Zawgyi ဖြင့်ဖတ်ရန်




(၂) အနံ့


(၃) အပြင်ပိုင်း


သက်သေ(၆)ချက်

(၄) အဝါရောင်အကွက်


Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

အတွေ့အကြုံရှိသူတွေပြောကြတဲ့ ဖရဲသီးဝယ်ရင် အသီးကောင်းတာရွေးတတ်ဖို့ နည်းလမ်းများ

အသီးတွေ ဝယ်ရင် ဂျင်းမမိစေဖို့ နည်းလမ်းလေးတွေ သိထားဖို့ လိုပါတယ်။ အခုတစ်ခေါက်မှာ ပြောပြပေးမှာကတော့ ဖရဲသီး ရွေးဝယ်နည်းပါ။ ကြည့်လိုက်ကြရအောင်နော်။

(၁) အရွယ်အစား နဲ့ အလေးချိန်

ပထမဆုံး ဖရဲသီးကောင်းတာကိုရွေးရင်ကြည့်ရမှာကတော့ အရွယ်အစားဖြစ်ပါတယ်။ ကြီးလေ အရည်ပါဝင်မှုများလေဖြစ်ပါတယ်။ သဘာဝအတိုင်း ရေပါဝင်မှုများတဲ့သဘောက ပိုအရသာရှိပါတယ်။ ဒါပေမယ့် ဖရဲသီးရွေးတဲ့အခါမှာ အရွယ်အစားတင်မဟုတ်ဘဲ အလေးချိန်ကိုပါ ထည့်စဉ်းစားရမှာပါ။ ဖရဲသီးက ကြီးပြီး လေးနေရင် ချိုပြီး အရသာရှိပါတယ်။

(၂) အနံ့

ဖရဲသီးကို ခွဲလိုက်ရင် ထွက်လာတဲ့အနံ့က လတ်ဆတ်နေမယ် ဆိုရင်တော့ အရသာအရှိဆုံး အသီးဖြစ်ပါတယ်။ ဒါကြောင့် ခွဲထားတဲ့အသီးကို ရွေးမယ်ဆိုရင် အနံ့ကို နမ်းကြည့်ပြီးမှ ရွေးပေးပါ။

(၃) အပြင်ပိုင်း

ဖရဲသီးအပြင်ပိုင်းမှာ အနာတွေပါနေရင်တော့ ပြန်ချထားခဲ့လိုက်ပါ။ အနာပါနေရင် စားမကောင်းတဲ့ အသီးဖြစ်သွားပါပြီ။ အပြင်ပိုင်းကိုကြည့်ရွေးရမယ်ဆိုရင်တော့ အစိမ်းရောင်ရင့်ဖြစ်နေတာက အစိမ်းဖျော့ရောင်ထက် ပိုမှည့်နေပြီးဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

သက်သေ(၆)ချက်

(၄) အဝါရောင်အကွက်

ဖရဲသီးကောင်းတာကိုရွေးဖို့ဆိုရင် နောက်ထပ်ကြည့်ရမယ့် အချက်ကတော့ အဝါရောင်အကွက်ဖြစ်ပါတယ်။ လူတွေတော်တော်များများက ဖရဲသီးတွေမှာ အဝါအကွက်ပါနေရင် စိတ်ရှုပ်နေတတ်ကြပါတယ်။ တချို့ဖရဲသီးမှာ အဝါရောက်အကွက်မရှိသလို တချို့ဖရဲသီးက အဖြူရောင်အကွက်ဖြစ်နေပါတယ်။ အဝါရောင်တောက်တောက်ကမှ မှည့်ပြီး အရေရွှမ်းပါတယ်။

Credit : Aunty may

LEAVE A REPLY