွေက အိမ်မှာ ကိုယ့်ဘာသာမေးတာက သက်သေခံ မဝင်ဘူးလို့ ပြောထားတာကြောင့်လည်း ပါပါတယ်။)

၃- စွဲချက် တင်ပြီး နောက် သက်သေစာရင်း ရလာတော့ အမှုမှာ လိမ်လည်တယ်လို့ ယုံကြည်ရသူ နှင်းနုရော၊ ဒီကလေး နှစ်ဦးရော တရားလိုပြ သက်သေ စာရင်းမှာ ပါလာပါတယ်။ စဉ်းစားကြည့်ရင် တော်တော် စိတ်ဆင်းရဲစရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကြောင့်လဲ အမှန်တရားကို ကို ယ့်ဘာသာ ရှာမှ ဖြစ်တော့မယ် ဆိုပြီး သမီးလေးကို ဓာတ်ပုံတွေ ထုတ်ပြပြီး မေးခဲ့တာပါ။ ပြောရရင် သမီးလေးဟာ ထင်ထားတာတဲ့ ပိုပြီး ဉာ ဏ်ကောင်းပါတယ်။ (အစပိုင်း ရက်တွေမှာ ကြောက်နေ ခဲ့လို့များ ဖြစ်လေမလားတောင် တွေးမိပါတယ်)

၄- အစက အောင်ကြီးကို လူတန်းစီ စစ်ဆေးခြင်းကို ငြင်းပယ်ခဲ့တာ(၃.၇.၁၉ က လုပ်မလို့ ခေါ်တာပါ) က အောင်ကြီး တယောက်ထဲ ပြမယ် ဆိုတာရယ်၊ အခန်းထဲမှာ အားလုံး စုပြုံပြတော့ ကလေး ကြောက်ပြီး မပြောမှာ စိုးတာရယ်ကြောင့်ပါ။ သံသယနဲ့ စစ်ဆေးခဲ့သူတွေ အားလုံး တန်းစီ ပြပြီး သမီးက တဖက်က ကြည့်မယ် ဆို အချိန်မရွေး လုပ်ဖို့ အသင့် ရှိပါတယ်။

၅- အမှုမှာ ထူးခြားချက်တွေ ပြောရရင် (က) စွပ်စွဲခံ အောင်ကြီး ဝင်သွားတာကို သမီးလေး ဖေဖေက ရှာတွေ့ပြီး တာဝန်ကျရဲကို ပြောခဲ့တာပါ (ခ) သမီးလေး က အောင်ကြီးကို ပြတဲ့ ဗီဒီယို ဖိုင် ရှိကြောင်း သမီးလေး ဖေဖေက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ပြောခဲ့တာပါ။ (ဒီဖိုင်နဲ့ စွဲချက် တင်ခဲ့ ပါတယ်) (ဂ) သမီးလေးက ကိုကို ညီညီကို ထိုးပြတဲ့ ဖိုင်ကို သမီးလေး ဖေဖေက ရိုက်ယူခဲ့တာပါ။ ဒါပါပဲ။ ကျန်တာ ပြောစရာ မရှိတော့ပါ

သက္ကမိုးညို (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY