Zawgyi ျဖင့္ဖတ္ရန္

ငယ္စဥ္ကေလးဘဝကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားတဲ့ ယြန္းယြန္းကေတာ့ ပညာေရးေလာဘႀကီးသူတစ္ေယာက္လို႔ ဆိုရမွာပါ။ သူမရဲ႕ ေရွ႕ေရးအတြက္ ပညာေရးကိုလည္း အားသြန္ခြန္စိုက္ ႀကိဳးစားေနသလို သူမဝါသနာပါရာ အႏုပညာအလုပ္ေတြကိုလည္း ႀကိဳးစားလုပ္ကိုင္ေနသူေလး ျဖစ္ပါတယ္။

ဆံပင္ရွည္ရွည္ ပါးခ်ိဳင့္ကေလးနဲ႔ ခ်စ္စရာမ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ သူကေတာ့ ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ ယြန္းယြန္းပါ။ ယြန္းယြန္းဟာ ငယ္စဥ္ကတည္းက အႏုပညာနဲ႔ ပတ္သက္ၿပီး ဝါသနာႀကီးခဲ့သူ တစ္ေယာက္ျဖစ္သလို ပညာေရးပိုင္းမွာလည္း ထူးခြၽန္သူတစ္ဦးျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ ဂုဏ္ထူးႏွစ္ဘာသာနဲ႔ ထူးခြၽန္ေအာင္ျမင္ခဲ့သလို တကၠသိုလ္မတက္ခင္ အခ်ိန္မွာလည္း ABE Business Management ကို တက္ေရာက္ခဲ့ပါေသးတယ္။

ညီမဆယ္တန္းေအာင္ေတာ့ ရလာဒ္ကို ေစာင့္ေနရတယ္။ ေစာင့္ေနတဲ့ အေတာအတြင္းမွာ Business Management ကို တက္ခ်င္တယ္ဆိုၿပီး ABE UK က ဟာကို လွမ္းေျဖတယ္။ ေမေမကလည္း ငယ္ငယ္ေလးကတည္းက MBA ရေစခ်င္တာဆိုေတာ့ ဒီလမ္းေၾကာင္းေလး ေ႐ြးၿပီး ေလွ်ာက္ျဖစ္တယ္” လို႔ဆိုပါတယ္။

တကၠသိုလ္ဝင္တန္းစာေမးပြဲ ရလာဒ္ထြက္ၿပီးတဲ့ ေနာက္မွာလည္း သူမဝါသနာအရမ္းပါခဲ့တဲ့ စိတ္ပညာဘာသာ ရပ္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္ထဲမွာ ဆက္လက္သင္ယူေနခဲ့ပါတယ္။ ငယ္စဥ္ကတည္းက စိတ္ပညာ စာအုပ္ေတြ မေတာ္တဆ ဖတ္မိသြားရာက ဝါသနာပါသြားခဲ့တဲ့ စိတ္ပညာကို အခုလို အေသးစိတ္ ေသခ်ာ သင္ခြင့္ရလို႔ ပိုၿပီး ဝမ္းသာမိတယ္လို႔ ေျပာျပခဲ့ပါတယ္။

ပညာေရးနဲ႔ ပတ္သက္ၿပီး ေလာဘႀကီးတယ္။ တစ္ခ်ိန္ခ်ိန္မွာကိုယ္အသက္ေမြးဝမ္းေၾကာင္း လုပ္လို႔ရမယ့္ ဘြဲ႕ကိုလည္း လိုခ်င္တယ္။ ကိုယ္စိတ္ဝင္စားတဲ့ ဘာသာရပ္ကိုလည္း ေသခ်ာ ေလ့လာခ်င္တယ္ဆိုေတာ့ တက္ျဖစ္သြားတယ္။ ညီမက စိတ္ပညာနဲ႔ ပတ္သက္တဲ့စာအုပ္ေတြကို မေတာ္တဆ ဖတ္မိသြားတယ္။ စိတ္ဝင္စားသြားတယ္။ စိတ္ပညာကို ပတ္သက္တဲ့ စာအုပ္ေတြ ရွာဖတ္ရင္း ရွာဖတ္ရင္းက စိတ္ပညာကို လိုက္စားမယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့တာ။ စိတ္ပညာက နက္နဲတယ္။ ညီမလုပ္ေနတဲ့ အလုပ္မွာလည္း ျပန္ၿပီး အသုံးခ်လို႔ တယ္။ ေတာ္ေတာ္မ်ားမ်ားက စိတ္ပညာနဲ႔ ဆက္စပ္ေနတာပဲ” ဆိုၿပီး သူမေလ့လာသင္ယူေနတဲ့ ပညာရပ္နဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္မိဘေတြ ပညာသင္ယူ ခဲ့ရတဲ့ ေက်ာင္းမွာ သူမအေနနဲ႔ ျပန္တက္ခြင့္ရလို႔ အရမ္းကို ေပ်ာ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ယြန္းယြန္းက စိတ္ပညာဘာသာရပ္မွာ ၂၀၁၆-၂၀၁၇ ခုႏွစ္ ပညာသင္ႏွစ္ရဲ႕ ပညာေရးထူးခြၽန္ဆုမွာ ဒုတိယဆု ရရွိခဲ့ပါေသးတယ္။ ယြန္းယြန္းဟာ ပညာေရးနဲ႔ ပတ္သက္ၿပီး လုံးဝကို ေလာဘႀကီးတယ္လို႔ ေျပာရမွာပါ။ ေက်ာင္းႏွစ္ေက်ာင္းတင္မကပါဘူး ေနာက္ထပ္လည္း ဘာသာစကားနဲ႔ပတ္သက္ၿပီး ေလ့လာသင္ယူေနတာ ေတြ႕ရပါတယ္။ Wall Street English မွာလည္း အဂၤလိပ္စာကို ေလ့လာသင္ယူေနၿပီး တျခားေသာ ဘာသာစကားေတြကိုလည္း ေလ့လာေနပါေသးတယ္။

အခုလတ္ေလာမွာလည္း ထိုင္းနဲ႔ ဆက္စပ္တဲ့အႏုပညာအလုပ္ေတြ လုပ္ဖို႔ ရွိတာေၾကာင့္ ထိုင္းဘာသာစကားကိုလည္း ေလ့လာသင္ယူေနတယ္လို႔ ဆိုပါတယ္။

အခုေနာက္ပိုင္း ထိုင္းနဲ႔ လုပ္ရတဲ့ အ လုပ္ေလးေတြလည္း ရွိလာေတာ့ ႐ုပ္ရွင္႐ိုက္တဲ့အခါမွာပဲ ျဖစ္ျဖစ္ သြားလည္တဲ့ေနရာမွာပဲ ျဖစ္ျဖစ္ အသုံးဝင္မယ္လို႔ ထင္တယ္။ အဲဒီအတြက္ ထိုင္းစာသင္တာပါ။ အသစ္အဆန္းဆို အကုန္လုံး လုပ္ခ်င္တာ။ ေလ့ေလာေနရတာကို ေပ်ာ္ေနတာပဲဆိုေတာ့ အခုထိေတာ့ မခက္ေသးပါဘူး။ ထိုင္းစာက အခုမွ အစဆိုေတာ့ သူ႔စကားကေတာ့ ေျပာလိုက္ရင္ သူ႔အသံေတာ့ ထြက္မွာပါ။ ေလာေလာဆယ္ေတာ့ ျမန္မာလိုရယ္၊ အဂၤလိပ္ရယ္ ၊ အခုထိုင္းရယ္ေပ့ါ။ ကြၽမ္းကြၽမ္းက်င္က်င္ တတ္တဲ့ ႏိုင္ငံျခားဘာသာစကားေတာ့ မရွိေသးဘူး” ဆိုၿပီး ေျပာျပခဲ့ပါတယ္။ ဘာသာစကားအေနနဲ႔ ဒီသုံးမ်ိဳးတင္မကေသးပါဘူး ကိုရီးယားစကား၊တ႐ုတ္စကားေတြလည္း သင္ခ်င္ေသးတယ္တဲ့။

