Zawgyi ျဖင့္ဖတ္ရန္

 

ခႏၶာကိုယ္အတြင္းက အဂၤါအစိတ္အပိုင္းေတြ မက်န္းမာဘူးဆိုရင္ ခႏၶာကိုယ္ျပင္ပမွာ သိသာတဲ့လကၡဏာေတြျပလာတတ္ပါတယ္။ က်န္းမာေရးအတြက္ အေရးႀကီးတဲ့အထဲမွာ ႏွလုံးက်န္းမာဖို႔က လူႀကီး၊လူငယ္အားလုံးအတြက္ အေရးႀကီးတာေၾကာင့္ သင့္ႏွလုံးက အလုပ္သိပ္မလုပ္ေတာ့ဘူး၊ အသက္အႏၲရာယ္စိုးရိမ္ရတယ္ဆိုရင္ ျဖစ္လာတတ္တဲ့ လကၡဏာေတြကို ႀကိဳတင္သတိထားဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လက္ေမာင္းတေလွ်ာက္နာတာ

ႏွလုံးေကာင္းေကာင္းအလုပ္မလုပ္တဲ့အခါ အမ်ိဳးသားေတြမွာ ဘယ္ဘက္လက္ေမာင္းမွာ နာက်င္တတ္ၿပီး ၊ အမ်ိဳးသမီးေတြကေတာ့ ညာဘက္လက္ေမာင္းနာက်င္တာကို ပိုသတိထားရမွာျဖစ္ၿပီး ဘယ္ဘက္လက္ေမာင္းလည္း အနည္းငယ္နာက်င္တတ္ပါတယ္။ ဒါေၾကာင့္ ထိခိုက္မႈေတြလည္း မျဖစ္ပါဘဲ လက္ေမာင္းရင္းနဲ႔ လက္ေမာင္းတေလွ်ာက္မွာ အေၾကာင္းမဲ့နာက်င္တာေတြျဖစ္ရင္ ႏွလုံးေကာင္းေကာင္းအလုပ္မလုပ္တာျဖစ္ႏိုင္ပါတယ္။

(၂) မရပ္မနားေခာ်င္းဆိုးတာ

ေခ်ာင္းဆိုးတာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ႏိုင္ၿပီး ေခ်ာင္းအၾကာႀကီးဆိုးေနတာက်ေတာ့ ႏွလုံးေသြးေၾကာပိုင္းက ေကာင္းေကာင္းအလုပ္မလုပ္လို႔ ျဖစ္ႏိုင္ပါတယ္။ ေခ်ာင္းဆိုးတာက နာတာရွည္ျဖစ္လာတဲ့အခါ ၊ အသက္ရွဴရခက္ခဲတာ၊ ေသြးပါတာေတြျဖစ္ႏိုင္ၿပီး ႏွလုံးကို ထိခိုက္မႈျဖစ္ေစတာပါ။

(၃) စိတ္အရမ္းဆတ္တာ

ႏွလုံးက ေကာင္းေကာင္းအလုပ္မလုပ္လို႔ ေသြးလွည့္ပတ္မႈ မေကာင္းတဲ့အခါ စိတ္အရမ္းဆတ္လာၿပီး ေဒါသကို ထိန္းခ်ဳပ္ႏိုင္စြမ္းလည္း နည္းလာပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ စိတ္အရမ္းဆတ္ၿပီး၊ စိတ္တိုလြယ္လြန္းေနရင္ ႏွလုံးအားနည္းတာျဖစ္ႏိုင္တယ္ဆိုတာကို သတိရပါ။

(၄) ေျခေထာက္ေတြေရာင္ရမ္းတာ

ႏွလုံးကေန ေသြးထုတ္ေပးမႈ နည္းတဲ့အခါ ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိုင္းေတြဆီ ေသြးေရာက္ရွိမႈ နည္းသြားပါတယ္။ ဒါေပမယ့္ ေျခေထာက္ေတြကေတာ့ ေျမဆြဲအားသက္ေရာက္မႈနဲ႔အနီးကပ္ဆုံးျဖစ္တာေၾကာင့္ ေရာင္ရမ္းမႈေတြျဖစ္လာရတာပါ။ သင့္အေနနဲ႔ ေျခေထာက္ေတြေဖာင္းတာ၊ ေရာင္တာမၾကာခဏျဖစ္တတ္ရင္ ႏွလုံးအားနည္းေနတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

