Zawgyi ျဖင့္ဖတ္ရန္

 

အက်ိဳးေက်းဇူးမ်ားတယ္ဆိုၿပီး ပန္းသီးရွာလကာရည္က အေတာ္ေလးေခတ္စားသြားေသးတယ္ေနာ္။ အဆီလည္းက်တယ္၊ ႏွလုံးအတြက္ေကာင္းတယ္၊ အသားလွတယ္၊ အဆိပ္အေတာက္သန႔္စင္ေပးတယ္ စတဲ့အစြမ္းအာနိသင္ေတြရွိတယ္။ ဒါ့ေၾကာင့္ ရတဲ့ေနရာက အေျပးအလႊားသြားဝယ္ၿပီး ေန႔တိုင္းေသာက္ၾကေလရဲ႕။

ပန္းသီးရွာလကာရည္မွာ က်န္းမာေရးအက်ိဳးေက်းဇူးေတြမ်ားတာ မွန္ပါတယ္။ ဒါေပမယ့္ “ ဆရာ မျပ နည္းမက်” ဆိုသလို အသုံးျပဳတဲ့နည္းလမ္းမွန္ကန္မွ ဒီအစြမ္းေတြကိုရရွိႏိုင္မွာပါ။ နည္းလမ္းမွားခဲ့ရင္ေတာ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြမရမယ့္အျပင္ အႏၲရာယ္ပါျဖစ္ေစႏိုင္တာ သတိထားသင့္တဲ့အခ်က္ပါ။

သူက အဆီက်ေစႏိုင္တယ္၊ ႏွလုံးက်န္းမာေရးကိုအေထာက္အကူျပဳတယ္ဆိုတဲ့အခ်က္နဲ႔ ျမန္ျမန္ပိန္ခ်င္သူေတြက ေရေတာင္မေရာဘဲ ေန႔တိုင္းေသာက္ခ်ေနၾကတာ ေၾကာက္စရာပါ။ ဒီလိုေသာက္မယ္ဆို ပန္းသီးရွာလကာရည္မွာပါတဲ့အက္စစ္ေၾကာင့္ အစာေရမ်ိဳနဲ႔ အစာအိမ္ကို ဆိုးဆိုးဝါးဝါးထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သူနဲ႔ပတ္သက္ၿပီးသိထားသင့္တာက ပမာဏမလြန္ကဲေစဘဲ ေရေရာေသာက္ရမွာျဖစ္တယ္၊ ခ်က္ခ်င္းအဆီက်ၿပီးပိန္မွာမဟုတ္ဘူး၊ အက်ိဳးေက်းဇူးေတြကို ျဖည္းျဖည္းခ်င္းပဲရႏိုင္မယ္ဆိုတာပါပဲ။ ပန္းသီးရွာလကာရည္ရဲ႕ က်န္းမာေရးအာနိသင္ေတြကို ရခ်င္တယ္ဆို သတိထားသင့္တဲ့အခ်က္ေလးေတြကို ဆက္ၿပီးဖတ္ၾကည့္ပါဦး။

(၁) အစာစားၿပီးတာနဲ႔ ေသာက္လိုက္တယ္
ဒါမွန္တယ္လို႔ ထင္ပါသလား။ အစာေၾကတယ္၊ အဆီေတြေခ်ဖ်က္တယ္လို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမယ့္ ပန္းသီးရွာလကာရည္ကို အစာမရွိခ်ိန္မွာေသာက္တာ သူ႔ရဲ႕အစြမ္းအာနိသင္ေတြကိုပိုရႏိုင္တဲ့နည္းအမွန္ပါ။ ေရေတာ့ေရာရမွာေပါ့ေနာ့။ အစာစားၿပီးမွေသာက္မယ္ဆို ကိုယ့္စားလိုက္တဲ့ထဲမွာ သူ႔အာနိသင္ကိုအားေလ်ာ့ေစတဲ့အစားအစာေတြပါတယ္ဆိုရင္ မထူးေတာ့ဘူးေလ။ ကြၽမ္းက်င္သူေတြကေတာ့ သူ႔ကိုေသာက္ၿပီး မိနစ္ ၂၀ ေလာက္ေနမွ အစားစားသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

(၂) အေငြ႕ရွဴတယ္
ႏွာေစးႏွာပိတ္သက္သာတယ္၊ ေခါင္းကိုက္သက္သာတယ္ဆိုၿပီး ပန္းသီးရွာလကာရည္ပါတဲ့ေရေႏြးေငြ႕နဲ႔ရွဴသြင္းတာက ေကာင္းတဲ့နည္းလမ္းမဟုတ္ပါဘူး။ ပန္းသီးရွာလကာရည္က အစာေျခစနစ္နဲ႔ႏွလုံးက်န္းမာေရးအတြက္ေကာင္းတယ္ဆိုလည္း အဆုတ္အတြက္ေတာ့ လုံးဝမေကာင္းပါဘူး။ ႐ိုး႐ိုးေရေငြ႕နဲ႔ေတာင္အဆင္မေျပတာ အက္စစ္ပါတဲ့ဒီေရေငြ႕ဆို ပိုထိခိုက္ႏိုင္ပါတယ္။