သူမက တစ္ခ်ိန္မွာကိုယ္ပိုင္စီးပြားေရး အလုပ္ေတြကို ကိုယ္တိုင္ဦးေဆာင္ၿပီး လုပ္ကိုင္ခ်င္တာေၾကာင့္ အခုကတည္းက ေလ့လာေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ေပမယ့္လည္း သူမဝါသနာပါရာအႏုပညာအလုပ္ကိုလည္း စြန႔္လႊတ္သြားမွာ မဟုတ္ပါဘူးတဲ့။ စီးပြားေရးနဲ႔ အႏုပညာကို ညီညီမွ်မွ်ျဖစ္ေအာင္ ေရရွည္သြားခ်င္တဲ့အတြက္ အခုကတည္းက ပညာေရးကို ေဖာင္ေဒးရွင္းယူထားတဲ့ သေဘာပါလို႔ ဆိုပါတယ္။

လက္ရွိမွာ တကၠသိုလ္တက္ေနၿပီး ဆယ္ေက်ာ္သက္အ႐ြယ္ကို ေရာက္ရွိေနတဲ့သူမဟာ သူမနဲ႔ လိုက္မယ့္ ကာ႐ိုက္တာမ်ိဳးကို ေ႐ြးခ်ယ္႐ိုက္ကူးဖို႔ အတြက္လည္း ျပင္ဆင္လ်က္ရွိပါတယ္။ စိတ္ပညာကို ဝါသနာပါတဲ့ သူမက ဆိုက္ကိုနဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ေတြ ပို႐ိုက္ခ်င္တယ္လို႔ ဆိုပါတယ္။

ယြန္းယြန္းကို ၂၀၀၀ ျပည့္ႏွစ္၊ ဇန္နဝါရီ(၁၉) ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ အဘြားျဖစ္သူက သ႐ုပ္ေဆာင္ ေဒၚသဲႏုေအာင္ ျဖစ္တာေၾကာင့္ အႏုပညာမ်ိဳး႐ိုးရွိသူ တစ္ဦးပီပီ ငယ္စဥ္ကေလးဘဝကတည္းက အႏုပညာကို ဝါသနာပါခဲ့သူလည္း ျဖစ္ပါတယ္။ ယြန္းယြန္းက အသက္သုံးႏွစ္ခြဲ အ႐ြယ္ေလာက္ကစၿပီး ဗီဒီယိုဇာတ္ကားတစ္ကားမွာ ပါဝင္ျဖစ္သြားၿပီး ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိခဲ့တာပါ။

ယြန္းယြန္းဟာ ဗီဒီယို ဇာတ္ကားေပါင္း (၃၀၀)ေက်ာ္နဲ႔ ႐ုပ္ရွင္ဇာတ္ကား(၃၀)ေက်ာ္ ႐ိုက္ကူးထားႏိုင္သူ ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးအၿပီးမွာေတာ့ ၂၀၁၂ခုႏွစ္မွာ တိမ္မင္းသမီးရဲ႕ဒ႑ာရီ ႐ုပ္ရွင္ဇာတ္ကားမွာ ႏွစ္ကိုယ္ခြဲ ဇာတ္႐ုပ္နဲ႔ အကယ္ဒမီသမိုင္းရဲ႕ ရခဲလွတဲ့ အထူးဆုကို ရရွိခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အောင်မြင်တဲ့ စီးပွားရေး ပညာရှင်ကြီး ဖြစ်ချင်တဲ့ ယွန်းယွန်း

