Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယေတာင္ပိုင္းက အန္ဒရာပရာဒက္ရွ္္ျပည္နယ္္မွာ အသက္္ ရ၃ ႏွစ္ အဘြားအိုတစ္ဦးျဖစ္တဲ့ မန္ဂါယမ္မာဟာ အႁမြာမိန္းကေလးႏွစ္္ဦးကို ေအာင္ျမင္စြာ ေမြးဖြားခဲ့ပါတယ္။အဘြားအို မန္ဂါယမ္ဟာဖန္ႁပြန္သေႏၶသားနည္းနဲ႔ ကိုယ္ဝန္ယူခဲ့တာျဖစ္ၿပီး ၾကာသပေတးေန႔မွာ အႁမြာကေလးႏွစ္ဦးကို ဆရာဝန္္ေတြကို ခြဲေမြးေပးခဲ့တာပါ။

“မိခင္ေရာ ကေလးႏွစ္ဦးပါ က်န္းမာၾကပါတယ္။”လို႔ ေဒါက္တာ အူမာဆန္ကာက ေျပာပါတယ္။အဘြားအို မန္ဂါယမ္မာနဲ႔ သူ႔ခင္ပြန္း အသက္ ၈၂ ႏွစ္္ရွိ ဆီတာရာမာတို႔ဟာ ကေလးလိုခ်င္ေနခဲ့တာ ၾကာလွၿပီျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ သိပ္ ေပ်ာ္တာပဲဗ်ာ။”လို႔ ဆီတာရာမာက ေျပာၿပီး သူ႔ဇနီးဟာ ဖန္ႁပြန္သေႏၶသား နည္းပညာနဲ႔ ကိုယ္္ဝန္္ႏွစ္လ လြယ္ခဲ့ရတယ္လို႔လည္း ေျပာပါတယ္။“ကြၽန္မတို႔ ကေလးရဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားလာခဲ့တယ္။ ေတြ႕ခဲ့တဲ့ ဆရာဝန္္ေတြဆိုတာလည္း မေရမတြက္ႏိုင္ဘူး။ ခုေတာ့ ကြၽန္မဘဝရဲ႕ အေပ်ာ္ဆုံး အခ်ိန္ပါပဲ။”လို႔ မန္ဂါယမ္က ေျပာပါတယ္။

 

 

မန္ဂါယမ္အေနနဲ႔ ကေလး မရႏိုင္တာေၾကာင့္္ ရပ္ကြက္ထဲ အရွက္ရခဲ့ရၿပီး လႈေရးတန္္းေရး လူမႈပြဲေတြမွာဆိုရင္ ဖယ္ၾကဥ္ခံရသလို ခံစားခဲ့ရတယ္လို႔ ေျပာပါတယ္။
“ခုေတာ့ ရပ္ကြက္ထဲမွာ ကြၽန္မကို ကေလးအေမလို႔ ေခၚႏိုင္ၾကၿပီေလ။”လို႔ အဘြားအို မန္ဂါယမ္က ဆိုပါတယ္။

ဒါေပမယ့္ ဒီ အႁမြာကေလး ေမြးၿပီးတဲ့ ေန႔မွာပဲ ဖခင္ျဖစ္သူ ဆီတာရာမာဟာ ေလျဖတ္္သြားတာေၾကာင့္ ေဆး႐ုံမွာ လက္ရွိ တင္ထားရပါတယ္။အိႏၵိယမွာ ၂၀၁၆ ခုႏွစ္က အသက္္ ရ၀ ေက်ာ္ အဘြားအို ဒါဂ်င္ဒါကာအူးက သားေယာက္က်ားေလးတစ္္ဦး ေမြးဖြားခဲ့ဖူးပါတယ္။

Rf; BBC
Wrtier_ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

အသက် ရ၀ ကျော်မှ ကံပေါ်တဲ့ အဘွားအို အမြွာပူးလေး မွေး

အိန္ဒိယတောင်ပိုင်းက အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ အသက် ရ၃ နှစ် အဘွားအိုတစ်ဦးဖြစ်တဲ့ မန်ဂါယမ်မာဟာ အမြွာမိန်းကလေးနှစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။အဘွားအို မန်ဂါယမ်ဟာဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ အမြွာကလေးနှစ်ဦးကို ဆရာဝန်တွေကို ခွဲမွေးပေးခဲ့တာပါ။

“မိခင်ရော ကလေးနှစ်ဦးပါ ကျန်းမာကြပါတယ်။”လို့ ဒေါက်တာ အူမာဆန်ကာက ပြောပါတယ်။အဘွားအို မန်ဂါယမ်မာနဲ့ သူ့ခင်ပွန်း အသက် ၈၂ နှစ်ရှိ ဆီတာရာမာတို့ဟာ ကလေးလိုချင်နေခဲ့တာ ကြာလှပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ သိပ် ပျော်တာပဲဗျာ။”လို့ ဆီတာရာမာက ပြောပြီး သူ့ဇနီးဟာ ဖန်ပြွန်သန္ဓေသား နည်းပညာနဲ့ ကိုယ်ဝန်နှစ်လ လွယ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။“ကျွန်မတို့ ကလေးရဖို့ အကြိမ်ကြိမ် ကြိုးစားလာခဲ့တယ်။ တွေ့ခဲ့တဲ့ ဆရာဝန်တွေဆိုတာလည်း မရေမတွက်နိုင်ဘူး။ ခုတော့ ကျွန်မဘဝရဲ့ အပျော်ဆုံး အချိန်ပါပဲ။”လို့ မန်ဂါယမ်က ပြောပါတယ်။

မန်ဂါယမ်အနေနဲ့ ကလေး မရနိုင်တာကြောင့် ရပ်ကွက်ထဲ အရှက်ရခဲ့ရပြီး လှုရေးတန်းရေး လူမှုပွဲတွေမှာဆိုရင် ဖယ်ကြဉ်ခံရသလို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
“ခုတော့ ရပ်ကွက်ထဲမှာ ကျွန်မကို ကလေးအမေလို့ ခေါ်နိုင်ကြပြီလေ။”လို့ အဘွားအို မန်ဂါယမ်က ဆိုပါတယ်။

ဒါပေမယ့် ဒီ အမြွာကလေး မွေးပြီးတဲ့ နေ့မှာပဲ ဖခင်ဖြစ်သူ ဆီတာရာမာဟာ လေဖြတ်သွားတာကြောင့် ဆေးရုံမှာ လက်ရှိ တင်ထားရပါတယ်။အိန္ဒိယမှာ ၂၀၁၆ ခုနှစ်က အသက် ရ၀ ကျော် အဘွားအို ဒါဂျင်ဒါကာအူးက သားယောက်ကျားလေးတစ်ဦး မွေးဖွားခဲ့ဖူးပါတယ်။

Rf; BBC
Wrtier_မောင်သံဆင့်(XYZ News)

LEAVE A REPLY