(၃) တစ္က်ိဳက္တည္းေသာက္ခ်ပါ
ေရေတြေရာထားတယ္ပဲဆိုဆို သူ႔မွာ အက္စစ္ဓာတ္ကအမ်ားႀကီးပါေနတုန္းပဲေလ။ ဒါ့ေၾကာင့္ သြားေႂကြလႊာကိုမပ်က္စီးေစဖို႔ ပိုက္နဲ႔စုပ္တာ၊ နည္းနည္းခ်င္းေသာက္တာေတြမဟုတ္ဘဲ ေဖ်ာ္စပ္ၿပီးသားအရည္ကို တစ္က်ိဳက္တည္းေသာက္ခ်တာေကာင္းပါတယ္။ သူ႔ကိုေသာက္တဲ့အခ်ိန္နဲ႔သြားတိုက္တဲ့အခ်ိန္ကိုလည္း အနည္းဆုံး မိနစ္ ၃၀ ေလာက္ခြာဖို႔ အႀကံျပဳထားပါတယ္။

(၄) စေသာက္ကာစမွာ အမ်ားႀကီးထည့္ေသာက္တယ္
စၿပီးေသာက္တဲ့ကာလမွာ နည္းနည္းပဲေသာက္ၿပီး က်င့္ယူပါ။ ေနာက္မွ တိုးတိုးၿပီးေသာက္ပါ။ ဥပမာ စေသာက္ခ်ိန္ ဘာမွမျဖစ္ဘူးဆိုရင္ေတာင္ တစ္ခါေသာက္ရင္ ေရတစ္ဖန္ခြက္မွာ ထည့္ေဖ်ာ္တာလက္ဖက္ရည္ဇြန္းေလး၂ ဇြန္းထက္မေက်ာ္ပါနဲ႔။ အက်င့္ရၿပီး ဗိုက္ထဲပူတာ၊ေလာင္တာမျဖစ္ဘူးဆိုမွ တိုးၿပီးေသာက္ပါ။ စစခ်င္းမွာ မ်ားမ်ားထည့္မိရင္ အစာလမ္းေၾကာင္းမွာ ပူေလာင္ၿပီး ဗိုက္ေအာင့္တတ္ပါတယ္။

(၅) အိပ္ရာမဝင္ခင္ ေသာက္တယ္
မစားခင္ေသာက္တာေတာ့ ဟုတ္ေနေပမယ့္ မအိပ္ခင္ေသာက္တာ မလုပ္သင့္ပါဘူး။ ေသာက္ၿပီးခ်က္ခ်င္းတန္းအိပ္တာက အစာေရမ်ိဳအတြက္ မေကာင္းတဲ့အက်ိဳးဆက္ေတြျဖစ္လာေစႏိုင္တယ္။ ေရေရာထားတယ္ဆိုတာေတာင္ လွဲအိပ္လိုက္တဲ့အခါ အက္စစ္နဲ႔ထိေတြ႕မိတဲ့ အစာေရမ်ိဳမွာ ထိခိုက္ေစႏိုင္ပါတယ္။ ဘယ္အခ်ိန္မွာပဲေသာက္ေသာက္ သူ႔ကိုေသာက္ၿပီး မိနစ္ ၃၀ အတြင္း လွဲမအိပ္ရပါဘူး။

(၆) အစာအိမ္ေရာဂါပိုးရွိေနရင္ ေသာက္တယ္
Helicobacter pylori ဘက္တီးရီးယားရွိေနတဲ့အခ်ိန္မွာ ပန္းသီးရွာလကာရည္ကိုေသာက္ရင္ မသက္သာဘဲ ပိုဆိုးေစႏိုင္ပါတယ္။ ဘက္တီးရီးယားေၾကာင့္ အစာအိမ္အနာျဖစ္ေစရတဲ့အထဲ ပန္းသီးရွာလကာရည္ရဲ႕အက္စစ္ေၾကာင့္ ပိုဆိုးေစတာပါ။ အစာအိမ္ျပႆနာရွိေနရင္ မေသာက္ပါနဲ႔။

