Zawgyi ျဖင့္ဖတ္ရန္

 

ပြတ္သဘင္ကပြဲ၊ ေဆာင္ၾကာၿမိဳင္ဖဲေမြ႕ရာနဲ႔ ကြန္ျမဴနစ္ပန္းပြင့္ေတြၾကားက ဥကၠဌႀကီး ေမာ္

“ဥကၠဌႀကီး ေမာ္ဟာ အသက္ရလာတဲ့အခါ ေတာက္က်င့္စဥ္ (Tao) က်င့္ႀကံဆည္းပူးၿပီး ကာမအားအင္ေတြ ပိုမို တိုးပြားေအာင္ လုပ္ေဆာင္ခဲ့တယ္။”

ဒီစကားကို ေျပာခဲ့သူကေတာ့ တ႐ုတ္ျပည္ႀကီးရဲ႕ ေခါင္းေဆာင္ႀကီး ေမာ္စီတုံးရဲ႕ ကိုယ္ပိုင္ဆရာဝန္ လီ႐ႊီရွီးပါပဲ။ ေမာ္စီတုံးရဲ႕ ဆရာဝန္အျဖစ္နဲ႔ ႏွစ္ေပါင္း ၂၂ ႏွစ္ လုပ္ကိုင္ခဲ့တဲ့ လီ႐ႊီရွီးဟာ The Private Life of Chairman Mao (ဥကၠဌႀကီး ေမာ္ရဲ႕ ပုဂၢိဳလ္ေရးဘဝ) ဆိုတဲ့ စာအုပ္ကို ၁၉၉၄ မွာ ေရးသားခဲ့ပါတယ္။

ပစၥည္းမဲ့ လူတန္းစားထုရဲ႕ ေခါင္းေဆာင္ႀကီးေမာ္ဟာ ဖိနပ္ဆိုရင္ အသစ္ျဖစ္ေနရင္ေတာင္ မစီးတတ္လို႔ လက္ေအာက္က တပည့္ေကဒါေတြကို အသားက်ေအာင္ စီးခိုင္ၿပီးမွ ယူစီးတတ္သူျဖစ္ေပမယ့္ ၿဗိတိန္ထုတ္ ငါးလုံးသုံး စီးကရက္ကိုေတာ့ အလြန္ႏွစ္သက္စြာ ေသာက္တဲ့သူပါ။

မိန္းမငယ္ေလးေတြနဲ႔ ေပ်ာ္ေမြ႕

ဇနီးသည္ က်န္းရွင္းနဲ႔ အိမ္ေထာင္သည္ဘဝမွာပဲ အမ်ိဳးသမီး ငယ္ငယ္ေလးေတြနဲ႔ ေမြ႕ေလ်ာ္တတ္တဲ့အတြက္ ေမာ္စီတုံးဟာ နာမည္ပ်က္ရပါတယ္။ ၁၉၉၄ ခုႏွစ္မွာ ဆရာဝန္ လီ႐ႊီရွီးရဲ႕ စာအုပ္ထြက္လာေတာ့ ေမာ္ရဲ႕ နာမည္ဂုဏ္သတင္းဟာ ပိုဆိုးဝါးသြားခဲ့ရတယ္။

“ငယ္ငယ္႐ြယ္႐ြယ္ အမ်ိဳးသမီးေတြနဲ႔ ေမြ႕ေလ်ာ္တတ္တဲ့အက်င့္က အိမ္ေထာင္သည္ ျဖစ္တဲ့ ေမာ္ကို နာမည္ပ်က္ေစတယ္။ ဆရာဝန္ လီရဲ႕ စာအုပ္ထြက္လာေတာ့ ေမာ္ရဲ႕ နာမည္ဂုဏ္သတင္း ပိုထိခိုက္သြားေတာ့တယ္။ ေဒါက္တာလီဟာ ေမာ္စီတုံးရဲ႕ လိင္အျပဳအမူနဲ႔ လိင္စြမ္းေဆာင္ႏိုင္မႈေတြကို ႂကြားဝါထုတ္ေျပာတာေတြ ၾကားသိခဲ့ရသူပဲ။ ေမာ္စီတုံး ရရွိလာတဲ့ ကာလသားေရာဂါ အမ်ိဳးမ်ိဳးကိုလည္း ကုေပးခဲ့ရတဲ့ ဆရာဝန္ပါပဲ။”ဆိုၿပီး ဂ်ိဳနသန္မီးစကီဆိုတဲ့ စာေရးဆရာက The Spectator စာအုပ္မွာ ေရးသား ေဖာ္ျပထားပါတယ္။

ေမာ္စီတုံးရဲ႕ ပုဂၢလိကဘဝကို ၾကည့္ရင္ အိမ္ေထာင္ေလးဆက္ ရွိခဲ့ၿပီး သားသမီး အနည္းဆုံး ေျခာက္ေယာက္ ရွိခဲ့ပါတယ္။ သားသမီးက ဒီထက္လည္း ပိုမ်ားခ်င္ မ်ားႏိုင္ပါတယ္။ အမွန္တကယ္တန္းမွာ ေမာ္ဟာ သားသမီးေတြနဲ႔လည္း ေတြ႕ခဲလွတယ္။ သူ႔ရဲ႕ ပထမအိမ္ေထာင္ဟာ တ႐ုတ္႐ိုးရာအရ ငယ္ငယ္႐ြယ္႐ြယ္မွာ ထိမ္းျမားေပးခံရတဲ့တ အိမ္ေထာင္ပဲ ျဖစ္ၿပီး လင္မယားအရာ မေျမာက္ခဲ့ပါဘူး။ ဒုတိယအိမ္ေထာင္ဖက္ကေတာ့ ကူမင္တန္အေရးအခင္းမွာ ဖမ္းဆီးကြပ္မ်က္ခံခဲ့ရပါတယ္။

ေမာ္စီတုံးအတြက္ ကလဲ့စား

ေမာ္စီတုံးရဲ႕ တတိယအိမ္ေထာင္ဖက္ကေတာ့ ခရီးရွည္ ခ်ီတက္မႈ ေတာ္လွန္ေရးကာလအတြင္း ေတြ႕ဆုံေပါင္းသင္းခဲ့တာ ျဖစ္ပါတယ္။ ၁၉၂၈ က အိမ္ေထာင္က်တဲ့ သူတို႔ ႏွစ္ဦးဟာ ေမာ္ရဲ႕ စတုတၳေျမာက္ အိမ္ေထာင္ဖက္ ျဖစ္လာမယ့္ က်န္းရွင္းေၾကာင့္ ၁၉၃၇ ခုႏွစ္မွာ ကြာၿပဲခဲ့တာပဲ ျဖစ္ပါေတာ့တယ္။

ေမာ္စီတုံးကို ေနာက္ဆုံးပိုင္ဆိုင္ရတဲ့ ဇနီးသည္ က်န္းရွင္းအတြက္လည္း ရတက္ေအးစရာ မရွိခဲ့ပါဘူး။ ကိုယ္လုပ္ေတာ္ ေမာင္းမမိႆံေတြ အေျမာက္အျမားထားသလိုမ်ိဳး မိန္းကေလးငယ္ေလးေတြ ဝိုင္းရံခစားေနေစတဲ့ ေမာ္စီတုံးေၾကာင့္ က်န္းရွင္းဟာ သူ႔ရဲ႕ အမ်ိဳးသမီးသူငယ္ခ်င္း တစ္ဦးကို “မိန္းမေတြက် ကိုယ္လုပ္ေတာ္ေတြ ဘာလို႔ မထားသင့္တာလဲ။ ဘုရင္မႀကီး ဝူက်ိတ်န္းဟာ ေယာက္က်ားကိုယ္လုပ္ေတာ္ေတြ ထားခဲ့တာပဲ။”လို႔ ရင္ဖြင့္ ေျပာဖူးပါတယ္။

ေနာက္ပို္င္းမွာေတာ့ က်န္းရွင္းဟာ ေမာ္စီတုံးကို ကလဲ့စားေခ်ၿပီး စားပြဲထိုး၊ စႏၵရားဆရာ၊ ပင္ေပါင္ကစားသမား စတာေတြနဲ႔ ပလူးေပြရႈပ္ခဲ့ေတာ့တာပဲ ျဖစ္ပါတယ္။ တ႐ုတ္ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ က်န္းရွင္း ဒဏ္မခံႏိုင္ေလာက္ေအာင္ ေမာ္စီတုံးက ဘယ္ေလာက္ေတာင္ ျမာေပြေနပါသလဲ။

ကိုယ္လုပ္ေတာ္ ၃၀၀၀ နဲ႔ ဘုရင္တစ္ပါး

က်န္းမာေရးလိုက္စားတဲ့ ေမာ္စီတုံးဟာ ေရကူးရတာကို ႏွစ္သက္သူပါ။ လူနဲ႔ သဘာဝၾကား ႐ုန္းကန္ရျခင္းလို႔ ေရကူးတာနဲ႔ ပတ္သက္ၿပီး ေတြးေခၚယုံၾကည္ထားတဲ့ ေမာ္စီတုံးဟာ သူဟာ ၆၅ မိနစ္အတြင္း ကိုးမိုင္အထိ ေရကူးႏိုင္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

ေမာ္ရဲ႕ ထူးျခားတဲ့ စ႐ိုက္တစ္ခုကေတာ့ သြား လုံးဝ မတိုက္တာပါပဲ။ နံနက္လင္းခ်ိန္ သြားမတို္က္ပဲ လက္ဖက္ေျခာက္သာ ဝါးတတ္တဲ့ ေမာ္စီတုံးဟာ လိင္ဆႏၵအရာမွာလည္း ထူးျခားဝိေသသေတြ ရွိေနတဲ့ ယဥ္ေက်းမႈ ေတာ္လွန္ေရး ေခါင္းေဆာင္ႀကီးပဲ ျဖစ္ပါေတာ့တယ္။

၁၉၅၃ မွာ တစ္ႀကိမ္၊ ၁၉၅၇ ခုႏွစ္မွာ ေနာက္ထပ္တစ္ႀကိမ္ ႏွစ္ႀကိမ္တိုင္ ေမာ္စီတုံးကို ကိုယ္လုပ္ေတာ္ ၃၀၀၀ ရွိတဲ့ ဘုရင္တစ္ပါးလို က်င့္ႀကံေနသူလို႔ စြပ္စြဲမႈေတြ ေပၚထြက္ခဲ့ဘူးပါတယ္။

ပြတ္သဘင္ကပြဲနဲ႔ ဖဲေမြ႕ရာ

ေတာ္လွန္ေရးႀကီးအၿပီးမွာ တ႐ုတ္ စံတန္ဖိုးေတြနဲ႔ ယဥ္ေက်းမႈေတြအရ ဆိုၿပီး အေနာက္တိုင္း ပြတ္သဘင္ကပြဲေတြကို ႏို္င္ငံတြင္းမွာ တားျမစ္ထားေပမယ့္ ေမာ္စီတုံးေနထိုင္ရာ နန္းေတာ္ရာမွာေတာ့ ကပြဲခန္းမႀကီးပါ ရွိေနၿပီး အပတ္စဥ္ ပြတ္သဘင္ပြဲေတြ က်င္းပေနတာပဲ ျဖစ္ပါတယ္။

ဒီကပြဲခန္းေဆာင္အတြင္း ေမာ္စီတုံး ဝင္ေရာက္လာတာနဲ႔ ငယ္႐ြယ္ႏုပ်ိဳတဲ့ မိန္းကေလး တစ္ဒါဇင္ဟာ လာေရာက္ ဝိုင္းရံၾကလို႔ အတူတြဲကဖို႔ ေတာင္းဆိုခယလာၾကပါၿပီ။ ဂီတဝိုင္းကလည္း ဝက္ဇ္၊ တန္ဂို ေတးသြားေတြ တီးခတ္လို႔ ေခါင္းေဆာင္ႀကီး ေမာ္စီတုံးဟာ မိန္းကေလးတိုင္းကို အလွည့္က် တြဲကပါတယ္။ ေမာ္စီတုံးရဲ႕ ကဟန္ကေတာ့ ေႏွးေကြးၿပီး အသက္မပါဘူးလို႔ ဆရာဝန္ လီက ေရးသားထားပါတယ္။

ကၾက ၿပီးတဲ့ေနာက္မွာေတာ့ ေမာ္စီတုံးဟာ မိန္းကေလးေတြနဲ႔ စကားဝိုင္းဖြဲ႕ၾကပါတယ္။ ဒီ မိန္းကေလးေတြကို Bureau of Confidential Matters နဲ႔ Cultural Work Troupe of the Central Garrison Corps တို႔လို အဖြဲ႕အစည္းေတြကေန ၾကည့္လို႔ေကာင္းကာ အႏုပညာဇရွိၿပီး ပါးစပ္လုံတဲ့ မိန္းကေလးေတြကို ေ႐ြးခ်ယ္ေခၚယူထားတာပဲ ျဖစ္ပါတယ္။