(၅) အခ်ိန္တိုင္းလိုလို ရင္ျပည့္ၿပီးပ်ိဳ႕ေနတာ

တစ္ခုခုစားလိုက္ၿပီဆို တစ္ကိုက္ႏွစ္ကိုက္ေလာက္ စားၿပီးတာနဲ႔ ရင္ျပည့္ၿပီး ပ်ိဳ႕အန္ခ်င္လာတာမ်ိဳးျဖစ္ေနရင္လည္း မေပါ့ဆသင့္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲ့လိုျဖစ္တာက အသည္းနဲ႔အစာေခ်အူလမ္းေၾကာင္းေတြမွာ ေသြးလွည့္ပတ္မႈ မေကာင္းဘူး၊ ေသြးေရာက္ရွိမႈ အရမ္းနည္းေနတာေၾကာင့္လို႔ေျပာႏိုင္ပါတယ္။

(၆) ႐ုတ္တရက္ေခါင္းမူးၿပီးမ်က္လုံးေတြျပာသြားတာ

ႏွလုံးက ေသြးေကာင္းေကာင္းမထုတ္ေပးတဲ့အခါ ေသြးလႊတ္ေၾကာေတြမွာ ေသြးခဲတာမ်ိဳးေတြျဖစ္လာၿပီး ႏွလုံးေသြးေၾကာက တျဖည္းျဖည္းက်ဥ္းေျမာင္းလာပါတယ္။ တခါတေလ အသက္ရွဴၾကပ္တာမ်ိဳး၊ ႐ုတ္တရက္ေခါင္းမူးၿပီး မ်က္လုံးေတြျပာလာတာမ်ိဳးျဖစ္တတ္ပါတယ္။ အဲ့ဒီလိုေတြ ခဏခဏျဖစ္ဖူးတယ္ဆိုရင္ ဆရာဝန္နဲ႔ျပသင့္ေနပါၿပီ။

(၇) အသားအေရာင္တျဖည္းျဖည္းေဖ်ာ့ေတာ့လာတာ
ႏွလုံးကေန တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေသြးပို႔လႊတ္မႈ မေကာင္းတဲ့အခါ အသားအေရာင္က ေသြးေရာင္ မရွိေတာ့ဘဲ တစ္ေန႔ထက္တစ္ေန႔ျဖဴေဖ်ာ့လာပါတယ္။ ဒါေပမယ့္ အသားအေရာင္ျဖဴေဖ်ာ့ေနရင္ ႏွလုံးမေကာင္းတာေၾကာင့္လို႔ တစ္ထစ္ခ် မွတ္ယူလို႔မရပါဘူး။ ႏွလုံးမေကာင္းလို႔လား၊ ေသြးအားနည္းတာေၾကာင့္လားဆိုတာ သိရဖို႔ ေသခ်ာစစ္ေဆးရမွာပါ။

Credit : Auntymay

Unicode ဖြင့်ဖတ်ရန်

နှလုံးအားနည်းပြီး ကောင်းစွာအလုပ်မလုပ်ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ (၇) မျိုး

ခန္ဓာကိုယ်အတွင်းက အင်္ဂါအစိတ်အပိုင်းတွေ မကျန်းမာဘူးဆိုရင် ခန္ဓာကိုယ်ပြင်ပမှာ သိသာတဲ့လက္ခဏာတွေပြလာတတ်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့အထဲမှာ နှလုံးကျန်းမာဖို့က လူကြီး၊လူငယ်အားလုံးအတွက် အရေးကြီးတာကြောင့် သင့်နှလုံးက အလုပ်သိပ်မလုပ်တော့ဘူး၊ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုရင် ဖြစ်လာတတ်တဲ့ လက္ခဏာတွေကို ကြိုတင်သတိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်မောင်းတလျှောက်နာတာ

နှလုံးကောင်းကောင်းအလုပ်မလုပ်တဲ့အခါ အမျိုးသားတွေမှာ ဘယ်ဘက်လက်မောင်းမှာ နာကျင်တတ်ပြီး ၊ အမျိုးသမီးတွေကတော့ ညာဘက်လက်မောင်းနာကျင်တာကို ပိုသတိထားရမှာဖြစ်ပြီး ဘယ်ဘက်လက်မောင်းလည်း အနည်းငယ်နာကျင်တတ်ပါတယ်။ ဒါကြောင့် ထိခိုက်မှုတွေလည်း မဖြစ်ပါဘဲ လက်မောင်းရင်းနဲ့ လက်မောင်းတလျှောက်မှာ အကြောင်းမဲ့နာကျင်တာတွေဖြစ်ရင် နှလုံးကောင်းကောင်းအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။

