Zawgyi ျဖင့္ဖတ္ရန္

 

YG Entertainment ကေန အနားယူသြားၿပီလို႔ တရားဝင္ေၾကညာထားတဲ့ တည္ေထာင္သူ Yang Hyun Suk နဲ႔ အႏုပညာေလာကကေန အနားယူသြားၿပီလို႔ ေၾကညာထားတဲ့ Seungri တို႔ ဝမ္သန္းနဲ႔ခ်ီၿပီး ေလာင္းကစားလုပ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ရွိၿပီးေနာက္မွာေတာ့ ရဲေတြဟာ YG Entertainment ႐ုံးခ်ဳပ္ကို ႐ုတ္တရက္ဝင္ေရာက္ရွာေဖြဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းကို ဆိုးလ္ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕ေအဂ်င္စီဆီကေန ဒီေန႔ ၾသဂုတ္လ ၁၇ ရက္ေန႔ ကိုရီးယားစံေတာ္ခ်ိန္ မနက္ ၉ နာရီမွာ ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အဲဒီကို သြားေရာက္ခဲ့တဲ့ ရဲေတြဟာ “Yang Hyun Suk က ေလာင္းကစားဝါႆနာပါသူတစ္ေယာက္ပါ”ဆိုတဲ့ စြပ္စြဲခ်က္ေတြကို သက္ေသျပႏိုင္တဲ့ အေထာက္အထားေတြ မပ်က္မစီးပဲလုံၿခဳံမႈရွိေစရန္အတြက္ ႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ Yang Hyun Suk ေနထိုင္တဲ့ေနအိမ္ကိုေတာ့ ရွာေဖြဖမ္းဆီးမႈေတြ မရွိေသးဘူးလို႔ သိရပါတယ္။

Yang Hyun Suk နဲ႔ Seungri တို႔ ၂ ေယာက္ဟာ အေမရိကန္ျပည္ေထာင္စုရွိ၊ လက္(စ္)ဗီးကက္(စ္)ၿမိဳ႕မွာ ဝမ္ ဘီလီယံနဲ႔ခ်ီကာ တရားမဝင္ေလာင္းကစားျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီသတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္မွာ အခုလိုမ်ိဳး ရဲေတြက ဝင္ေရာက္ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

ေတာင္ကိုရီးယားလူမ်ိဳးေတြအတြက္ ႏိုင္ငံအတြင္းရွိ သတ္မွတ္ထားတဲ့ ကာစီႏိုေတြမွာ ေလာင္းကစားျပဳလုပ္တာကလြဲၿပီး တျခားမည္သည့္အရပ္ေဒသမွာမဆို (ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ျပည္တြင္း၊ ျပည္ပ) ေလာင္းကစားလုပ္တာက တရားမဝင္ပဲ ျပစ္မႈေျမာက္ပါတယ္။ ဒါေပမယ့္လည္း ကိုရီးယားလူမ်ိဳးအမ်ားစုကေတာ့ အဲဒီဥပေဒကို ခ်ိဳးေဖာက္ေနၾကဆဲ ျဖစ္ပါတယ္။

 

အခုလက္ရွိမွာေတာ့ YG Entertainment ႐ုံးခ်ဳပ္ကို ဝင္ေရာက္ဖမ္းဆီးမႈနဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္သတင္းေတြ ထြက္ရွိလာျခင္းေတာ့ မရွိေသးပါဘူး။

Credit : Momolay

Unicode ဖြင့်ဖတ်ရန်

YG Entertainment ရုံးချုပ်ကို ရဲတွေ ရုတ်တရက် ဝင်ရောက်ရှာဖွေ ဖမ်းဆီး

YG Entertainment ကနေ အနားယူသွားပြီလို့ တရားဝင်ကြေညာထားတဲ့ တည်ထောင်သူ Yang Hyun Suk နဲ့ အနုပညာလောကကနေ အနားယူသွားပြီလို့ ကြေညာထားတဲ့ Seungri တို့ ဝမ်သန်းနဲ့ချီပြီး လောင်းကစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိပြီးနောက်မှာတော့ ရဲတွေဟာ YG Entertainment ရုံးချုပ်ကို ရုတ်တရက်ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့အေဂျင်စီဆီကနေ ဒီနေ့ သြဂုတ်လ ၁၇ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၉ နာရီမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကို သွားရောက်ခဲ့တဲ့ ရဲတွေဟာ “Yang Hyun Suk က လောင်းကစားဝါဿနာပါသူတစ်ယောက်ပါ”ဆိုတဲ့ စွပ်စွဲချက်တွေကို သက်သေပြနိုင်တဲ့ အထောက်အထားတွေ မပျက်မစီးပဲလုံခြုံမှုရှိစေရန်အတွက် ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် Yang Hyun Suk နေထိုင်တဲ့နေအိမ်ကိုတော့ ရှာဖွေဖမ်းဆီးမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

Yang Hyun Suk နဲ့ Seungri တို့ ၂ ယောက်ဟာ အမေရိကန်ပြည်ထောင်စုရှိ၊ လက်(စ်)ဗီးကက်(စ်)မြို့မှာ ဝမ် ဘီလီယံနဲ့ချီကာ တရားမဝင်လောင်းကစားပြုလုပ်ခဲ့တာဖြစ်ပြီး ဒီသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ အခုလိုမျိုး ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားလူမျိုးတွေအတွက် နိုင်ငံအတွင်းရှိ သတ်မှတ်ထားတဲ့ ကာစီနိုတွေမှာ လောင်းကစားပြုလုပ်တာကလွဲပြီး တခြားမည်သည့်အရပ်ဒေသမှာမဆို (တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပ) လောင်းကစားလုပ်တာက တရားမဝင်ပဲ ပြစ်မှုမြောက်ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားလူမျိုးအများစုကတော့ အဲဒီဥပဒေကို ချိုးဖောက်နေကြဆဲ ဖြစ်ပါတယ်။

 

အခုလက်ရှိမှာတော့ YG Entertainment ရုံးချုပ်ကို ဝင်ရောက်ဖမ်းဆီးမှုနဲ့ ပတ်သတ်ပြီး နောက်ထပ်သတင်းတွေ ထွက်ရှိလာခြင်းတော့ မရှိသေးပါဘူး။

Credit : Momolay

LEAVE A REPLY