Zawgyi ျဖင့္ဖတ္ရန္

 

အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္အတြင္း မၾကာေသးခင္က ေသဆုံးတဲ့ ဆရာဝန္တေယာက္ရဲ႕ အိမ္မွာ မပုပ္သိုးေအာင္ စီရင္ထားတဲ့ သေႏၶသား အေလာင္း ၂၂၀၀ ေက်ာ္ကို ေတြ႕ရတယ္လို႔ ဝီလ္ၿမိဳ႕နယ္ ၿငိမ္ဝပ္ပိျပားေရး႐ုံးက စက္တင္ဘာ ၁၄ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

စက္တင္ဘာ ၃ ရက္က ေသဆုံးတဲ့ ကိုယ္ဝန္ဖ်က္ခ်ေပးတဲ့ ဆရာဝန္ အာရ္ရစ္ခ်္ ကေလာ့ပ္ဖွာရဲ႕ မိသားစုနဲ႔ေရွ႕ေနက ေဆးစိမ္ထားတဲ့ သေႏၶသားအေလာင္း ၂၂၄၆ ခုကို ၾကာသပေတးေန႔က ရွာေတြ႕ခဲ့တာပါ။

ဒါေၾကာင့္ ေဒသႏၲရ အာဏာပိုင္ေတြဆီ အေၾကာင္းၾကားခဲ့တယ္လို႔ ႐ုံးက ေျပာပါတယ္။ ဆရာဝန္ရဲ႕ မိသားစုက စုံစမ္းစစ္ေဆးသူေတြနဲ႔ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ေပမယ့္ အိမ္ထဲမွာ ေဆးဘက္လုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့ ဘယ္လိုသက္ေသမွ မရွိေနဘူးလို႔ ေၾကညာခ်က္က ဆိုပါတယ္။

ဝီလ္ၿမိဳ႕နယ္ဟာ ခ်ီကာဂိုၿမိဳ႕ အေနာက္ေတာင္ဘက္ ၄၅ မိုင္အကြာမွာရွိၿပီး ၿမိဳ႕ ၿငိမ္ဝပ္ပိျပားေရး႐ုံးနဲ႔ ေဒသႏၲရအာဏာပိုင္ေတြကို ဆက္သြယ္လို႔ မရေသးပါဘူး။

အေလာင္းေတြကိုေတာ့ အာဏာပိုင္ေတြက သိမ္းဆည္းထားၿပီး စုံစမ္းစစ္ေဆးတာေတြ ဆက္လုပ္ေနပါတယ္။

ဆရာဝန္ဟာ အင္ဒီယားနား ျပည္နယ္မွာ ဆယ္စုႏွစ္ေတြခ်ီၿပီး သေႏၶသားေလာင္း ဖ်က္ခ်တာေတြ လုပ္ေပးခဲ့ပါတယ္။

၂၀၁၆ မွာေတာ့ လိုအပ္တဲ့ စာ႐ြက္စာတမ္းဆိုင္ရာ ခ်ိဳးေဖာက္မႈေတြနဲ႔ သင့္ေတာ္တဲ့ ေစာင့္ေရွာက္ကုသမႈေတြ ပ်က္ကြက္ခ်ိဳးေဖာက္တာေၾကာင့္ ေဆးဘက္ဘုတ္အဖြဲ႕က သူ႔ရဲ႕ ေဆးကုခြင့္ လိုင္စင္ကို ႐ုပ္သိမ္းခဲ့ရတယ္လို႔ ေဒသခံမီဒီယာေတြက အစီရင္ခံ ထားပါတယ္။

Credit:DVB Multimedia Group

Unicode ဖြင့်ဖတ်ရန်

အမေရိကန် ဆရာဝန်၏အိမ်တွင် မပုပ်သိုးစေရန် စီရင်ထားသည့် သန္ဓေသား ၂၂၀၀ ကျော် တွေ့ရှိ

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်အတွင်း မကြာသေးခင်က သေဆုံးတဲ့ ဆရာဝန်တယောက်ရဲ့ အိမ်မှာ မပုပ်သိုးအောင် စီရင်ထားတဲ့ သန္ဓေသား အလောင်း ၂၂၀၀ ကျော်ကို တွေ့ရတယ်လို့ ဝီလ်မြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံးက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃ ရက်က သေဆုံးတဲ့ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆရာဝန် အာရ်ရစ်ချ် ကလော့ပ်ဖှာရဲ့ မိသားစုနဲ့ရှေ့နေက ဆေးစိမ်ထားတဲ့ သန္ဓေသားအလောင်း ၂၂၄၆ ခုကို ကြာသပတေးနေ့က ရှာတွေ့ခဲ့တာပါ။

ဒါကြောင့် ဒေသန္တရ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တယ်လို့ ရုံးက ပြောပါတယ်။ ဆရာဝန်ရဲ့ မိသားစုက စုံစမ်းစစ်ဆေးသူတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေမယ့် အိမ်ထဲမှာ ဆေးဘက်လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဘယ်လိုသက်သေမှ မရှိနေဘူးလို့ ကြေညာချက်က ဆိုပါတယ်။

ဝီလ်မြို့နယ်ဟာ ချီကာဂိုမြို့ အနောက်တောင်ဘက် ၄၅ မိုင်အကွာမှာရှိပြီး မြို့ ငြိမ်ဝပ်ပိပြားရေးရုံးနဲ့ ဒေသန္တရအာဏာပိုင်တွေကို ဆက်သွယ်လို့ မရသေးပါဘူး။

အလောင်းတွေကိုတော့ အာဏာပိုင်တွေက သိမ်းဆည်းထားပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။

ဆရာဝန်ဟာ အင်ဒီယားနား ပြည်နယ်မှာ ဆယ်စုနှစ်တွေချီပြီး သန္ဓေသားလောင်း ဖျက်ချတာတွေ လုပ်ပေးခဲ့ပါတယ်။

၂၀၁၆ မှာတော့ လိုအပ်တဲ့ စာရွက်စာတမ်းဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ သင့်တော်တဲ့ စောင့်ရှောက်ကုသမှုတွေ ပျက်ကွက်ချိုးဖောက်တာကြောင့် ဆေးဘက်ဘုတ်အဖွဲ့က သူ့ရဲ့ ဆေးကုခွင့် လိုင်စင်ကို ရုပ်သိမ်းခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံ ထားပါတယ်။

Credit:DVB Multimedia Group

LEAVE A REPLY