ငယ်စဉ်ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ယွန်းယွန်းကတော့ ပညာရေးလောဘကြီးသူတစ်ယောက်လို့ ဆိုရမှာပါ။ သူမရဲ့ ရှေ့ရေးအတွက် ပညာရေးကိုလည်း အားသွန်ခွန်စိုက် ကြိုးစားနေသလို သူမဝါသနာပါရာ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။

ဆံပင်ရှည်ရှည် ပါးချိုင့်ကလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းပါ။ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးခဲ့သူ တစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်အောင်မြင်ခဲ့သလို တက္ကသိုလ်မတက်ခင် အချိန်မှာလည်း ABE Business Management ကို တက်ရောက်ခဲ့ပါသေးတယ်။

ညီမဆယ်တန်းအောင်တော့ ရလာဒ်ကို စောင့်နေရတယ်။ စောင့်နေတဲ့ အတောအတွင်းမှာ Business Management ကို တက်ချင်တယ်ဆိုပြီး ABE UK က ဟာကို လှမ်းဖြေတယ်။ မေမေကလည်း ငယ်ငယ်လေးကတည်းက MBA ရစေချင်တာဆိုတော့ ဒီလမ်းကြောင်းလေး ရွေးပြီး လျှောက်ဖြစ်တယ်” လို့ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်ထွက်ပြီးတဲ့ နောက်မှာလည်း သူမဝါသနာအရမ်းပါခဲ့တဲ့ စိတ်ပညာဘာသာ ရပ်ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ ဆက်လက်သင်ယူနေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ပညာ စာအုပ်တွေ မတော်တဆ ဖတ်မိသွားရာက ဝါသနာပါသွားခဲ့တဲ့ စိတ်ပညာကို အခုလို အသေးစိတ် သေချာ သင်ခွင့်ရလို့ ပိုပြီး ဝမ်းသာမိတယ်လို့ ပြောပြခဲ့ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး လောဘကြီးတယ်။ တစ်ချိန်ချိန်မှာကိုယ်အသက်မွေးဝမ်းကြောင်း လုပ်လို့ရမယ့် ဘွဲ့ကိုလည်း လိုချင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကိုလည်း သေချာ လေ့လာချင်တယ်ဆိုတော့ တက်ဖြစ်သွားတယ်။ ညီမက စိတ်ပညာနဲ့ ပတ်သက်တဲ့စာအုပ်တွေကို မတော်တဆ ဖတ်မိသွားတယ်။ စိတ်ဝင်စားသွားတယ်။ စိတ်ပညာကို ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ရင်း ရှာဖတ်ရင်းက စိတ်ပညာကို လိုက်စားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ။ စိတ်ပညာက နက်နဲတယ်။ ညီမလုပ်နေတဲ့ အလုပ်မှာလည်း ပြန်ပြီး အသုံးချလို့ တယ်။ တော်တော်များများက စိတ်ပညာနဲ့ ဆက်စပ်နေတာပဲ” ဆိုပြီး သူမလေ့လာသင်ယူနေတဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒါ့အပြင်မိဘတွေ ပညာသင်ယူ ခဲ့ရတဲ့ ကျောင်းမှာ သူမအနေနဲ့ ပြန်တက်ခွင့်ရလို့ အရမ်းကို ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယွန်းယွန်းက စိတ်ပညာဘာသာရပ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်ရဲ့ ပညာရေးထူးချွန်ဆုမှာ ဒုတိယဆု ရရှိခဲ့ပါသေးတယ်။ ယွန်းယွန်းဟာ ပညာရေးနဲ့ ပတ်သက်ပြီး လုံးဝကို လောဘကြီးတယ်လို့ ပြောရမှာပါ။ ကျောင်းနှစ်ကျောင်းတင်မကပါဘူး နောက်ထပ်လည်း ဘာသာစကားနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေတာ တွေ့ရပါတယ်။ Wall Street English မှာလည်း အင်္ဂလိပ်စာကို လေ့လာသင်ယူနေပြီး တခြားသော ဘာသာစကားတွေကိုလည်း လေ့လာနေပါသေးတယ်။

