Zawgyi ဖြင့်ဖတ်ရန်




Source_Pyi Myanmar

Unicode ဖြင့်ဖတ်ရန်

မိန်းကလေးနှစ်ဦးနှင့် ခြောက်နှစ်အတူနေကြည့်ရာ အဆင်ပြေသဖြင့် နှစ်ဦးလုံးနှင့်ယူတော့မယ့် အမျိုးသား

အမေရိကန်ပြည်ထောင်စုတွင် အ မျိုးသားတစ်ဦးက အမျိုးသမီးနှစ်ဦးနှင့် တစ်မိုးအောက်တွင် ခြောက်နှစ်ကျော်အ တူနေကြည့်ပြီး အဆင်ပြေသဖြင့် ထိုနှစ်ဦး လုံးနှင့် လက်ထပ်တော့မည်ဖြစ်သည်။ အ သက် ၃၅ နှစ်အရွယ် ဂျင်မီဆေးလ်ဗား သည် အသက် ၃၁ နှစ်အရွယ် ချာချာ၊ အ သက် ၂၅ နှစ်အရွယ်ဆမ်းမားတို့နှင့် အတူ နေခဲ့ခြင်းဖြစ်သည်။

၎င်းတို့က အိမ်တွင် အထူးလုပ်သုံးယောက်အိပ်ကုတင်ကြီး ထားထားသည်။ တစ်မိုးအောက် အတူ နေရာတွင် အရာရာကို သုံးဦးသား တိုင် ပင်ပြီးလုပ်ကြသည်။ ၎င်းတို့၏ဆက်ဆံ ရေးသည်အခြားလူတို့အမြင်တွင် တစ်မျိုး ထူးနေသော်ငြား သုံးယောက်လုံး၏မိဘ များက ၎င်းတို့ကို သဘောတူကြသည်။ ၎င်းတို့လည်း တတိယလူပါသည့် အိမ် ထောင်ရေးကိုစိတ်ဝင်စားသည်ဟု မိဘ များက ဆိုကြသေးသည်။

ဂျင်မီနှင့်ချာ ချာသည် အထက်တန်းကျောင်းပြီးက တည်းကပင် ရည်းစားဖြစ်ကြသည်။ ချာ ချာက ၎င်းသည် လိင်တူ၊ လိင်ကွဲ နှစ်မျိုး လုံးကို စိတ်ဝင်စားသူဖြစ်ကြောင်း ၎င်းဘာ သာသိသည်။ သိသည့်အတိုင်းလည်း ရည်းစားဖြစ်သူ ဂျင်မီကို ပြောပြထားသည်။ ၎င်းတို့ အတူနေအပြီး တစ်လအကြာတွင် ပင် ၎င်းတို့ဘဝထဲကို တတိယလူ ဝင်လာ သည်။ သို့သော်လည်း ၎င်းတို့သုံးဦး အ ဆင်ပြေကြသည်။ ထို့ကြောင့် လာမည့် ဒီဇင်ဘာလတွင် လက်ထပ်ရန် ၎င်းတို့က စီစဉ်လိုက်ခြင်းဖြစ်သည်။

Source_Pyi Myanmar

LEAVE A REPLY