Zawgyi ျဖင့္ဖတ္ရန္

 

လူစည္ကားသည့္ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ငါးေပပတ္လည္ ေဈးဆိုင္ခန္းမ်ား တည္ေဆာက္ငွားရမ္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ဩဂုတ္ ၁၉ ရက္တြင္ ၿမိဳ႕ေတာ္ ခန္းမ၌ ျပဳလုပ္သည့္ ၿမိဳ႕ေတာ္စည္ပင္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ယခုလက္ရွိ ဘတ္စ္ကားမွတ္တိုင္တြင္တည္ ေဆာက္မည့္ ဆိုင္ခန္းကို ရန္ကုန္တိုင္း လႊတ္ေတာ္မ်က္ႏွာခ်င္းဆိုင္ ေျမနီကုန္းမွတ္တိုင္အနီး ငါးေပပတ္လည္ ဆိုင္ခန္းမ်ားကို နမူနာခ်ျပထားၿပီး ယင္းဆိုင္ခန္းတြင္ ေဆးလိပ္၊ ကြမ္းယာမ်ား ေရာင္းခ်ခြင့္ရွိမည္မဟုတ္ဘဲ ေငြျဖည့္ကဒ္မ်ား၊ အစာေျပစားႏိုင္ရန္ မုန႔္မ်ား ေရာင္းခ်ႏိုင္ေၾကာင္း သိရသည္။

”ရန္ကုန္ရဲ႕မွတ္တိုင္ေတြမွာ ဆိုင္ခန္းေသးေသးေလးေတြကို စနစ္တက်ပုံစံမ်ိဳးနဲ႔ ထားၿပီးေတာ့ ၾကက္ေျခနီေတြ၊ ကင္းေထာက္ကိုလဲေပးမယ္။ ပရဟိတအဖြဲ႕ေတြကိုလဲ ေပးမယ္။ ေပးမယ္ဆိုၿပီး လ်ာထားတာေပါ့၊ ကြမ္းယာဆိုင္ေတာ့မဟုတ္ဘူးေပါ့ဗ်ာ၊ ဘာေတြ ေရာင္းေရာင္းေပါ့ေလ၊ ကြမ္းယာနဲ႔ေဆးလိပ္ကိုေတာ့ေပးမေရာင္းဘူး။ အားသြင္းဖို႔အတြက္ ေဘာက္ေလးေတြလဲထည့္ေပးထားမယ္။ အဲဒီေနရာမွာ Wifi ဟာမ်ိဳး လည္းလႊင့္ေပးမယ္။ လုပ္ခ်င္တဲ့သူေတြမ်ားတယ္”ဟု ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ဆိုသည္။

အဆိုပါဆိုင္မ်ားအား ဘတ္စ္ကားမွတ္တိုင္ေဘး စည္ပင္သာယာ လူသြားလမ္းေပၚတြင္ ထားရွိမည္ျဖစ္ၿပီး ဆိုင္အက်ယ္အဝန္း ငါးေပးပတ္လည္ထား၍ရသည့္ေနရာမ်ားတြင္သာ ထားရွိမည္ျဖစ္ၿပီး လူအတက္အဆင္းမ်ားသည့္ေနရာမ်ိဳးတြင္သာ ထားရွိမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ေဒၚေမေမသြယ္က ေျပာၾကားသည္။

”အဲဒီဆိုင္ေတြက စိတ္ဝင္စားတဲ့သူေပါ့၊ ၾကက္ေျခနီ၊ ကင္းေထာက္၊ ပရဟိအဖြဲ႕ေတြတင္မကပါဘူး။ စိတ္ဝင္စားတဲ့သူေတြ ဖြင့္မယ္ဆို ငွားပါ့မယ္။ အဲ့ဆိုင္ေလးတစ္ဆိုင္က သိန္း ၂၀ ေလာက္ေတာ့ ၾကပါတယ္။ ငွားမယ္ဆို ေလွ်ာက္လို႔ရပါတယ္။ အေရအတြက္ ကန႔္သတ္ခ်က္ေတာ့မရွိပါဘူး။ ေနာက္သုံးလေနရင္ YBS စီးရင္ ပိုက္ဆံထည့္တာအစား ကဒ္ျပားကိုလြယ္လြယ္ကူကူ ဝယ္လို႔ရေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္လဲ ပါပါတယ္။ လိုင္းမ်ားမ်ားလဲရွိမယ္။ လူအတက္အဆင္းမ်ားမ်ားရွိမယ့္ ေနရာမ်ိဳးမွာ လုပ္ဖို႔ရွိပါတယ္။ ၂၄ နာရီဖြင့္ဖို႔အထိေတာ့ မစဥ္းစားထားပါဘူး။ ငွားတဲ့သူဖြင့္ႏိုင္သေလာက္ပဲ ဖြင့္ဖို႔ စဥ္းစားထားတယ္”ဟု ေဒၚေမေမသြယ္ကဆိုသည္။

ဘတ္စ္ကားမွတ္တိုင္အနီးတြင္ ေဈးဆိုင္ခန္းဖြင့္လွစ္ရန္ ေျမငွားရန္းခႏွင့္ပတ္သက္ၿပီး တိတိက်က်မသတ္မွတ္ရေသးေၾကာင္းႏွင့္ ယခုလက္ရွိ ရန္ကုန္ၿမိဳ႕တြင္ ဘတ္စ္ကားမွတ္တိုင္ေပါင္း ၈၀ဝ ေက်ာ္ရွိေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

share from xyznews

Unicode ဖြင့်ဖတ်ရန်

YBS ဘတ်စ်ကားမှတ်တိုင်များတွင် ငါးပေပတ်လည်ဆိုင်ခန်းများ တည်ဆောက်ကာငှားရမ်းမည်

လူစည်ကားသည့် ဘတ်စ်ကားမှတ်တိုင်များတွင် ငါးပေပတ်လည် ဈေးဆိုင်ခန်းများ တည်ဆောက်ငှားရမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ် ၁၉ ရက်တွင် မြို့တော် ခန်းမ၌ ပြုလုပ်သည့် မြို့တော်စည်ပင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုလက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင်တည် ဆောက်မည့် ဆိုင်ခန်းကို ရန်ကုန်တိုင်း လွှတ်တော်မျက်နှာချင်းဆိုင် မြေနီကုန်းမှတ်တိုင်အနီး ငါးပေပတ်လည် ဆိုင်ခန်းများကို နမူနာချပြထားပြီး ယင်းဆိုင်ခန်းတွင် ဆေးလိပ်၊ ကွမ်းယာများ ရောင်းချခွင့်ရှိမည်မဟုတ်ဘဲ ငွေဖြည့်ကဒ်များ၊ အစာပြေစားနိုင်ရန် မုန့်များ ရောင်းချနိုင်ကြောင်း သိရသည်။

”ရန်ကုန်ရဲ့မှတ်တိုင်တွေမှာ ဆိုင်ခန်းသေးသေးလေးတွေကို စနစ်တကျပုံစံမျိုးနဲ့ ထားပြီးတော့ ကြက်ခြေနီတွေ၊ ကင်းထောက်ကိုလဲပေးမယ်။ ပရဟိတအဖွဲ့တွေကိုလဲ ပေးမယ်။ ပေးမယ်ဆိုပြီး လျာထားတာပေါ့၊ ကွမ်းယာဆိုင်တော့မဟုတ်ဘူးပေါ့ဗျာ၊ ဘာတွေ ရောင်းရောင်းပေါ့လေ၊ ကွမ်းယာနဲ့ဆေးလိပ်ကိုတော့ပေးမရောင်းဘူး။ အားသွင်းဖို့အတွက် ဘောက်လေးတွေလဲထည့်ပေးထားမယ်။ အဲဒီနေရာမှာ Wifi ဟာမျိုး လည်းလွှင့်ပေးမယ်။ လုပ်ချင်တဲ့သူတွေများတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

အဆိုပါဆိုင်များအား ဘတ်စ်ကားမှတ်တိုင်ဘေး စည်ပင်သာယာ လူသွားလမ်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး ဆိုင်အကျယ်အဝန်း ငါးပေးပတ်လည်ထား၍ရသည့်နေရာများတွင်သာ ထားရှိမည်ဖြစ်ပြီး လူအတက်အဆင်းများသည့်နေရာမျိုးတွင်သာ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။

”အဲဒီဆိုင်တွေက စိတ်ဝင်စားတဲ့သူပေါ့၊ ကြက်ခြေနီ၊ ကင်းထောက်၊ ပရဟိအဖွဲ့တွေတင်မကပါဘူး။ စိတ်ဝင်စားတဲ့သူတွေ ဖွင့်မယ်ဆို ငှားပါ့မယ်။ အဲ့ဆိုင်လေးတစ်ဆိုင်က သိန်း ၂၀ လောက်တော့ ကြပါတယ်။ ငှားမယ်ဆို လျှောက်လို့ရပါတယ်။ အရေအတွက် ကန့်သတ်ချက်တော့မရှိပါဘူး။ နောက်သုံးလနေရင် YBS စီးရင် ပိုက်ဆံထည့်တာအစား ကဒ်ပြားကိုလွယ်လွယ်ကူကူ ဝယ်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လဲ ပါပါတယ်။ လိုင်းများများလဲရှိမယ်။ လူအတက်အဆင်းများများရှိမယ့် နေရာမျိုးမှာ လုပ်ဖို့ရှိပါတယ်။ ၂၄ နာရီဖွင့်ဖို့အထိတော့ မစဉ်းစားထားပါဘူး။ ငှားတဲ့သူဖွင့်နိုင်သလောက်ပဲ ဖွင့်ဖို့ စဉ်းစားထားတယ်”ဟု ဒေါ်မေမေသွယ်ကဆိုသည်။

ဘတ်စ်ကားမှတ်တိုင်အနီးတွင် ဈေးဆိုင်ခန်းဖွင့်လှစ်ရန် မြေငှားရန်းခနှင့်ပတ်သက်ပြီး တိတိကျကျမသတ်မှတ်ရသေးကြောင်းနှင့် ယခုလက်ရှိ ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၈၀ဝ ကျော်ရှိကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

share from xyznews

LEAVE A REPLY