Zawgyi ျဖင့္ဖတ္ရန္

Melody Worldမွထြက္ေပၚလာတဲ့ အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားႏိုင္တဲ့အျပင္ ေတးသီခ်င္းေပါင္းမ်ားစြာနဲ႔ ပရိသတ္ရင္ထဲထိေအာင္ သီဆိုႏိုင္တဲ့ ႏိုင္ငံေက်ာ္ေတးသံရွင္ ခ်မ္းခ်မ္းကေတာ့ အေမရိကန္ခရီးစဥ္တစ္ခုမွာ ႀကဳံခဲ့ရတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ ရွက္စရာေကာင္းတဲ့ အေတြ႕အႀကဳံတစ္ခုကို 8days နဲ႔ အင္တာဗ်ဴးတစ္ခုမွာေျပာသြားခဲ့ပါတယ္။

ခ်မ္းခ်မ္းက “အစ္မလည္းျမန္မာလူမ်ိဳးပဲေလ ျမန္မာႏိုင္ငံမွာေနေနတာ အစ္မဘာသာအစ္မဘာေသြးေရာေရာေလ။ ဒါေပမဲ့အစ္မသည္ ဒီေရေျမမွာေနလာတာ ကိုယ့္ျမန္မာလူမ်ိဳးေတြဟာ တအားေအာက္တန္းက်တာပဲ ဘယ္လိုေတြစားၿပီးဘယ္လိုေတြေထြးသြားတာေလ ျမန္မာႏိုင္ငံမွာသာ ကိုယ္အခ်င္းခ်င္းမို႔လို႔ဘာမွေသခ်ာမသိတာ သူမ်ားႏိုင္ငံကိုေရာက္သြားတယ္ သူမ်ားအဝတ္လဲခန္းထဲမွာ အီးေတြဝင္ပါတယ္။ အေလးေတြအေပါ့ေတြစြန႔္တယ္ အဲ့တာဘာလဲဆိုေတာ့ အဝတ္လဲခန္း Zara လိုအဝတ္လဲခန္းထဲမွာပါသြားတယ္။ Toilet လည္းမဟုတ္ဘူးေလ ၿပီးလည္းၿပီးေရာ တံခါးပိတ္ၿပီး ျပန္ထြက္သြားတယ္ဆိုေတာ့ CCTV မွာၾကည့္ေတာ့ ဗမာလူမ်ိဳးျဖစ္ေနတယ္။

အဲ့လိုဆိုေျပာခံရတာ တအားေအာက္တယ္ကြာ သိလားအစ္မေျပာခ်င္တာကို ကိုယ့္ႏိုင္ငံမွာတင္မဟုတ္ေတာ့ဘူး သူမ်ားႏိုင္ငံမွာပါ သြားၿပီး စည္းကမ္းပ်က္တဲ့အခါက်ေတာ့ ျမန္မာလာရင္ဒီဆိုင္ထဲမဝင္ရဘူး။ အဲ့လိုေရးထားလိုက္တယ္ ျမန္မာေတြလာၿပီးေတာ့ ပြဲက်င္းပခြင့္မရွိဘူးတို႔ ျမန္မာေတြလုပ္သြားတဲ့အမႈိက္ေတြ ျပန႔္ုက်ဲၿပီးေတာ့မသိမ္းသြားဘူးဆိုၿပီးေတာ့ နာမည္ေကာင္းမက်န္ဘူး။ ဒါကိုယ့္ႏိုင္ငံမွာတင္မဟုတ္ဘူး သူမ်ားႏိုင္ငံမွာသြားေနတဲ့ ျမန္မာလူမ်ိဳးေတြကိုလည္း စည္းကမ္းေလးေတြ စနစ္ေလးေတြရွိေစခ်င္တယ္ ဘာေၾကာင့္လည္းဆိုေတာ့ ကမာၻႀကီးဆိုတာ က်ဥ္းက်ဥ္းေလးပါ။ တစ္ေန႔မဟုတ္တစ္ေန႔ကေတာ့ ျမန္မာလူမ်ိဴးေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ေတြ႕ၾကမွာပဲ။ ကိုယ္လုပ္ခဲ့တဲ့အရာတစ္ခုက ဒီေနရာမွာ ေတြ႕ခဲ့ရင္ ဒီလူေပါ့ ငါတို႔ဆိုင္မွာ အဲ့လိုႀကီးပါသြားတဲ့လူ ေျပာရင္ရွက္စရာမေကာင္းဘူးလား။ ဘာလို႔လုပ္ေနမွာလဲ အဲ့လိုမ်ိဳးေပါ့ ေသးေသးေလးေတြကအစ ႏိုင္ငံမွာတင္မကဘူး ကမာၻမွာပါ ကိုယ့္ျမန္မာသတင္းေလးေတြ ေမႊးေနရင္မေကာင္းဘူးလား။

စိတ္ဓာတ္ေလးေတြ ေသးေသးေလးေတြက အစျပင္ၾကရေအာင္ကိုယ္ေတြလည္း စည္းကမ္းရွိလြန္းတဲ့သူမဟုတ္ဘူး။ ဒါေပမဲ့ အမႈိက္ကအစ ေသးေသးေလးက စျပင္မယ္ဆိုရင္ေတာ့ အႀကီးႀကီးအတြက္ရည္မွန္းခ်က္ေတြ ထားလို႔ရတာေပါ့။ ဒီအေျခခံဟာေလးေတာင္မလုပ္ဘူးဆိုရင္ ေျမာင္းေတြပိတ္လို႔ ကုန္း႐ုန္းၿပီးလုပ္ေနရတဲ့ လုပ္သားေတြ ဘယ္ေလာက္သနားစရာေကာင္းလဲ မိုး႐ြာထဲမွာေရေတြလွ်ံၿပီးေတာ့။ အဲ့တာေတြက ကိုယ္ေတြပစ္တဲ့အမႈိက္ေနာ္။ တစ္ေန႔တစ္ စပစ္လိုက္တာေတြက တေျဖးေျဖးႀကီးလာၿပီး အသိုက္ႀကီးလိုျဖစ္သြားတာေလ ကိုယ္က ဘာမွမျဖစ္ဘူးလို႔ထင္လိုက္ေပမယ့္ လုပ္ရမယ့္သူအတြက္ အရမ္းပင္ပန္းပါတယ္။

Credit : nanmalgyi

Unicode ဖြင့်ဖတ်ရန်

Zara ဆိုင်ရဲ့အဝတ်လဲခန်းမှာ အပေါ့အလေးသွားခဲ့တဲ့ မြန်မာလူမျိုးအကြောင်းကို ပြောလာတဲ့ ချမ်းချမ်း

Melody Worldမှထွက်ပေါ်လာတဲ့ အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့အပြင် တေးသီချင်းပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲထိအောင် သီဆိုနိုင်တဲ့ နိုင်ငံကျော်တေးသံရှင် ချမ်းချမ်းကတော့ အမေရိကန်ခရီးစဉ်တစ်ခုမှာ ကြုံခဲ့ရတဲ့ မြန်မာလူမျိုးတွေရဲ့ ရှက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကို 8days နဲ့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

ချမ်းချမ်းက “အစ်မလည်းမြန်မာလူမျိုးပဲလေ မြန်မာနိုင်ငံမှာနေနေတာ အစ်မဘာသာအစ်မဘာသွေးရောရောလေ။ ဒါပေမဲ့အစ်မသည် ဒီရေမြေမှာနေလာတာ ကိုယ့်မြန်မာလူမျိုးတွေဟာ တအားအောက်တန်းကျတာပဲ ဘယ်လိုတွေစားပြီးဘယ်လိုတွေထွေးသွားတာလေ မြန်မာနိုင်ငံမှာသာ ကိုယ်အချင်းချင်းမို့လို့ဘာမှသေချာမသိတာ သူများနိုင်ငံကိုရောက်သွားတယ် သူများအဝတ်လဲခန်းထဲမှာ အီးတွေဝင်ပါတယ်။ အလေးတွေအပေါ့တွေစွန့်တယ် အဲ့တာဘာလဲဆိုတော့ အဝတ်လဲခန်း Zara လိုအဝတ်လဲခန်းထဲမှာပါသွားတယ်။ Toilet လည်းမဟုတ်ဘူးလေ ပြီးလည်းပြီးရော တံခါးပိတ်ပြီး ပြန်ထွက်သွားတယ်ဆိုတော့ CCTV မှာကြည့်တော့ ဗမာလူမျိုးဖြစ်နေတယ်။

