Zawgyi ဖြင့်ဖတ်ရန်
Suk ဟာ ဆေးလိပ်ဖြတ်ထားတာကြာပြီဖြစ်လို့ “မသေခင်လေးမှာတော့ တစ်ခါလောက်ဖြစ်ဖြစ် ဆေးလိပ်သောက်သွားချင်သေးတယ်” ဆိုပြီးေ
ပြာသွားပါတယ်။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
ဒီနေ့နောက်ဆုံး အသက်ရှင်ရမယ်ဆို Yoo Jae Suk လုပ်ဖြစ်မယ့်အရာတစ်ခု
ကိုးရီးယား နာမည်ကြီး တီဗွီရှိုးအစီအစဉ် Running Man မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yoo Jae Suk ဟာ tvN ရဲ့ Quiz on thd block အစီအစဉ်မှာ
ဒီနေ့နောက်ဆုံးအသက်ရှင်ရမယ်ဆို သူလုပ်ဖြစ်မယ့် အကြောင်းအရာတွေအကြောင်းပြောပြလာပါတယ်။ ဒီနေ့ပဲ အသက်ရှင်ပြီး မနက်ဖြန်
သေတော့မယ်ဆိုရင် Yoo Jae Suk ရဲ့ နောက်ဆုံးဆန္ဒက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ကြရအောင်။
Yoo Jae Suk ကသူ့ဘဝနောက်ဆုံးအချိန်ကျရောက်နေပြီဆိုရင် သူလုပ်ချင်တဲ့ ဆန္ဒတစ်ခုကတော့ မိသားစုနဲ့ ထမင်းအတူစားတာပါတဲ့။
“မိသားစုဝင်တွေ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေ အကုန်လုံးကို ခေါ်ပြီး ထမင်းအတူဝိုင်းဖွဲ့စားချင်ပါတယ်” လို့ Yoo Jae Suk ကပြောပါတယ်။
တစ်ဖန် Yoo Jae Suk ဟာ မိသားစုဝင်တွေနဲ့ တပျော်တပါး စားသောက်ပြီးတဲ့အခါမှာတော့ ဆေးလိပ်သောက်မယ်လို့ပြောပါတယ်။ Yoo Jae
Suk ဟာ ဆေးလိပ်ဖြတ်ထားတာကြာပြီဖြစ်လို့ “မသေခင်လေးမှာတော့ တစ်ခါလောက်ဖြစ်ဖြစ် ဆေးလိပ်သောက်သွားချင်သေးတယ်” ဆိုပြီး
ပြောသွားပါတယ်။
ဒါ့အပြင် Yoo Jae Suk ဟာ သူ့ဘဝတစ်လျှောက်လုံး အစီအစဉ်တင်ဆက်သူအနေနဲ့ ဖြတ်သန်းခဲ့တာကြောင့် မသေခင် အချိန်လေးမှာ တစ်
ကြိမ်တစ်ခါလောက် ပရိတ်သတ်ကို ဟာသတွေနဲ့ ဖျော်ဖြေပေးသွားချင်တယ် လို့ပြောပြသွားပါတယ်။
မသေခင် တစ်ရက်မှာတောင် ပရိတ်သတ်အတွက် အချိန်ပေးနိုင်ဖို့ ထည့်သွင်းစဉ်းစားတတ်တဲ့ Yoo Jae Suk ကိုတော့ မလေးစားပဲမနေနို
င်တော့ပါဘူး။
Credit : popolay
LEAVE A REPLY