ကပြဲခန္းမရဲ႕ အေနာက္နား တစ္ဖက္မွာေတာ့ အထူးဖဲစက္တဲ့ ေမြ႕ရာႀကီး ရွိေနပါတယ္။ ကပြဲညၿပီးတာနဲ႔ ေမာ္စီတုံးဟာ ဒီမိန္းကေလးေတြထဲက သူ႔အႀကိဳက္ မိန္းကေလးေတြကို ေခၚယူေပ်ာ္ပါးေတာ့တာပဲ ျဖစ္ပါတယ္။

အပ်ိဳေပါက္ခ်စ္သူ

ငယ္႐ြယ္ႏုပ်ိဳတဲ့ မိန္းကေလးေတြကို ႏွစ္သက္ၿပီး ေမြ႕ေလ်ာ္ေပ်ာ္ပါးေလ့ရွိတဲ့ ေမာ္စီတုံးဟာ အိပ္စက္တတ္တဲ့ စ႐ိုက္သဘာဝမွာလည္း ထူးျခားသူပါ။ ေမာ္စီတုံးရဲ႕ အိပ္ခန္းဟာ ကပြဲခန္းမတစ္မွ် က်ယ္ဝန္းပါတယ္။ ညပိုင္းမွာ အလုပ္ ပိုလုပ္တတ္တဲ့ ေမာ္ဟာ တစ္ခါတစ္ရံမွာ ႏွစ္ရက္၊ သုံးရက္ ဆက္တိုက္ မအိပ္ဘဲ အလုပ္လုပ္ၿပီး အိပ္ၿပီဆိုလည္း ဆယ္နာရီ၊ ၁၂ နာရီ တုံးခနဲ ဘာကမွ ႏိုးမရေအာင္ကို အိပ္တတ္သူပါ။

ေရခ်ိဳးျခင္း မရွိတဲ့ ေမာ္ဟာ ေရေႏြးေငြ႕တဘက္နဲ႔ပဲ ကိုယ္ခႏၶာကို ပြတ္တိုက္ေလ့ရွိပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ဟင္နရီ ကစ္ဆင္းဂ်ားက ေတြ႕ဖူးသမွ် ပုဂၢိဳလ္ေတြမွာ စိတ္ခြန္အား အေကာင္းဆုံးပဲလို႔ ထုတ္ေဖာ္ေျပာခံရဖူးတဲ့ ေမာ္စီတုံးကို တစ္ခ်ိဳ႕ကလည္း လူသားခံစားခ်က္ ကင္းသူလို႔ ဆိုပါတယ္။ ဒုတိယ အိမ္ေထာင္ဖက္ျဖစ္သူကို ေမာ္စီတုံးသာ ကယ္မယ္ဆို ကယ္လို႔ ရတဲ့ၾကားက မ်က္ကြယ္ျပဳခဲ့လို႔ ကြပ္မ်က္ခံလိုက္ရတာလို႔ ဆိုသူက ဆိုၾကပါတယ္။

ဒီလို ပုဂၢိဳလ္မ်ိဳးဟာ သူ အသက္ ၆၉ ႏွစ္ေလာက္က်မွ ေတြ႕ဆုံရတဲ့ အပ်ိဳေပါက္ခ်စ္သူေလးအေပၚမွာ ဆိုရင္ေရာ ဘယ္လို စိတ္ထားမ်ိဳး ထားပါမလဲ။

ေမာ္စီတုံးရဲ႕ ေျမာက္ျမားစြာေသာ လိင္ဆက္ဆံဖက္ အမ်ိဳးသမီးေတြၾကားမွာ ခ်န္ဆိုတဲ့ အမ်ိဳးသမီးကေတာ့ ၁၉၆၂ ခုႏွစ္မွ ေမာ္စီတုံးနဲ႔ စတင္အိပ္စက္ခဲ့ရသူျဖစ္ၿပီး အဲဒီအခ်ိန္မွာ သူဟာ အသက္ ၁၄ ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ ငယ္႐ြယ္တဲ့ အပ်ိဳေပါက္ေလး ခ်န္အတြက္ ကံၾကမၼာကေတာ့ ေမာ္စီတုံးရဲ႕ စတုတၳဇနီး က်န္းရွင္းရဲ႕ ႏွိပ္ကြပ္တာ ခံရၿပီး ေနာက္ဆုံးမွာ ေမာ္စီတုံးရဲ႕ ေဆာင္ၾကာၿမိဳင္က ႏွင္ထုတ္ ခံလိုက္ရတာပဲ ျဖစ္ပါတယ္။

ေမာ္စီတုံးအေပၚ ၾသဇာေညာင္းတဲ့ အေျမႇာင္မယား

ေမာ္စီတုံးရဲ႕ အသက္ ေျခာက္ဆယ္ေက်ာ္ေႏွာင္းပိုင္းက်မွ ပထမဆုံး ဆုံေတြ႕မိတဲ့ က်န္ယုပင္းကေတာ့ ေမာ္စီတုံး ေသတဲ့အခ်ိန္အထိ အနားမွာ ၿမဲေနၿပီး ေမာ္စီတုံးအေပၚလည္း ၾသဇာလႊမ္းႏိုင္ခဲ့ပါတယ္။ စေတြ႕ၾကတဲ့ အခ်ိန္မွာ က်န္ယုပင္းဟာ အသက္ ၁၆ ႏွစ္သမီးပဲ ရွိပါေသးတယ္။ ဒါေပမယ့္ က်န္ယုပင္းအတြက္ေတာ့ ေမာ္စီတုံးရဲ႕ တရားဝင္ဇနီးမယား ျဖစ္လုျဖစ္ခင္အထိ ေရာက္ခဲ့ပါတယ္။

ေမာ္စီတုံးအေပၚ အေတာ္ေလး ၾသဇာလႊမ္းခဲ့ၿပီး ဇနီးသည္ျဖစ္သူ က်န္းရွင္း လိုခ်င္ေနတဲ့ ေမာ္စီတုံး ကိုယ္ေရးအတြင္းဝန္ ေနရာကို အပ္ႏွင္းခံရပါတယ္။ က်န္းရွင္းရဲ႕ ဘဏ္အေကာင့္ထဲ ေမာ္စီတုံးက ေငြအေျမာက္အျမား သုံးစြဲဖို႔ ထည့္ေပးထားေပမယ့္ တကယ္သုံးမယ္ဆိုရင္ေတာ့ ယုပင္းရဲ႕ ခြင့္ျပဳခ်က္ ရွိမွ ျဖစ္တဲ့အထိကို ေမာ္စီတုံးအေပၚ ေသဆုံးသြားခ်ိန္အထိ ဘဝေႏွာင္းပိုင္းတစ္ေလွ်ာက္ လႊမ္းမိုးႏိုင္ခဲ့သူပါပဲ။ ဒါေၾကာင့္ပဲ က်န္းရွင္းတစ္ေယာက္ အသည္းနာစရာ ျဖစ္ရတယ္ ဆိုရမွာပါပဲ။

ေမာ္စီတုံးရဲ႕ အထူးကာမအိပ္ရာ

ေမာ္စီတုံးနဲ႔ အတူအိပ္စက္ၾကရတဲ့ အမ်ိဳးသမီး အမ်ားစုဟာ ဆင္းရဲသား ကြန္ျမဴနစ္ေကဒါ ေတာင္သူလယ္သမားေတြရဲ႕ သမီးေတြပဲ ျဖစ္ၾကတာ မ်ားပါတယ္။ သူတို႔အတြက္ကေတာ့ ဥကၠဌႀကီးရဲ႕ ေခၚယူအိပ္စက္ခံရတာဟာ ေပ်ာ္႐ႊင္ေက်နပ္ဖြယ္ရာ ဂုဏ္တစ္ရပ္ ျဖစ္ေနခဲ့ပါတယ္။

ေခါင္းေဆာာင္ႀကီးမို႔ ေမြ႕ရာထက္ ျဖည့္ဆည္းေပးရတဲ့ တာဝန္ ထမ္းေဆာင္ရေပမယ့္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ေမာ္စီတုံးအေပၚ အိပ္စက္ၿပီးတာနဲ႔ အမွန္ပဲ သေဘာက်ႏွစ္သက္ သြားတတ္ၾကလည္း ေမာ္စီတုံးရဲ႕ လိင္စြမ္းေဆာင္ရည္ တစ္ရပ္ပါပဲ။

အ႐ြယ္ရလာတဲ့အခါမွာေတာ့ ေမာ္စီတုံးဟာ က်န္းမာေရး ဆိုးဝါးလာပါတယ္။ ၿမဳံ သြားတဲ့အထိပါပဲ။ အသက္ရလာတာနဲ႔ ခႏၶာကိုယ္လည္း တစ္ျဖည္းျဖည္း က်လာခဲ့ပါတယ္။ လူငယ္အင္အား ျပန္ရႏိုင္ဖို႔ ေမာ္စီတုံးဟာ အေကာင္းဆုံး နည္းလမ္းကို လုပ္ေဆာင္ပါေတာ့တယ္။ ဒါကေတာ့ ေတာက္က်င့္စဥ္အရ တတ္ႏိုင္သမွ် အမ်ိဳးသမီး မ်ားမ်ားနဲ႔ အိပ္စက္ဖို႔ပါပဲ။

ဒီအတြက္ အထူးကာမအိပ္ရာကိုလည္း လုပ္ေဆာင္ထားပါတယ္။ ေမာ္စီတုံးရဲ႕ ကာမအိပ္ရာကေတာ့ တစ္ဖက္ဟာ အျခားတစ္ဖက္ထက္ ေလးလက္မပိုျမင့္ၿပီး ျပဳလုပ္ထားတဲ့ အိပ္ရာပဲ ျဖစ္ပါတယ္။ သူနဲ႔ အတူ အိပ္စက္မယ့္ မိန္းကေလးေတြဟာလည္း ကာမအရာမွာ ကြၽမ္းက်င္မႈ မရွိၾကတဲ့ သူေတြ မျဖစ္ေစရပါဘူး။

မဓာတ္ရယူၿပီး ဖိုအား တည္ေဆာက္

ေမာ္စီတုံးဟာ တူယွဥ္တြဲ စက္ေတာ္မေခၚမီ အမ်ိဳးသမီးေတြနဲ႔ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေတာက္လမ္းစဥ္ လိင္နည္းနာေတြကို ဖတ္ၾကေလ့ ရွိတယ္လို႔ ဆရာဝန္ လီက ေျပာပါတယ္။ အသက္ႀကီးလာတာနဲ႔ အမွ် ေမာ္ဟာ လိင္စြမ္းေဆာင္အားလည္း တိုးမ်ားလာတယ္လို႔ လီက ေရးသားထားပါတယ္။ မၾကာခဏဆိုသလို ေမာ္စီတုံးက အမ်ိဳးသမီး သုံးေလးေယာက္ကို တစ္အိပ္ရာထဲ ေခၚသြားေလ့ရွိပါတယ္။

လီရဲ႕ ေရးသားခ်က္အရေတာ့ “ဥကၠဌႀကီး ေမာ္ဟာ အသက္ရလာတဲ့အခ်ိန္မွာ ေတာက္က်င့္စဥ္က လိင္နည္းနာေတြကို လိုက္နာပါေတာ့တယ္။”လို႔ ေဖာ္ျပထားပါတယ္။

လိင္ပိုင္းဆိုင္ရာ စြမ္ေဆာင္ႏိုင္မႈကို ေပးစြမ္းတဲ့ ဒီ က်င့္ႀကံမႈေၾကာင့္ စိတ္ေက်နပ္အားရမႈတင္မက အသက္လည္း ပိုရွည္ေစတယ္လို႔ ဆိုပါတယ္။ ၁၉၇၆ ခုႏွစ္ အသက္ ၈၃ ႏွစ္က်မွ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

ေမာ္စီတုံးကိုယ္တိုင္ အတည္ျပဳေျပာထားတာကေတာ့ သူရဲ႕ ခြန္အား၊ စြမ္းရည္နဲ႔ အသက္ရွည္က်န္းမာမႈ ရင္းျမစ္ျဖစ္တဲ့ ဖိုအဆီဓာတ္ေခၚ ယန္ဓာတ္ က်ဆင္းလာတာကို ျဖည့္ဆည္းဖို႔ရန္အတြက္ မစိမ့္ရည္လို႔ဆိုရမယ့္ ယင္ဓာတ္ လိုအပ္တယ္လို႔ ဆိုထားခဲ့တာ ျဖစ္ပါတယ္။

ဒီအတြက္ တစ္ခ်ိဳ႕က ေမာ္စီတုံးဟာ အမ်ိဳးသမီးေတြဆီက မဓာတ္နဲ႔ ဖိုအားအင္ကို အားသစ္ေလာင္းၿပီး က်န္းမာသန္စြမ္းေအာင္ တည္ေဆာက္သူလို႔ေတာင္ ဆိုၾကပါတယ္။ ေမာ္စီတုံးနဲ႔ အိပ္စက္တဲ့ မိန္းကေလး အမ်ားစုဟာ ကာလသားေရာဂါ ရခဲ့ၾကေပမယ့္ သူတို႔ဟာ စိတ္မဆိုးတဲ့အျပင္ ဂုဏ္ယူစရာအျဖစ္ေတာင္ မွတ္ယူေနတယ္လို႔ ဆရာဝန္ လီက ေျပာပါတယ္။

ဆရာဝန္ လီရဲ႕ ေျပာၾကားခ်က္ကေတာ့ — ဒီမိန္းကေလး အမ်ားစု — မွတ္ယူၾကတာက — ဥကၠဌႀကီး ေမာ္ဆီက ရတဲ့ — ဒီေရာဂါဟာ – ဂုဏ္တစ္ရပ္ပဲ။ — ဥကၠဌႀကီးနဲ႔ – သူတို႔ —- နီးစပ္ခဲ့တဲ့ သက္ေသျပယုဂ္ —-။

Writer_ေမာင္သံဆင့္ ( Daily Hot News )

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ခြေတော်တင်ခဲ့တဲ့ မိန်းမ ကိစ္စ အတွင်းရေးများ – အပိုင်း ( ၄ )

ပွတ်သဘင်ကပွဲ၊ ဆောင်ကြာမြိုင်ဖဲမွေ့ရာနဲ့ ကွန်မြူနစ်ပန်းပွင့်တွေကြားက ဥက္ကဌကြီး မော်

“ဥက္ကဌကြီး မော်ဟာ အသက်ရလာတဲ့အခါ တောက်ကျင့်စဉ် (Tao) ကျင့်ကြံဆည်းပူးပြီး ကာမအားအင်တွေ ပိုမို တိုးပွားအောင် လုပ်ဆောင်ခဲ့တယ်။”

ဒီစကားကို ပြောခဲ့သူကတော့ တရုတ်ပြည်ကြီးရဲ့ ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ ကိုယ်ပိုင်ဆရာဝန် လီရွှီရှီးပါပဲ။ မော်စီတုံးရဲ့ ဆရာဝန်အဖြစ်နဲ့ နှစ်ပေါင်း ၂၂ နှစ် လုပ်ကိုင်ခဲ့တဲ့ လီရွှီရှီးဟာ The Private Life of Chairman Mao (ဥက္ကဌကြီး မော်ရဲ့ ပုဂ္ဂိုလ်ရေးဘဝ) ဆိုတဲ့ စာအုပ်ကို ၁၉၉၄ မှာ ရေးသားခဲ့ပါတယ်။

ပစ္စည်းမဲ့ လူတန်းစားထုရဲ့ ခေါင်းဆောင်ကြီးမော်ဟာ ဖိနပ်ဆိုရင် အသစ်ဖြစ်နေရင်တောင် မစီးတတ်လို့ လက်အောက်က တပည့်ကေဒါတွေကို အသားကျအောင် စီးခိုင်ပြီးမှ ယူစီးတတ်သူဖြစ်ပေမယ့် ဗြိတိန်ထုတ် ငါးလုံးသုံး စီးကရက်ကိုတော့ အလွန်နှစ်သက်စွာ သောက်တဲ့သူပါ။

မိန်းမငယ်လေးတွေနဲ့ ပျော်မွေ့

ဇနီးသည် ကျန်းရှင်းနဲ့ အိမ်ထောင်သည်ဘဝမှာပဲ အမျိုးသမီး ငယ်ငယ်လေးတွေနဲ့ မွေ့လျော်တတ်တဲ့အတွက် မော်စီတုံးဟာ နာမည်ပျက်ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဆရာဝန် လီရွှီရှီးရဲ့ စာအုပ်ထွက်လာတော့ မော်ရဲ့ နာမည်ဂုဏ်သတင်းဟာ ပိုဆိုးဝါးသွားခဲ့ရတယ်။

“ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတွေနဲ့ မွေ့လျော်တတ်တဲ့အကျင့်က အိမ်ထောင်သည် ဖြစ်တဲ့ မော်ကို နာမည်ပျက်စေတယ်။ ဆရာဝန် လီရဲ့ စာအုပ်ထွက်လာတော့ မော်ရဲ့ နာမည်ဂုဏ်သတင်း ပိုထိခိုက်သွားတော့တယ်။ ဒေါက်တာလီဟာ မော်စီတုံးရဲ့ လိင်အပြုအမူနဲ့ လိင်စွမ်းဆောင်နိုင်မှုတွေကို ကြွားဝါထုတ်ပြောတာတွေ ကြားသိခဲ့ရသူပဲ။ မော်စီတုံး ရရှိလာတဲ့ ကာလသားရောဂါ အမျိုးမျိုးကိုလည်း ကုပေးခဲ့ရတဲ့ ဆရာဝန်ပါပဲ။”ဆိုပြီး ဂျိုနသန်မီးစကီဆိုတဲ့ စာရေးဆရာက The Spectator စာအုပ်မှာ ရေးသား ဖော်ပြထားပါတယ်။

မော်စီတုံးရဲ့ ပုဂ္ဂလိကဘဝကို ကြည့်ရင် အိမ်ထောင်လေးဆက် ရှိခဲ့ပြီး သားသမီး အနည်းဆုံး ခြောက်ယောက် ရှိခဲ့ပါတယ်။ သားသမီးက ဒီထက်လည်း ပိုများချင် များနိုင်ပါတယ်။ အမှန်တကယ်တန်းမှာ မော်ဟာ သားသမီးတွေနဲ့လည်း တွေ့ခဲလှတယ်။ သူ့ရဲ့ ပထမအိမ်ထောင်ဟာ တရုတ်ရိုးရာအရ ငယ်ငယ်ရွယ်ရွယ်မှာ ထိမ်းမြားပေးခံရတဲ့တ အိမ်ထောင်ပဲ ဖြစ်ပြီး လင်မယားအရာ မမြောက်ခဲ့ပါဘူး။ ဒုတိယအိမ်ထောင်ဖက်ကတော့ ကူမင်တန်အရေးအခင်းမှာ ဖမ်းဆီးကွပ်မျက်ခံခဲ့ရပါတယ်။

မော်စီတုံးအတွက် ကလဲ့စား

မော်စီတုံးရဲ့ တတိယအိမ်ထောင်ဖက်ကတော့ ခရီးရှည် ချီတက်မှု တော်လှန်ရေးကာလအတွင်း တွေ့ဆုံပေါင်းသင်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၂၈ က အိမ်ထောင်ကျတဲ့ သူတို့ နှစ်ဦးဟာ မော်ရဲ့ စတုတ္ထမြောက် အိမ်ထောင်ဖက် ဖြစ်လာမယ့် ကျန်းရှင်းကြောင့် ၁၉၃၇ ခုနှစ်မှာ ကွာပြဲခဲ့တာပဲ ဖြစ်ပါတော့တယ်။

မော်စီတုံးကို နောက်ဆုံးပိုင်ဆိုင်ရတဲ့ ဇနီးသည် ကျန်းရှင်းအတွက်လည်း ရတက်အေးစရာ မရှိခဲ့ပါဘူး။ ကိုယ်လုပ်တော် မောင်းမမိဿံတွေ အမြောက်အမြားထားသလိုမျိုး မိန်းကလေးငယ်လေးတွေ ဝိုင်းရံခစားနေစေတဲ့ မော်စီတုံးကြောင့် ကျန်းရှင်းဟာ သူ့ရဲ့ အမျိုးသမီးသူငယ်ချင်း တစ်ဦးကို “မိန်းမတွေကျ ကိုယ်လုပ်တော်တွေ ဘာလို့ မထားသင့်တာလဲ။ ဘုရင်မကြီး ဝူကျိတျန်းဟာ ယောက်ကျားကိုယ်လုပ်တော်တွေ ထားခဲ့တာပဲ။”လို့ ရင်ဖွင့် ပြောဖူးပါတယ်။

နောက်ပိုင်းမှာတော့ ကျန်းရှင်းဟာ မော်စီတုံးကို ကလဲ့စားချေပြီး စားပွဲထိုး၊ စန္ဒရားဆရာ၊ ပင်ပေါင်ကစားသမား စတာတွေနဲ့ ပလူးပွေရှုပ်ခဲ့တော့တာပဲ ဖြစ်ပါတယ်။ တရုတ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကျန်းရှင်း ဒဏ်မခံနိုင်လောက်အောင် မော်စီတုံးက ဘယ်လောက်တောင် မြာပွေနေပါသလဲ။

ကိုယ်လုပ်တော် ၃၀၀၀ နဲ့ ဘုရင်တစ်ပါး

ကျန်းမာရေးလိုက်စားတဲ့ မော်စီတုံးဟာ ရေကူးရတာကို နှစ်သက်သူပါ။ လူနဲ့ သဘာဝကြား ရုန်းကန်ရခြင်းလို့ ရေကူးတာနဲ့ ပတ်သက်ပြီး တွေးခေါ်ယုံကြည်ထားတဲ့ မော်စီတုံးဟာ သူဟာ ၆၅ မိနစ်အတွင်း ကိုးမိုင်အထိ ရေကူးနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

မော်ရဲ့ ထူးခြားတဲ့ စရိုက်တစ်ခုကတော့ သွား လုံးဝ မတိုက်တာပါပဲ။ နံနက်လင်းချိန် သွားမတိုက်ပဲ လက်ဖက်ခြောက်သာ ဝါးတတ်တဲ့ မော်စီတုံးဟာ လိင်ဆန္ဒအရာမှာလည်း ထူးခြားဝိသေသတွေ ရှိနေတဲ့ ယဉ်ကျေးမှု တော်လှန်ရေး ခေါင်းဆောင်ကြီးပဲ ဖြစ်ပါတော့တယ်။

၁၉၅၃ မှာ တစ်ကြိမ်၊ ၁၉၅၇ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် နှစ်ကြိမ်တိုင် မော်စီတုံးကို ကိုယ်လုပ်တော် ၃၀၀၀ ရှိတဲ့ ဘုရင်တစ်ပါးလို ကျင့်ကြံနေသူလို့ စွပ်စွဲမှုတွေ ပေါ်ထွက်ခဲ့ဘူးပါတယ်။

ပွတ်သဘင်ကပွဲနဲ့ ဖဲမွေ့ရာ

တော်လှန်ရေးကြီးအပြီးမှာ တရုတ် စံတန်ဖိုးတွေနဲ့ ယဉ်ကျေးမှုတွေအရ ဆိုပြီး အနောက်တိုင်း ပွတ်သဘင်ကပွဲတွေကို နိုင်ငံတွင်းမှာ တားမြစ်ထားပေမယ့် မော်စီတုံးနေထိုင်ရာ နန်းတော်ရာမှာတော့ ကပွဲခန်းမကြီးပါ ရှိနေပြီး အပတ်စဉ် ပွတ်သဘင်ပွဲတွေ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

ဒီကပွဲခန်းဆောင်အတွင်း မော်စီတုံး ဝင်ရောက်လာတာနဲ့ ငယ်ရွယ်နုပျိုတဲ့ မိန်းကလေး တစ်ဒါဇင်ဟာ လာရောက် ဝိုင်းရံကြလို့ အတူတွဲကဖို့ တောင်းဆိုခယလာကြပါပြီ။ ဂီတဝိုင်းကလည်း ဝက်ဇ်၊ တန်ဂို တေးသွားတွေ တီးခတ်လို့ ခေါင်းဆောင်ကြီး မော်စီတုံးဟာ မိန်းကလေးတိုင်းကို အလှည့်ကျ တွဲကပါတယ်။ မော်စီတုံးရဲ့ ကဟန်ကတော့ နှေးကွေးပြီး အသက်မပါဘူးလို့ ဆရာဝန် လီက ရေးသားထားပါတယ်။

ကကြ ပြီးတဲ့နောက်မှာတော့ မော်စီတုံးဟာ မိန်းကလေးတွေနဲ့ စကားဝိုင်းဖွဲ့ကြပါတယ်။ ဒီ မိန်းကလေးတွေကို Bureau of Confidential Matters နဲ့ Cultural Work Troupe of the Central Garrison Corps တို့လို အဖွဲ့အစည်းတွေကနေ ကြည့်လို့ကောင်းကာ အနုပညာဇရှိပြီး ပါးစပ်လုံတဲ့ မိန်းကလေးတွေကို ရွေးချယ်ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

ကပွဲခန်းမရဲ့ အနောက်နား တစ်ဖက်မှာတော့ အထူးဖဲစက်တဲ့ မွေ့ရာကြီး ရှိနေပါတယ်။ ကပွဲညပြီးတာနဲ့ မော်စီတုံးဟာ ဒီမိန်းကလေးတွေထဲက သူ့အကြိုက် မိန်းကလေးတွေကို ခေါ်ယူပျော်ပါးတော့တာပဲ ဖြစ်ပါတယ်။

အပျိုပေါက်ချစ်သူ

ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေကို နှစ်သက်ပြီး မွေ့လျော်ပျော်ပါးလေ့ရှိတဲ့ မော်စီတုံးဟာ အိပ်စက်တတ်တဲ့ စရိုက်သဘာဝမှာလည်း ထူးခြားသူပါ။ မော်စီတုံးရဲ့ အိပ်ခန်းဟာ ကပွဲခန်းမတစ်မျှ ကျယ်ဝန်းပါတယ်။ ညပိုင်းမှာ အလုပ် ပိုလုပ်တတ်တဲ့ မော်ဟာ တစ်ခါတစ်ရံမှာ နှစ်ရက်၊ သုံးရက် ဆက်တိုက် မအိပ်ဘဲ အလုပ်လုပ်ပြီး အိပ်ပြီဆိုလည်း ဆယ်နာရီ၊ ၁၂ နာရီ တုံးခနဲ ဘာကမှ နိုးမရအောင်ကို အိပ်တတ်သူပါ။

ရေချိုးခြင်း မရှိတဲ့ မော်ဟာ ရေနွေးငွေ့တဘက်နဲ့ပဲ ကိုယ်ခန္ဓာကို ပွတ်တိုက်လေ့ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျားက တွေ့ဖူးသမျှ ပုဂ္ဂိုလ်တွေမှာ စိတ်ခွန်အား အကောင်းဆုံးပဲလို့ ထုတ်ဖော်ပြောခံရဖူးတဲ့ မော်စီတုံးကို တစ်ချို့ကလည်း လူသားခံစားချက် ကင်းသူလို့ ဆိုပါတယ်။ ဒုတိယ အိမ်ထောင်ဖက်ဖြစ်သူကို မော်စီတုံးသာ ကယ်မယ်ဆို ကယ်လို့ ရတဲ့ကြားက မျက်ကွယ်ပြုခဲ့လို့ ကွပ်မျက်ခံလိုက်ရတာလို့ ဆိုသူက ဆိုကြပါတယ်။

ဒီလို ပုဂ္ဂိုလ်မျိုးဟာ သူ အသက် ၆၉ နှစ်လောက်ကျမှ တွေ့ဆုံရတဲ့ အပျိုပေါက်ချစ်သူလေးအပေါ်မှာ ဆိုရင်ရော ဘယ်လို စိတ်ထားမျိုး ထားပါမလဲ။

မော်စီတုံးရဲ့ မြောက်မြားစွာသော လိင်ဆက်ဆံဖက် အမျိုးသမီးတွေကြားမှာ ချန်ဆိုတဲ့ အမျိုးသမီးကတော့ ၁၉၆၂ ခုနှစ်မှ မော်စီတုံးနဲ့ စတင်အိပ်စက်ခဲ့ရသူဖြစ်ပြီး အဲဒီအချိန်မှာ သူဟာ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့ အပျိုပေါက်လေး ချန်အတွက် ကံကြမ္မာကတော့ မော်စီတုံးရဲ့ စတုတ္ထဇနီး ကျန်းရှင်းရဲ့ နှိပ်ကွပ်တာ ခံရပြီး နောက်ဆုံးမှာ မော်စီတုံးရဲ့ ဆောင်ကြာမြိုင်က နှင်ထုတ် ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

မော်စီတုံးအပေါ် သြဇာညောင်းတဲ့ အမြှောင်မယား

မော်စီတုံးရဲ့ အသက် ခြောက်ဆယ်ကျော်နှောင်းပိုင်းကျမှ ပထမဆုံး ဆုံတွေ့မိတဲ့ ကျန်ယုပင်းကတော့ မော်စီတုံး သေတဲ့အချိန်အထိ အနားမှာ မြဲနေပြီး မော်စီတုံးအပေါ်လည်း သြဇာလွှမ်းနိုင်ခဲ့ပါတယ်။ စတွေ့ကြတဲ့ အချိန်မှာ ကျန်ယုပင်းဟာ အသက် ၁၆ နှစ်သမီးပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျန်ယုပင်းအတွက်တော့ မော်စီတုံးရဲ့ တရားဝင်ဇနီးမယား ဖြစ်လုဖြစ်ခင်အထိ ရောက်ခဲ့ပါတယ်။

မော်စီတုံးအပေါ် အတော်လေး သြဇာလွှမ်းခဲ့ပြီး ဇနီးသည်ဖြစ်သူ ကျန်းရှင်း လိုချင်နေတဲ့ မော်စီတုံး ကိုယ်ရေးအတွင်းဝန် နေရာကို အပ်နှင်းခံရပါတယ်။ ကျန်းရှင်းရဲ့ ဘဏ်အကောင့်ထဲ မော်စီတုံးက ငွေအမြောက်အမြား သုံးစွဲဖို့ ထည့်ပေးထားပေမယ့် တကယ်သုံးမယ်ဆိုရင်တော့ ယုပင်းရဲ့ ခွင့်ပြုချက် ရှိမှ ဖြစ်တဲ့အထိကို မော်စီတုံးအပေါ် သေဆုံးသွားချိန်အထိ ဘဝနှောင်းပိုင်းတစ်လျှောက် လွှမ်းမိုးနိုင်ခဲ့သူပါပဲ။ ဒါကြောင့်ပဲ ကျန်းရှင်းတစ်ယောက် အသည်းနာစရာ ဖြစ်ရတယ် ဆိုရမှာပါပဲ။

မော်စီတုံးရဲ့ အထူးကာမအိပ်ရာ

မော်စီတုံးနဲ့ အတူအိပ်စက်ကြရတဲ့ အမျိုးသမီး အများစုဟာ ဆင်းရဲသား ကွန်မြူနစ်ကေဒါ တောင်သူလယ်သမားတွေရဲ့ သမီးတွေပဲ ဖြစ်ကြတာ များပါတယ်။ သူတို့အတွက်ကတော့ ဥက္ကဌကြီးရဲ့ ခေါ်ယူအိပ်စက်ခံရတာဟာ ပျော်ရွှင်ကျေနပ်ဖွယ်ရာ ဂုဏ်တစ်ရပ် ဖြစ်နေခဲ့ပါတယ်။

ခေါင်းဆောာင်ကြီးမို့ မွေ့ရာထက် ဖြည့်ဆည်းပေးရတဲ့ တာဝန် ထမ်းဆောင်ရပေမယ့် အမျိုးသမီးတော်တော်များများဟာ မော်စီတုံးအပေါ် အိပ်စက်ပြီးတာနဲ့ အမှန်ပဲ သဘောကျနှစ်သက် သွားတတ်ကြလည်း မော်စီတုံးရဲ့ လိင်စွမ်းဆောင်ရည် တစ်ရပ်ပါပဲ။

အရွယ်ရလာတဲ့အခါမှာတော့ မော်စီတုံးဟာ ကျန်းမာရေး ဆိုးဝါးလာပါတယ်။ မြုံ သွားတဲ့အထိပါပဲ။ အသက်ရလာတာနဲ့ ခန္ဓာကိုယ်လည်း တစ်ဖြည်းဖြည်း ကျလာခဲ့ပါတယ်။ လူငယ်အင်အား ပြန်ရနိုင်ဖို့ မော်စီတုံးဟာ အကောင်းဆုံး နည်းလမ်းကို လုပ်ဆောင်ပါတော့တယ်။ ဒါကတော့ တောက်ကျင့်စဉ်အရ တတ်နိုင်သမျှ အမျိုးသမီး များများနဲ့ အိပ်စက်ဖို့ပါပဲ။

ဒီအတွက် အထူးကာမအိပ်ရာကိုလည်း လုပ်ဆောင်ထားပါတယ်။ မော်စီတုံးရဲ့ ကာမအိပ်ရာကတော့ တစ်ဖက်ဟာ အခြားတစ်ဖက်ထက် လေးလက်မပိုမြင့်ပြီး ပြုလုပ်ထားတဲ့ အိပ်ရာပဲ ဖြစ်ပါတယ်။ သူနဲ့ အတူ အိပ်စက်မယ့် မိန်းကလေးတွေဟာလည်း ကာမအရာမှာ ကျွမ်းကျင်မှု မရှိကြတဲ့ သူတွေ မဖြစ်စေရပါဘူး။

မဓာတ်ရယူပြီး ဖိုအား တည်ဆောက်

မော်စီတုံးဟာ တူယှဉ်တွဲ စက်တော်မခေါ်မီ အမျိုးသမီးတွေနဲ့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တောက်လမ်းစဉ် လိင်နည်းနာတွေကို ဖတ်ကြလေ့ ရှိတယ်လို့ ဆရာဝန် လီက ပြောပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ မော်ဟာ လိင်စွမ်းဆောင်အားလည်း တိုးများလာတယ်လို့ လီက ရေးသားထားပါတယ်။ မကြာခဏဆိုသလို မော်စီတုံးက အမျိုးသမီး သုံးလေးယောက်ကို တစ်အိပ်ရာထဲ ခေါ်သွားလေ့ရှိပါတယ်။

လီရဲ့ ရေးသားချက်အရတော့ “ဥက္ကဌကြီး မော်ဟာ အသက်ရလာတဲ့အချိန်မှာ တောက်ကျင့်စဉ်က လိင်နည်းနာတွေကို လိုက်နာပါတော့တယ်။”လို့ ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ စွမ်ဆောင်နိုင်မှုကို ပေးစွမ်းတဲ့ ဒီ ကျင့်ကြံမှုကြောင့် စိတ်ကျေနပ်အားရမှုတင်မက အသက်လည်း ပိုရှည်စေတယ်လို့ ဆိုပါတယ်။ ၁၉၇၆ ခုနှစ် အသက် ၈၃ နှစ်ကျမှ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

မော်စီတုံးကိုယ်တိုင် အတည်ပြုပြောထားတာကတော့ သူရဲ့ ခွန်အား၊ စွမ်းရည်နဲ့ အသက်ရှည်ကျန်းမာမှု ရင်းမြစ်ဖြစ်တဲ့ ဖိုအဆီဓာတ်ခေါ် ယန်ဓာတ် ကျဆင်းလာတာကို ဖြည့်ဆည်းဖို့ရန်အတွက် မစိမ့်ရည်လို့ဆိုရမယ့် ယင်ဓာတ် လိုအပ်တယ်လို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် တစ်ချို့က မော်စီတုံးဟာ အမျိုးသမီးတွေဆီက မဓာတ်နဲ့ ဖိုအားအင်ကို အားသစ်လောင်းပြီး ကျန်းမာသန်စွမ်းအောင် တည်ဆောက်သူလို့တောင် ဆိုကြပါတယ်။ မော်စီတုံးနဲ့ အိပ်စက်တဲ့ မိန်းကလေး အများစုဟာ ကာလသားရောဂါ ရခဲ့ကြပေမယ့် သူတို့ဟာ စိတ်မဆိုးတဲ့အပြင် ဂုဏ်ယူစရာအဖြစ်တောင် မှတ်ယူနေတယ်လို့ ဆရာဝန် လီက ပြောပါတယ်။

ဆရာဝန် လီရဲ့ ပြောကြားချက်ကတော့ — ဒီမိန်းကလေး အများစု — မှတ်ယူကြတာက — ဥက္ကဌကြီး မော်ဆီက ရတဲ့ — ဒီရောဂါဟာ – ဂုဏ်တစ်ရပ်ပဲ။ — ဥက္ကဌကြီးနဲ့ – သူတို့ —- နီးစပ်ခဲ့တဲ့ သက်သေပြယုဂ် —-။

Writer_မောင်သံဆင့် ( Daily Hot News )

LEAVE A REPLY