အဲ့လိုဆိုပြောခံရတာ တအားအောက်တယ်ကွာ သိလားအစ်မပြောချင်တာကို ကိုယ့်နိုင်ငံမှာတင်မဟုတ်တော့ဘူး သူများနိုင်ငံမှာပါ သွားပြီး စည်းကမ်းပျက်တဲ့အခါကျတော့ မြန်မာလာရင်ဒီဆိုင်ထဲမဝင်ရဘူး။ အဲ့လိုရေးထားလိုက်တယ် မြန်မာတွေလာပြီးတော့ ပွဲကျင်းပခွင့်မရှိဘူးတို့ မြန်မာတွေလုပ်သွားတဲ့အမှိုက်တွေ ပြန့်ုကျဲပြီးတော့မသိမ်းသွားဘူးဆိုပြီးတော့ နာမည်ကောင်းမကျန်ဘူး။ ဒါကိုယ့်နိုင်ငံမှာတင်မဟုတ်ဘူး သူများနိုင်ငံမှာသွားနေတဲ့ မြန်မာလူမျိုးတွေကိုလည်း စည်းကမ်းလေးတွေ စနစ်လေးတွေရှိစေချင်တယ် ဘာကြောင့်လည်းဆိုတော့ ကမ္ဘာကြီးဆိုတာ ကျဉ်းကျဉ်းလေးပါ။ တစ်နေ့မဟုတ်တစ်နေ့ကတော့ မြန်မာလူမျိူးတွေကတော့ တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့ကြမှာပဲ။ ကိုယ်လုပ်ခဲ့တဲ့အရာတစ်ခုက ဒီနေရာမှာ တွေ့ခဲ့ရင် ဒီလူပေါ့ ငါတို့ဆိုင်မှာ အဲ့လိုကြီးပါသွားတဲ့လူ ပြောရင်ရှက်စရာမကောင်းဘူးလား။ ဘာလို့လုပ်နေမှာလဲ အဲ့လိုမျိုးပေါ့ သေးသေးလေးတွေကအစ နိုင်ငံမှာတင်မကဘူး ကမ္ဘာမှာပါ ကိုယ့်မြန်မာသတင်းလေးတွေ မွှေးနေရင်မကောင်းဘူးလား။

စိတ်ဓာတ်လေးတွေ သေးသေးလေးတွေက အစပြင်ကြရအောင်ကိုယ်တွေလည်း စည်းကမ်းရှိလွန်းတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ အမှိုက်ကအစ သေးသေးလေးက စပြင်မယ်ဆိုရင်တော့ အကြီးကြီးအတွက်ရည်မှန်းချက်တွေ ထားလို့ရတာပေါ့။ ဒီအခြေခံဟာလေးတောင်မလုပ်ဘူးဆိုရင် မြောင်းတွေပိတ်လို့ ကုန်းရုန်းပြီးလုပ်နေရတဲ့ လုပ်သားတွေ ဘယ်လောက်သနားစရာကောင်းလဲ မိုးရွာထဲမှာရေတွေလျှံပြီးတော့။ အဲ့တာတွေက ကိုယ်တွေပစ်တဲ့အမှိုက်နော်။ တစ်နေ့တစ် စပစ်လိုက်တာတွေက တဖြေးဖြေးကြီးလာပြီး အသိုက်ကြီးလိုဖြစ်သွားတာလေ ကိုယ်က ဘာမှမဖြစ်ဘူးလို့ထင်လိုက်ပေမယ့် လုပ်ရမယ့်သူအတွက် အရမ်းပင်ပန်းပါတယ်။

Credit : nanmalgyi

LEAVE A REPLY