Zawgyi ျဖင့္ဖတ္ရန္

သိပၸံပညာရွင္ေတြဟာ ဝက္ၿခံ နဲ႔ပတ္သတ္တဲ့ ကုထုံးသစ္ တစ္ခုကိုတီထြင္လိုက္ပါၿပီ ။ဒီကုထုံးကိုေတာ့ ဝက္ၿခံေရာဂါျပင္းထန္စြာခံစားေနရသူေပါင္း ၅၆၀၂ ဦးအပါအဝင္ စုစုေပါင္း ၂၆၇၇၃ ဦးအေပၚမွာ စမ္းသပ္ခဲ့တာပဲျဖစ္ပါတယ္။ဒီကုထုံးကေတာ ့အမြႊေးဆဲလ္ေတြကို ျပဳျပင္ေျပာင္းလဲၿပီးေတာ့ ဝက္ၿခံေတြျဖစ္ေပၚမလာေစေအာင္တားဆီးေပးတဲ့ကုထုံးတစ္ခုပါပဲ ။

National Institute of Health Research ရဲ႕ Biomedical Research Center မွ Guys နဲ႔ St.Thomas တို႔ကေတာ့ ယခုကုထုံးဟာ အရင္ကုထုံးေတြထက္စာရင္အမ်ားႀကီးပိုမိုအက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္လို႔ေျပာျပထားပါတယ္။

ဒီ သုေတသန ကို ဦးေဆာင္ေနသူကေတာ့ ဝက္ၿခံ ကုသမႈကို ဆယ္စုႏွစ္တစ္ခုအေၾကာေလာက္လုပ္ေဆာင္ခဲ့တဲ့ အလွပေရးရာပညာရွင္ပေရာ္ဖက္ဆာ Jonathan Barker ပဲျဖစ္ပါတယ္။“အခုလိုမ်ိဳးဝက္ၿခံေတြကို မ်ိဳး႐ိုးဗီဇကုထုံးနဲကုသျခင္းဟာ အရင္တုန္းက တစ္ခါမွမလုပ္ခဲ့ဖူးတဲ့ ဒါဟာေျခလွမ္းသစ္တစ္ခုလို႔ေျပာရမွာပါ ။

ဝက္ၿခံျပႆနာနဲ႔ရင္ဆိုင္ေနရတဲ့သူေတြအတြက္ေတာ့ ဒီ ကုထုံ းဟာ အလြန္အေရးပါတဲ့ ကုထုံးတစ္ခုျဖစ္လာႏိုင္ပါတယ္။မ်က္ႏွာေပၚမွာ အမာ႐ြတ္ေတြထင္မက်န္ေစဖို႔အတြက္ ကြၽန္ေတာ္တို႔ဆီမွာ ေစာေစာစီးစီးလာကုသဖို႔ေတာ့လိုပါတယ္” လို႔ ပေရာ္ဖက္ဆာ Jonathan Barker ကေျပာထားပါတယ္။

ယခုလက္ရွိ နာမည္ေက်ာ္ ဝက္ၿခံကုထုံးကေတာ့ isotretinoin ေဆးျဖစ္ၿပီးေတာ့ အေတာ္ေလးကို ေဘးထြက္ဆိုးက်ိဳးမ်ားတဲ့ ေဆးတစ္ခုပါ။ဒီေဆးကိုသုံးစြဲတဲ့အခါ ႂကြက္သားနာက်င္မႈ ၊ အသားအေရေျခာက္ေသြ႕ျခင္းေတြနဲ႔ ကိုယ္ဝန္ေဆာင္ ေတြဆိုရင္ ကေလးပ်က္က်ႏိုင္ေခ်ရွိတဲ့အထိ ျပင္းထန္တဲ့ေဆးဝါးတစ္ခုပဲျဖစ္ပါတယ္။

Writer_ Min Thu ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

ဝက်ခြံတွေကို အမာရွတ် ပါမကျန်အောင်ဖယ်ရှားပေးမယ့် ကုထုံးသစ်တစ်ခုကိုတီထွင်

သိပ္ပံပညာရှင်တွေဟာ ဝက်ခြံ နဲ့ပတ်သတ်တဲ့ ကုထုံးသစ် တစ်ခုကိုတီထွင်လိုက်ပါပြီ ။ဒီကုထုံးကိုတော့ ဝက်ခြံရောဂါပြင်းထန်စွာခံစားနေရသူပေါင်း ၅၆၀၂ ဦးအပါအဝင် စုစုပေါင်း ၂၆၇၇၃ ဦးအပေါ်မှာ စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကုထုံးကတော့အမွှေးဆဲလ်တွေကို ပြုပြင်ပြောင်းလဲပြီးတော့ ဝက်ခြံတွေဖြစ်ပေါ်မလာစေအောင်တားဆီးပေးတဲ့ကုထုံးတစ်ခုပါပဲ ။

National Institute of Health Research ရဲ့ Biomedical Research Center မှ Guys နဲ့ St.Thomas တို့ကတော့ ယခုကုထုံးဟာ အရင်ကုထုံးတွေထက်စာရင်အများကြီးပိုမိုအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ပြောပြထားပါတယ်။

ဒီ သုတေသန ကို ဦးဆောင်နေသူကတော့ ဝက်ခြံ ကုသမှုကို ဆယ်စုနှစ်တစ်ခုအကြောလောက်လုပ်ဆောင်ခဲ့တဲ့ အလှပရေးရာပညာရှင်ပရော်ဖက်ဆာ Jonathan Barker ပဲဖြစ်ပါတယ်။“အခုလိုမျိုးဝက်ခြံတွေကို မျိုးရိုးဗီဇကုထုံးနဲကုသခြင်းဟာ အရင်တုန်းက တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ ဒါဟာခြေလှမ်းသစ်တစ်ခုလို့ပြောရမှာပါ ။

ဝက်ခြံပြဿနာနဲ့ရင်ဆိုင်နေရတဲ့သူတွေအတွက်တော့ ဒီ ကုထုံ းဟာ အလွန်အရေးပါတဲ့ ကုထုံးတစ်ခုဖြစ်လာနိုင်ပါတယ်။မျက်နှာပေါ်မှာ အမာရွတ်တွေထင်မကျန်စေဖို့အတွက် ကျွန်တော်တို့ဆီမှာ စောစောစီးစီးလာကုသဖို့တော့လိုပါတယ်” လို့ ပရော်ဖက်ဆာ Jonathan Barker ကပြောထားပါတယ်။

ယခုလက်ရှိ နာမည်ကျော် ဝက်ခြံကုထုံးကတော့ isotretinoin ဆေးဖြစ်ပြီးတော့ အတော်လေးကို ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတစ်ခုပါ။ဒီဆေးကိုသုံးစွဲတဲ့အခါ ကြွက်သားနာကျင်မှု ၊ အသားအရေခြောက်သွေ့ခြင်းတွေနဲ့ ကိုယ်ဝန်ဆောင် တွေဆိုရင် ကလေးပျက်ကျနိုင်ချေရှိတဲ့အထိ ပြင်းထန်တဲ့ဆေးဝါးတစ်ခုပဲဖြစ်ပါတယ်။

Writer_ Min Thu ( XYZ NEWS )

LEAVE A REPLY