(၂) မရပ်မနားခောျင်းဆိုးတာ

ချောင်းဆိုးတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ချောင်းအကြာကြီးဆိုးနေတာကျတော့ နှလုံးသွေးကြောပိုင်းက ကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာက နာတာရှည်ဖြစ်လာတဲ့အခါ ၊ အသက်ရှူရခက်ခဲတာ၊ သွေးပါတာတွေဖြစ်နိုင်ပြီး နှလုံးကို ထိခိုက်မှုဖြစ်စေတာပါ။

(၃) စိတ်အရမ်းဆတ်တာ

နှလုံးက ကောင်းကောင်းအလုပ်မလုပ်လို့ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ စိတ်အရမ်းဆတ်လာပြီး ဒေါသကို ထိန်းချုပ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်အရမ်းဆတ်ပြီး၊ စိတ်တိုလွယ်လွန်းနေရင် နှလုံးအားနည်းတာဖြစ်နိုင်တယ်ဆိုတာကို သတိရပါ။

(၄) ခြေထောက်တွေရောင်ရမ်းတာ

နှလုံးကနေ သွေးထုတ်ပေးမှု နည်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု နည်းသွားပါတယ်။ ဒါပေမယ့် ခြေထောက်တွေကတော့ မြေဆွဲအားသက်ရောက်မှုနဲ့အနီးကပ်ဆုံးဖြစ်တာကြောင့် ရောင်ရမ်းမှုတွေဖြစ်လာရတာပါ။ သင့်အနေနဲ့ ခြေထောက်တွေဖောင်းတာ၊ ရောင်တာမကြာခဏဖြစ်တတ်ရင် နှလုံးအားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။

(၅) အချိန်တိုင်းလိုလို ရင်ပြည့်ပြီးပျို့နေတာ

တစ်ခုခုစားလိုက်ပြီဆို တစ်ကိုက်နှစ်ကိုက်လောက် စားပြီးတာနဲ့ ရင်ပြည့်ပြီး ပျို့အန်ချင်လာတာမျိုးဖြစ်နေရင်လည်း မပေါ့ဆသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုဖြစ်တာက အသည်းနဲ့အစာချေအူလမ်းကြောင်းတွေမှာ သွေးလှည့်ပတ်မှု မကောင်းဘူး၊ သွေးရောက်ရှိမှု အရမ်းနည်းနေတာကြောင့်လို့ပြောနိုင်ပါတယ်။

(၆) ရုတ်တရက်ခေါင်းမူးပြီးမျက်လုံးတွေပြာသွားတာ

နှလုံးက သွေးကောင်းကောင်းမထုတ်ပေးတဲ့အခါ သွေးလွှတ်ကြောတွေမှာ သွေးခဲတာမျိုးတွေဖြစ်လာပြီး နှလုံးသွေးကြောက တဖြည်းဖြည်းကျဉ်းမြောင်းလာပါတယ်။ တခါတလေ အသက်ရှူကြပ်တာမျိုး၊ ရုတ်တရက်ခေါင်းမူးပြီး မျက်လုံးတွေပြာလာတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုတွေ ခဏခဏဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ။

(၇) အသားအရောင်တဖြည်းဖြည်းဖျော့တော့လာတာ
နှလုံးကနေ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးပို့လွှတ်မှု မကောင်းတဲ့အခါ အသားအရောင်က သွေးရောင် မရှိတော့ဘဲ တစ်နေ့ထက်တစ်နေ့ဖြူဖျော့လာပါတယ်။ ဒါပေမယ့် အသားအရောင်ဖြူဖျော့နေရင် နှလုံးမကောင်းတာကြောင့်လို့ တစ်ထစ်ချ မှတ်ယူလို့မရပါဘူး။ နှလုံးမကောင်းလို့လား၊ သွေးအားနည်းတာကြောင့်လားဆိုတာ သိရဖို့ သေချာစစ်ဆေးရမှာပါ။

Credit : Auntymay

LEAVE A REPLY