အခုလတ်လောမှာလည်း ထိုင်းနဲ့ ဆက်စပ်တဲ့အနုပညာအလုပ်တွေ လုပ်ဖို့ ရှိတာကြောင့် ထိုင်းဘာသာစကားကိုလည်း လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ထိုင်းနဲ့ လုပ်ရတဲ့ အ လုပ်လေးတွေလည်း ရှိလာတော့ ရုပ်ရှင်ရိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် သွားလည်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အသုံးဝင်မယ်လို့ ထင်တယ်။ အဲဒီအတွက် ထိုင်းစာသင်တာပါ။ အသစ်အဆန်းဆို အကုန်လုံး လုပ်ချင်တာ။ လေ့လောနေရတာကို ပျော်နေတာပဲဆိုတော့ အခုထိတော့ မခက်သေးပါဘူး။ ထိုင်းစာက အခုမှ အစဆိုတော့ သူ့စကားကတော့ ပြောလိုက်ရင် သူ့အသံတော့ ထွက်မှာပါ။ လောလောဆယ်တော့ မြန်မာလိုရယ်၊ အင်္ဂလိပ်ရယ် ၊ အခုထိုင်းရယ်ပေ့ါ။ ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့ နိုင်ငံခြားဘာသာစကားတော့ မရှိသေးဘူး” ဆိုပြီး ပြောပြခဲ့ပါတယ်။ ဘာသာစကားအနေနဲ့ ဒီသုံးမျိုးတင်မကသေးပါဘူး ကိုရီးယားစကား၊တရုတ်စကားတွေလည်း သင်ချင်သေးတယ်တဲ့။

သူမက တစ်ချိန်မှာကိုယ်ပိုင်စီးပွားရေး အလုပ်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ကိုင်ချင်တာကြောင့် အခုကတည်းက လေ့လာနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပေမယ့်လည်း သူမဝါသနာပါရာအနုပညာအလုပ်ကိုလည်း စွန့်လွှတ်သွားမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေးနဲ့ အနုပညာကို ညီညီမျှမျှဖြစ်အောင် ရေရှည်သွားချင်တဲ့အတွက် အခုကတည်းက ပညာရေးကို ဖောင်ဒေးရှင်းယူထားတဲ့ သဘောပါလို့ ဆိုပါတယ်။

လက်ရှိမှာ တက္ကသိုလ်တက်နေပြီး ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေတဲ့သူမဟာ သူမနဲ့ လိုက်မယ့် ကာရိုက်တာမျိုးကို ရွေးချယ်ရိုက်ကူးဖို့ အတွက်လည်း ပြင်ဆင်လျက်ရှိပါတယ်။ စိတ်ပညာကို ဝါသနာပါတဲ့ သူမက ဆိုက်ကိုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ပိုရိုက်ချင်တယ်လို့ ဆိုပါတယ်။

ယွန်းယွန်းကို ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဘွားဖြစ်သူက သရုပ်ဆောင် ဒေါ်သဲနုအောင် ဖြစ်တာကြောင့် အနုပညာမျိုးရိုးရှိသူ တစ်ဦးပီပီ ငယ်စဉ်ကလေးဘဝကတည်းက အနုပညာကို ဝါသနာပါခဲ့သူလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက အသက်သုံးနှစ်ခွဲ အရွယ်လောက်ကစပြီး ဗီဒီယိုဇာတ်ကားတစ်ကားမှာ ပါဝင်ဖြစ်သွားပြီး ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တာပါ။

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးအပြီးမှာတော့ ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ အကယ်ဒမီသမိုင်းရဲ့ ရခဲလှတဲ့ အထူးဆုကို ရရှိခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY