Zawgyi ျဖင့္ဖတ္ရန္

 

ႏိုဘယ္လ္ဆုနဲ႔ အလားသ႑န္တူ ဆြီဒင္ႏိုင္ငံရဲ႕ 2019 Right Livelihood Award ကို ကမာၻ႔ရာသီဥတုအေရး လႈပ္ရွားသူ အသက္ ၁၆ ႏွစ္အ႐ြယ္ ဆြီဒင္မိန္းကေလး ‘Greta Thunberg’ က အျခားသူ ၄ ဦးနဲ႔အတူ ပူးတြဲရရွိသြားခဲ့ပါတယ္။

‘Greta Thunberg’ ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က နယူးေရာ့ခ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ရာသီဥတုဆိုင္ရာ ထိပ္သီးညီလာခံမွာ မိန္းခြန္းေျပာၾကားစဥ္ ကမာၻ႔ႏိုင္ငံအသီးသီးက ေခါင္းေဆာင္ေတြကို ရာသီဥတုေတြ ေျပာင္းလဲလာတဲ့ ကိစၥကို ကိုင္တြယ္ေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ေဒါသတႀကီးနဲ႔ လူသိရွင္းၾကား စြပ္စြဲေျပာဆိုလိုက္ပါတယ္။

သူမဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကစၿပီး ဆြီဒင္ႏိုင္ငံရဲ႕ ပါလီမန္ေရွ႕ကို အပတ္စဥ္ပုံမွန္သြားၿပီး ကမာၻႀကီးရဲ႕ ရာသီဥတုအေရးကိစၥေတြကို တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖာ္ခဲ့သူပါ။ အဲဒီေနာက္မွာေတာ့ သူမကို အားက်တဲ့ ကမာၻအႏွံ႔က သန္းနဲ႔ခ်ီတဲ့ လူငယ္ေတြဟာ လမ္းမေတြေပၚထြက္ၿပီး သူတို႔အစိုးရေတြကို ညီလာခံတက္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အဆိုပါညီလာခံမွာ ‘Greta Thunberg’ အသက္ ၁၆ ႏွစ္က
“မင္းတို႔ရဲ႕ သုံးစားမရတဲ့ စကားေတြနဲ႔ ငါရဲ႕အိမ္မက္ေတြ၊ ကေလးဘဝေတြကို ခိုးယူခဲ့ၾကတယ္။ လုပ္ရဲလိုက္ၾကတာ!” လို႔ ေဒါႀကီးေမာႀကီးနဲ႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီေန႔မွာပဲ အျပင္ကိုလမ္းေလွ်ာက္ထံက္လာၿပီး သတင္းေထာက္ေတြကို ေျဖၾကားေနတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို ေဒါသထြက္ေနတဲ့ အၾကည့္နဲ႔ စိုက္ၾကည့္ေနခဲ့ပါတယ္။

2019 Right Livelihood Award ဆုကို ‘Greta Thunberg’ နဲ႔အတူ ဘရာဇီးလူမ်ိဳး ရာႏိုမာမီတိုင္းရင္းသားေခါင္းေဆာင္ ‘Davi Kopenawa’ ၊ တ႐ုန္အမ်ိဳးသမီးအေရးလႈပ္ရွားသူ ေရွ႕ေန ‘Guo Jianmei’ နဲ႔ ဆဟာရအေနာက္ဘက္ပိုင္း လူ႔အခြင့္အေရးကာကြယ္သူ ‘Aminatou Haidar’ တို႔ ၄ ဦး ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္။ ဆုေၾကးေငြအျဖစ္ တစ္ဦးလွ်င္ ဆြီဒင္ပိုက္ဆံ ၁ သန္း(ေဒၚလာ ၁၀၃,၀၀၀) ရရွိမွာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ထိပ်သီးညီလာခံတွင် ၁၆ နှစ်သမီးရဲ့ ပြစ်တင်မှုကို ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ ငုံ့ခံခဲ့ရ

နိုဘယ်လ်ဆုနဲ့ အလားသဏ္ဍန်တူ ဆွီဒင်နိုင်ငံရဲ့ 2019 Right Livelihood Award ကို ကမ္ဘာ့ရာသီဥတုအရေး လှုပ်ရှားသူ အသက် ၁၆ နှစ်အရွယ် ဆွီဒင်မိန်းကလေး ‘Greta Thunberg’ က အခြားသူ ၄ ဦးနဲ့အတူ ပူးတွဲရရှိသွားခဲ့ပါတယ်။

‘Greta Thunberg’ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးရော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ မိန်းခွန်းပြောကြားစဉ် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ရာသီဥတုတွေ ပြောင်းလဲလာတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒေါသတကြီးနဲ့ လူသိရှင်းကြား စွပ်စွဲပြောဆိုလိုက်ပါတယ်။

သူမဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ဆွီဒင်နိုင်ငံရဲ့ ပါလီမန်ရှေ့ကို အပတ်စဉ်ပုံမှန်သွားပြီး ကမ္ဘာကြီးရဲ့ ရာသီဥတုအရေးကိစ္စတွေကို တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူပါ။ အဲဒီနောက်မှာတော့ သူမကို အားကျတဲ့ ကမ္ဘာအနှံ့က သန်းနဲ့ချီတဲ့ လူငယ်တွေဟာ လမ်းမတွေပေါ်ထွက်ပြီး သူတို့အစိုးရတွေကို ညီလာခံတက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါညီလာခံမှာ ‘Greta Thunberg’ အသက် ၁၆ နှစ်က
“မင်းတို့ရဲ့ သုံးစားမရတဲ့ စကားတွေနဲ့ ငါရဲ့အိမ်မက်တွေ၊ ကလေးဘဝတွေကို ခိုးယူခဲ့ကြတယ်။ လုပ်ရဲလိုက်ကြတာ!” လို့ ဒေါကြီးမောကြီးနဲ့ ပြောဆိုခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အပြင်ကိုလမ်းလျှောက်ထံက်လာပြီး သတင်းထောက်တွေကို ဖြေကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဒေါသထွက်နေတဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

2019 Right Livelihood Award ဆုကို ‘Greta Thunberg’ နဲ့အတူ ဘရာဇီးလူမျိုး ရာနိုမာမီတိုင်းရင်းသားခေါင်းဆောင် ‘Davi Kopenawa’ ၊ တရုန်အမျိုးသမီးအရေးလှုပ်ရှားသူ ရှေ့နေ ‘Guo Jianmei’ နဲ့ ဆဟာရအနောက်ဘက်ပိုင်း လူ့အခွင့်အရေးကာကွယ်သူ ‘Aminatou Haidar’ တို့ ၄ ဦး ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ ဆုကြေးငွေအဖြစ် တစ်ဦးလျှင် ဆွီဒင်ပိုက်ဆံ ၁ သန်း(ဒေါ်လာ ၁၀၃,၀၀၀) ရရှိမှာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY