Zawgyi ျဖင့္ဖတ္ရန္

 

ဇာတ္လမ္း၊ ဇာတ္အိမ္ခိုင္မာတဲ႔ ရုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြကို ရိုက္ကူးျပီး ေအာင္ျမင္လူၾကိဳက္မ်ားခဲ႔တဲ႔ ကိုရီးယား ထိပ္တန္းမင္းသမီးအခ်ိဳ႕ဟာ အသက္ကန္႔သတ္ထားတဲ႔ လူၾကီးဇာတ္ကားေတြကိုလည္း ၀တ္လစ္စလစ္ ရိုက္ကူးခဲ႔ဖူးတယ္လို႔ သိရပါတယ္။ ဒီလိုဆိုရင္ ဘယ္သူေတြက ဘယ္လိုမ်ိုးေသာ ဇာတ္ကားမ်ိုးေတြကို ရိုက္ကူးခဲ႔ဖူးသလဲဆိုတာကို ဆက္လက္ရွဳစားၾကည္႔လိုက္ၾကပါဦး။

9. Sung Hyun Ah

 

အခုလက္ရွိမွာ အသက္ ၄၄ ႏွစ္အရြယ္္ကို ေရာက္ရွိေနျပီျဖစ္တဲ႔ မင္းသမ္ီး Sung Hyun Ah ဟာဆိုရင္ လူၾကီးဇာတ္ကားေတြမ်ားစြာကို ရိုက္ကူးခဲ႔ဖူးသူျဖစ္ပါတယ္။ ထိုဇာတ္ကားေတြထဲကမွ Time, Lover, Woman is the Future of Man နဲ႔ The Scarlet Letter ဇာတ္ကားေတြဟာဆိုရင္ ဒီေန႔အခ်ိန္ထိ ေျပာစမွတ္တြင္ေနၾကဆဲပါ။ သူမ အ၀တ္ဗလာနဲ႔ ရိုက္ကူးခဲ႔တဲ႔ ဓာတ္ပံုအယ္လ္ဘမ္ကို သူမရဲ႕ေအဂ်င္စီက Website မွာ တင္တုန္းကဆိုရင္ အင္တာနက္ဆာဗာလက်ေလာက္တဲ႔အထိတိုင္ေအာင္ကို ၾကည္႔ရွဳသူေတြ မ်ားခဲ႔ဖူးပါတယ္တဲ႔။

8. Kang Hye Jung

 

ပရိသတ္ေတြနဲ႔ မစိမ္းတဲ႔မင္းသမ္ီးတစ္လက္ျဖစ္တဲ႔ မင္းသမီး Kang Hye Jung ကေတာ႔ ၁၉၉၇ ခုႏွစ္မွာ မဂၢဇင္းေမာ္ဒယ္အျဖစ္နဲ႔ အနုပညာေလာကထဲကို စတင္၀င္ေရာက္ခဲ႔သူျဖစ္ပါတယ္။ Oldboy ဆိုတဲ႔ ရုပ္ရွင္ကားမွာ ၀တ္လစ္စလစ္နဲ႔ သရုပ္ေဆာင္ခဲ႔ဖူးတဲ႔ သူမဟာ သူမရဲ႕ ေျပာင္ေျမာက္လွတဲ႔ သရုပ္ေဆာင္ခ်က္ေတြေၾကာင္႔ ထိုဇာတ္ကားနဲ႔ပဲ Blue Dragon Film Awards ဆုေပးပြဲမွာ အေကာင္းဆံုးဇာတ္ပို႔မင္းသမီးဆုကို ဆြတ္ခူးရရွိခဲ႔ပါတယ္။

7. Bae Doona

 

ရုပ္ရည္အေခ်ာၾကီးိမဟုတ္ေပမယ္႔လည္း သဘာ၀က်တဲ႔ သရုပ္ေဆာင္ခ်က္ေတြေၾကာင္႔ နာမည္ၾကီးတဲ႔ မင္းသမီး Bae Doona ဟာဆိုရင္လည္း လူၾကီးဇာတ္ကားလို႔ သတ္မွတ္လို႔ရတဲ႔ Plum Blossom ဇာတ္ကားမွာ မင္းသား Kim Rae Won နဲ႔ တြဲဖက္ျပီး သရုပ္ေဆာင္ခဲ႔သူျဖစ္ပါတယ္။ ထိုဇာတ္ကားထဲဟာ ပါ၀င္တဲ႔ ခ်စ္တင္းေႏွာခန္းေတြေၾကာင္႔ နာမည္ၾကီးခဲ႔ျပီး အဆိုပါဇာတ္၀င္ခန္းေတြဟာလည္း လူစားထိုးျပီးရိုက္ကူးတာလား၊ သရုပ္ေဆာင္ေတြ ကိုယ္တုိုင္ပဲ ရုိက္ကူးထားတာလားဆိုတာကို အျငင္းပြားခဲ႔ဖူးၾကပါေသးတယ္။

6. Jo Yeo Jeong

 

အသက္ ၁၆ ႏွစ္အရြယ္မွာ မဂၢဇင္းေမာ္ဒယ္အျဖစ္နဲ႔ စတင္ခဲ႔တဲ႔ မင္းသမီး Jo Yeo Jeong ဟာဆိုရင္ လူသိမ်ားေအာင္ တီဗီြအစီအစဥ္မွာ ပါ၀င္တင္ဆက္ခဲ႔ေပမယ္႔လည္း ထင္သေလာက္ေအာင္ျမင္မွဳမရရွိခဲ႔ပါဘူး။ ဒါေပမယ္႔လည္း The Servant ဆိုတဲ႔ ခပ္ၾကမ္းၾကမ္းလူၾကီးကားမွာ ပါ၀င္သရုပ္ေဆာင္ခဲ႔ျပီးတဲ႔ေနာက္မွာေတာ႔ လူသိမ်ားေအာင္ျမင္တဲ႔ မင္းသမီးအျဖစ္ကို ေရာက္ရွိခဲ႔ပါေတာ႔တယ္။

5. Uhm Jung Hwa

 

နာမည္ေက်ာ္ အဆိုေတာ္၊ သရုပ္ေဆာင္တစ္ဦးျဖစ္တဲ႔ Uhm Jung Hwa ကေတာ႔ Marriage Is a Crazy Thing ဇာတ္ကားမွာပါ၀င္ခဲ႔ျပီး အဲဒီဇာတ္ကားထဲက သူမရဲ႕ ေျပာင္ေျမာက္လွတဲပ သရုပ္ေဆာင္စြမ္းရည္ေတြေၾကာင္႔ ၂၀၀၃ ခုႏွစ္ရဲ႕ Paeksang Arts Awards မွာ အေကာင္းဆံုးအမ်ိဳးသမီး သရုပ္ေဆာင္ဆုကို ရရွိခဲ႔ဖူးသူပါ။

4. Seo Jeong

 

၀ါရင္႔မင္းသမီးတစ္လက္ျဖစ္သူ Seo Jeong ဟာ ရုပ္ရွင္ကားေတြ၊ TV အစီအစဥ္ေတြမ်ားစြာမွာ ပါ၀င္မရိုက္ကူးဘူးဆိုေပမယ္႔လည္း သူမ ရိုက္ကူးခဲ႔သမွ် ဇာတ္ကားေတြတိုင္းကေတာ႔ နာမည္ၾကီးဖာတ္ကားေတြျဖစ္ပါတယ္။ အထူးသျဖင္႔ The Isle, Green Chair နဲ႔ Yellow Flower ဇာတ္ကားေတြေပါ႔။

3. Lee Eun Ju

 

ကြယ္လြန္သြားျပီျဖစ္တဲ႔ မင္းသမီး Lee Eun Ju ကေတာ႔ နာမည္ေက်ာ္ရုပ္ရွင္ကားေတြျဖစ္တဲ႔ Phoenix, Taegukgi: The Brotherhood of War နဲ႔ The Scarlet Letter ဇာတ္ကားေတြမွာ ပါ၀င္ခဲ႔သူျဖစ္ပါတယ္။ Scarlet Letter ဇာတ္ကားမွာဆိုရင္ ၀တ္လစ္စလစ္အခန္းေတြအမ်ားၾကီးပါ၀င္ခဲ႔တဲ႔အတြက္ ေ၀ဖန္မွုေတြကို ခံခဲ႔ရတယ္လို႔ဆိုပါတယ္။ အဲဒီဇာတ္ကားထြက္ျပီး သိပ္မၾကာခင္မွာပဲ သူမဟာ စိတ္က်ေရာဂါနဲ႔ သူမကိုယ္သူမ အဆံုးစီရင္သြားခဲ႔တာျဖစ္ပါတယ္။

2. Yunjin Kim

 

ကိုရီးယားနဲ႔ အေမရိကန္ကျပားတစ္ဦးျဖစ္တဲ႔ မင္းသမီး Yunjin Kim ဟာ အေမရိကန္ TV ဇာတ္လမ္းတြဲေတြမွာ ပါ၀င္ခဲ႔ဖူးျပီး Lost, Ardor နဲ႔ Shiri ရုပ္ရွင္ကားေတြမွာလည္း ပါ၀င္ခဲ႔ဖူးသူျဖစ္ပါတယ္။ Ardor မွာ သရုပ္ေဆာင္ေကာင္းခဲ႔မွုေၾကာင္႔ ၂၀၀၂ ခုႏွစ္ရဲ႕ Blue Dragon Film Awards ပြဲမွာ အေကာင္းဆံုးမင္းသမီးဆုကို ရရွိခဲ႔သူျဖစ္ပါတယ္။

1. Jeon Do Yeon

 

နာမည္ေက်ာ္မင္းသမီးတစ္ဦးျဖစ္တဲ႔ Jeon Do-yeon ဟာ Grand Bell Award, Blue Dragon Film Award နဲ႔ Asia Pacific Screen Award ဆုေပးပြဲၾကီးေတြက ဆုေတြအမ်ားၾကီးကို ရရွိထားသူတစ္ဦးျဖစ္ပါတယ္။ ဇာတ္ေကာင္းေပါင္းမ်ားစြာကို ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ သူမဟာ Secret Sunshine ဆိုတဲ႔ ဇာတ္ကားနဲ႔ ၂၀၀၇ ခုႏွစ္ရဲ႕ Cannes Film Festival မွာ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ႔သူလည္းျဖစ္ပါတယ္။

Credit : Mia (Momolay)

Unicode ဖြင့်ဖတ်ရန်

ချစ်တင်းနှောခန်းတွေကို လူစားမထိုးပဲကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြတဲ့ ကိုရီးယားမင်းသမီးများ

ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးပြီး အောင်မြင်လူကြိုက်များခဲ့တဲ့ ကိုရီးယား ထိပ်တန်းမင်းသမီးအချို့ဟာ အသက်ကန့်သတ်ထားတဲ့ လူကြီးဇာတ်ကားတွေကိုလည်း ဝတ်လစ်စလစ် ရိုက်ကူးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင် ဘယ်သူတွေက ဘယ်လိုမျိုးသော ဇာတ်ကားမျိုးတွေကို ရိုက်ကူးခဲ့ဖူးသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

9. Sung Hyun Ah

အခုလက်ရှိမှာ အသက် ၄၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မင်းသမ်ီး Sung Hyun Ah ဟာဆိုရင် လူကြီးဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ ထိုဇာတ်ကားတွေထဲကမှ Time, Lover, Woman is the Future of Man နဲ့ The Scarlet Letter ဇာတ်ကားတွေဟာဆိုရင် ဒီနေ့အချိန်ထိ ပြောစမှတ်တွင်နေကြဆဲပါ။ သူမ အဝတ်ဗလာနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို သူမရဲ့အေဂျင်စီက Website မှာ တင်တုန်းကဆိုရင် အင်တာနက်ဆာဗာလကျလောက်တဲ့အထိတိုင်အောင်ကို ကြည့်ရှုသူတွေ များခဲ့ဖူးပါတယ်တဲ့။

8. Kang Hye Jung

ပရိသတ်တွေနဲ့ မစိမ်းတဲ့မင်းသမ်ီးတစ်လက်ဖြစ်တဲ့ မင်းသမီး Kang Hye Jung ကတော့ ၁၉၉၇ ခုနှစ်မှာ မဂ္ဂဇင်းမော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ Oldboy ဆိုတဲ့ ရုပ်ရှင်ကားမှာ ဝတ်လစ်စလစ်နဲ့ သရုပ်ဆောင်ခဲ့ဖူးတဲ့ သူမဟာ သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ထိုဇာတ်ကားနဲ့ပဲ Blue Dragon Film Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