ေျပာၾကတဲ့အတိုင္း တကယ္လည္းအက်ိဳးေက်းဇူးမ်ားတဲ့ ပန္းသီးရွာလကာက အသားအေရနဲ႔ ဆံသားက်န္းမာေရးအတြက္ပါ ေကာင္းက်ိဳးေတြရွိေနတာပါ။ ဒါေပမယ့္ သူ႔ကိုေသာက္သုံးတာပဲျဖစ္ျဖစ္၊ ဆံသားအတြက္ဦးေရျပားမွာသုံးတာပဲျဖစ္ျဖစ္ အခ်ိဳးအဆမွန္ကန္စြာနဲ႔ ေရေရာျဖစ္ေအာင္ ေရာပါ။ တန္သေလာက္ထက္ ပိုမ်ားရင္ ထိခိုက္မႈရွိေစႏိုင္တဲ့ ေဆးဖက္ဝင္ပစၥည္းျဖစ္ေနလို႔ ဒီအခ်က္ေလးေတြနဲ႔ သတိခ်ပ္ႏိုင္ၾကပါေစလို႔ အႀကံျပဳလိုက္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Credit : helllo sayarwon

Unicode ဖြင့်ဖတ်ရန်

ပန်းသီးရှာလကာရည်သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

အကျိုးကျေးဇူးများတယ်ဆိုပြီး ပန်းသီးရှာလကာရည်က အတော်လေးခေတ်စားသွားသေးတယ်နော်။ အဆီလည်းကျတယ်၊ နှလုံးအတွက်ကောင်းတယ်၊ အသားလှတယ်၊ အဆိပ်အတောက်သန့်စင်ပေးတယ် စတဲ့အစွမ်းအာနိသင်တွေရှိတယ်။ ဒါ့ကြောင့် ရတဲ့နေရာက အပြေးအလွှားသွားဝယ်ပြီး နေ့တိုင်းသောက်ကြလေရဲ့။

ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေများတာ မှန်ပါတယ်။ ဒါပေမယ့် “ ဆရာ မပြ နည်းမကျ” ဆိုသလို အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ ဒီအစွမ်းတွေကိုရရှိနိုင်မှာပါ။ နည်းလမ်းမှားခဲ့ရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေမရမယ့်အပြင် အန္တရာယ်ပါဖြစ်စေနိုင်တာ သတိထားသင့်တဲ့အချက်ပါ။

သူက အဆီကျစေနိုင်တယ်၊ နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတဲ့အချက်နဲ့ မြန်မြန်ပိန်ချင်သူတွေက ရေတောင်မရောဘဲ နေ့တိုင်းသောက်ချနေကြတာ ကြောက်စရာပါ။ ဒီလိုသောက်မယ်ဆို ပန်းသီးရှာလကာရည်မှာပါတဲ့အက်စစ်ကြောင့် အစာရေမျိုနဲ့ အစာအိမ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူနဲ့ပတ်သက်ပြီးသိထားသင့်တာက ပမာဏမလွန်ကဲစေဘဲ ရေရောသောက်ရမှာဖြစ်တယ်၊ ချက်ချင်းအဆီကျပြီးပိန်မှာမဟုတ်ဘူး၊ အကျိုးကျေးဇူးတွေကို ဖြည်းဖြည်းချင်းပဲရနိုင်မယ်ဆိုတာပါပဲ။ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအာနိသင်တွေကို ရချင်တယ်ဆို သတိထားသင့်တဲ့အချက်လေးတွေကို ဆက်ပြီးဖတ်ကြည့်ပါဦး။

(၁) အစာစားပြီးတာနဲ့ သောက်လိုက်တယ်
ဒါမှန်တယ်လို့ ထင်ပါသလား။ အစာကြေတယ်၊ အဆီတွေချေဖျက်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ကို အစာမရှိချိန်မှာသောက်တာ သူ့ရဲ့အစွမ်းအာနိသင်တွေကိုပိုရနိုင်တဲ့နည်းအမှန်ပါ။ ရေတော့ရောရမှာပေါ့နော့။ အစာစားပြီးမှသောက်မယ်ဆို ကိုယ့်စားလိုက်တဲ့ထဲမှာ သူ့အာနိသင်ကိုအားလျော့စေတဲ့အစားအစာတွေပါတယ်ဆိုရင် မထူးတော့ဘူးလေ။ ကျွမ်းကျင်သူတွေကတော့ သူ့ကိုသောက်ပြီး မိနစ် ၂၀ လောက်နေမှ အစားစားသင့်တယ်လို့ အကြံပြုထားပါတယ်။