7. Bae Doona

ရုပ်ရည်အချောကြီးိမဟုတ်ပေမယ့်လည်း သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးတဲ့ မင်းသမီး Bae Doona ဟာဆိုရင်လည်း လူကြီးဇာတ်ကားလို့ သတ်မှတ်လို့ရတဲ့ Plum Blossom ဇာတ်ကားမှာ မင်းသား Kim Rae Won နဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ထိုဇာတ်ကားထဲဟာ ပါဝင်တဲ့ ချစ်တင်းနှောခန်းတွေကြောင့် နာမည်ကြီးခဲ့ပြီး အဆိုပါဇာတ်ဝင်ခန်းတွေဟာလည်း လူစားထိုးပြီးရိုက်ကူးတာလား၊ သရုပ်ဆောင်တွေ ကိုယ်တိုင်ပဲ ရိုက်ကူးထားတာလားဆိုတာကို အငြင်းပွားခဲ့ဖူးကြပါသေးတယ်။

6. Jo Yeo Jeong

အသက် ၁၆ နှစ်အရွယ်မှာ မဂ္ဂဇင်းမော်ဒယ်အဖြစ်နဲ့ စတင်ခဲ့တဲ့ မင်းသမီး Jo Yeo Jeong ဟာဆိုရင် လူသိများအောင် တီဗွီအစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့ပေမယ့်လည်း ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း The Servant ဆိုတဲ့ ခပ်ကြမ်းကြမ်းလူကြီးကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ လူသိများအောင်မြင်တဲ့ မင်းသမီးအဖြစ်ကို ရောက်ရှိခဲ့ပါတော့တယ်။

5. Uhm Jung Hwa

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Uhm Jung Hwa ကတော့ Marriage Is a Crazy Thing ဇာတ်ကားမှာပါဝင်ခဲ့ပြီး အဲဒီဇာတ်ကားထဲက သူမရဲ့ ပြောင်မြောက်လှတဲပ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ၂၀၀၃ ခုနှစ်ရဲ့ Paeksang Arts Awards မှာ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ဖူးသူပါ။

4. Seo Jeong

ဝါရင့်မင်းသမီးတစ်လက်ဖြစ်သူ Seo Jeong ဟာ ရုပ်ရှင်ကားတွေ၊ TV အစီအစဉ်တွေများစွာမှာ ပါဝင်မရိုက်ကူးဘူးဆိုပေမယ့်လည်း သူမ ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေတိုင်းကတော့ နာမည်ကြီးဖာတ်ကားတွေဖြစ်ပါတယ်။ အထူးသဖြင့် The Isle, Green Chair နဲ့ Yellow Flower ဇာတ်ကားတွေပေါ့။

3. Lee Eun Ju

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီး Lee Eun Ju ကတော့ နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ Phoenix, Taegukgi: The Brotherhood of War နဲ့ The Scarlet Letter ဇာတ်ကားတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ Scarlet Letter ဇာတ်ကားမှာဆိုရင် ဝတ်လစ်စလစ်အခန်းတွေအများကြီးပါဝင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေကို ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီဇာတ်ကားထွက်ပြီး သိပ်မကြာခင်မှာပဲ သူမဟာ စိတ်ကျရောဂါနဲ့ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။

2. Yunjin Kim

ကိုရီးယားနဲ့ အမေရိကန်ကပြားတစ်ဦးဖြစ်တဲ့ မင်းသမီး Yunjin Kim ဟာ အမေရိကန် TV ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး Lost, Ardor နဲ့ Shiri ရုပ်ရှင်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ Ardor မှာ သရုပ်ဆောင်ကောင်းခဲ့မှုကြောင့် ၂၀၀၂ ခုနှစ်ရဲ့ Blue Dragon Film Awards ပွဲမှာ အကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

1. Jeon Do Yeon

နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ Jeon Do-yeon ဟာ Grand Bell Award, Blue Dragon Film Award နဲ့ Asia Pacific Screen Award ဆုပေးပွဲကြီးတွေက ဆုတွေအများကြီးကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဇာတ်ကောင်းပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမဟာ Secret Sunshine ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၀၇ ခုနှစ်ရဲ့ Cannes Film Festival မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Credit : Mia (Momolay)

LEAVE A REPLY