(၂) အငွေ့ရှူတယ်
နှာစေးနှာပိတ်သက်သာတယ်၊ ခေါင်းကိုက်သက်သာတယ်ဆိုပြီး ပန်းသီးရှာလကာရည်ပါတဲ့ရေနွေးငွေ့နဲ့ရှူသွင်းတာက ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ ပန်းသီးရှာလကာရည်က အစာခြေစနစ်နဲ့နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ဆိုလည်း အဆုတ်အတွက်တော့ လုံးဝမကောင်းပါဘူး။ ရိုးရိုးရေငွေ့နဲ့တောင်အဆင်မပြေတာ အက်စစ်ပါတဲ့ဒီရေငွေ့ဆို ပိုထိခိုက်နိုင်ပါတယ်။

(၃) တစ်ကျိုက်တည်းသောက်ချပါ
ရေတွေရောထားတယ်ပဲဆိုဆို သူ့မှာ အက်စစ်ဓာတ်ကအများကြီးပါနေတုန်းပဲလေ။ ဒါ့ကြောင့် သွားကြွေလွှာကိုမပျက်စီးစေဖို့ ပိုက်နဲ့စုပ်တာ၊ နည်းနည်းချင်းသောက်တာတွေမဟုတ်ဘဲ ဖျော်စပ်ပြီးသားအရည်ကို တစ်ကျိုက်တည်းသောက်ချတာကောင်းပါတယ်။ သူ့ကိုသောက်တဲ့အချိန်နဲ့သွားတိုက်တဲ့အချိန်ကိုလည်း အနည်းဆုံး မိနစ် ၃၀ လောက်ခွာဖို့ အကြံပြုထားပါတယ်။

(၄) စသောက်ကာစမှာ အများကြီးထည့်သောက်တယ်
စပြီးသောက်တဲ့ကာလမှာ နည်းနည်းပဲသောက်ပြီး ကျင့်ယူပါ။ နောက်မှ တိုးတိုးပြီးသောက်ပါ။ ဥပမာ စသောက်ချိန် ဘာမှမဖြစ်ဘူးဆိုရင်တောင် တစ်ခါသောက်ရင် ရေတစ်ဖန်ခွက်မှာ ထည့်ဖျော်တာလက်ဖက်ရည်ဇွန်းလေး၂ ဇွန်းထက်မကျော်ပါနဲ့။ အကျင့်ရပြီး ဗိုက်ထဲပူတာ၊လောင်တာမဖြစ်ဘူးဆိုမှ တိုးပြီးသောက်ပါ။ စစချင်းမှာ များများထည့်မိရင် အစာလမ်းကြောင်းမှာ ပူလောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။

(၅) အိပ်ရာမဝင်ခင် သောက်တယ်
မစားခင်သောက်တာတော့ ဟုတ်နေပေမယ့် မအိပ်ခင်သောက်တာ မလုပ်သင့်ပါဘူး။ သောက်ပြီးချက်ချင်းတန်းအိပ်တာက အစာရေမျိုအတွက် မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာစေနိုင်တယ်။ ရေရောထားတယ်ဆိုတာတောင် လှဲအိပ်လိုက်တဲ့အခါ အက်စစ်နဲ့ထိတွေ့မိတဲ့ အစာရေမျိုမှာ ထိခိုက်စေနိုင်ပါတယ်။ ဘယ်အချိန်မှာပဲသောက်သောက် သူ့ကိုသောက်ပြီး မိနစ် ၃၀ အတွင်း လှဲမအိပ်ရပါဘူး။

(၆) အစာအိမ်ရောဂါပိုးရှိနေရင် သောက်တယ်
Helicobacter pylori ဘက်တီးရီးယားရှိနေတဲ့အချိန်မှာ ပန်းသီးရှာလကာရည်ကိုသောက်ရင် မသက်သာဘဲ ပိုဆိုးစေနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် အစာအိမ်အနာဖြစ်စေရတဲ့အထဲ ပန်းသီးရှာလကာရည်ရဲ့အက်စစ်ကြောင့် ပိုဆိုးစေတာပါ။ အစာအိမ်ပြဿနာရှိနေရင် မသောက်ပါနဲ့။

ပြောကြတဲ့အတိုင်း တကယ်လည်းအကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာက အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေရှိနေတာပါ။ ဒါပေမယ့် သူ့ကိုသောက်သုံးတာပဲဖြစ်ဖြစ်၊ ဆံသားအတွက်ဦးရေပြားမှာသုံးတာပဲဖြစ်ဖြစ် အချိုးအဆမှန်ကန်စွာနဲ့ ရေရောဖြစ်အောင် ရောပါ။ တန်သလောက်ထက် ပိုများရင် ထိခိုက်မှုရှိစေနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်နေလို့ ဒီအချက်လေးတွေနဲ့ သတိချပ်နိုင်ကြပါစေလို့ အကြံပြုလိုက်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Credit : helllo sayarwon

LEAVE A REPLY