Zawgyi ဖြင့်ဖတ်ရန်







Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

အသက်ရှင်နေစဉ်အတွင်းမှာ ကလေး ၆၉ ယောက်ကို မွေးဖွားနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမျိုးသမီး

ကလေးတွေဆိုတာဘဝရဲ့အသီးအပွင့်တွေဖြစ်ပါတယ်ဒါပေမဲ့လူအများစုကတော့ ကလေး၂ယောက်၃ယောက်လောက်ပဲမွေးနိုင်ပါတယ်။ သမိုင်းမှာဖော်ပြထားတဲ့ဒီအမျိုးသမီးကတော့၁၈ရာစုမှာကလေး၆၉ ယောက်မွေးဖွားခဲ့ပါတယ်။

လေ့လာချက်အရတော့သူမအမည်ကValentina Vassilyeva ဖြစ်ပြီးကလေးအများဆုံးမွေးနိုင်သူအဖြစ်ဂရင်းနစ် (Guinness )စံချိန်တင်နိုင်ခဲ့ပါတယ်Valentina vassilyevဟာရုရှား နိုင်ငံနှFeodor Vassilyev ဆိုသောလယ်သမားတစ်ဦးရဲ့ပထမဇနီးဖြစ်တယ်Valentina (ဗလန်တီနာ) ဟာအသက်ရ၆နှစ်တွင်ကွယ်လွန်ပြီးကလေး၆၉ ယောက်ရှိခဲ့ပါတယ် ။ သေချာတာကတော့သူမရဲ့ဘဝတစ်လျှောက်လုံးမှာတစ်ချိန်လုံးကလေးမွေးနေတာတော့မဟုတ်ပါဘူး။

ပုံမှန်အားဖြင့်ကိုယ်ဝန်ဆောင်ပြီဆိုရင်အပတ် ၄၀ လောက်ကြာပါတယ်။ ဒါပေမဲ့ဝမ်းထဲမှာကလေးတစ်ယောက်ထက်ပိုရှိနေမယ်ဆိုရင်ကလေးကစောပြီးထွက်နိုင်ချေရှိတယ်BBC ရဲ့လေ့လာဖော်ပြချက်အရMrs Vassilyeva ဟာနှစ်မြွှာပူးကလေးကို၃၇ပတ်နဲ့ကိုယ်ဝန်ဆောင်ခဲ့သလို သုံးမြွှာပူးကို၃၂ပတ်နဲ့ကိုယ်ဝန်ဆောင်ခဲ့ပြီး လေးမြွှာပူးကို၃၀ ပတ်နဲ့ကိုယ်ဝန်ဆောင်ခဲ့တယ်လို့ပြောပြထားပါတယ်။

ပထမဆုံးအချက်အနေနဲ့အမျိုးသမီးခန္ဓာကိုယ်ရဲ့သားအိမ်မှာသားဥများစွာတည်နိုင်ချေရှိပါတယ်ဒုတိယအနေနဲ့ကိုယ်ဝန်ဆောင်ခြင်းဟာအမျိုးသမီးခန္ဓာကိုယ်အတွက်စိန်ခေါ်မှူတစ်ရပ်ဖြစ်ပြီး၁၈လလောက်တောင်မခြားဘဲကိုယ်ဝန်ထပ်ဆောင်မယ်။

ဆိုရင်အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာပြန်လည်အနားယူဖို့၊ကုန်ခမ်းသွားတဲ့အားအင်ကိုပြန်ရအောင်ပြုလုပ်ဖို့အချိန်လုံလောက်စွာမရတဲ့အတွက်မိခင်ရောကလေးပါအန္တရာယ်ရှိပါတယ်တတိယအနေနဲ့၁၈ရာစုကရုရှားနိုင်ငံရဲ့ကျေးလက်ကိုမဆိုထားနဲ့ယနေ့ခေတ်ဆေးဝါးတွေနဲ့ဆိုရင်မိခင်တစ်ယောက်ကလေးအများကြီးမွေးမယ်ဆိုရင်အသက်ရှင်နိုင်ချေရှိပါတယ်။

ပြီးတော့Valentina နဲ့သူ့ခင်ပွန်းဟာလယ်သမားတွေဖြစ်ပြီးကလေးတွေအများကြီးကိုပြုစုစောင့်ရှောက်ရသို ကလေးတွေအတွက်စားစရိတ်သုံးစရိတ်တွေကိုထောက်ပံ့ရတာဖြစ်ပါတယ် ။ ယနေ့ခေတ်မိဘတွေဆိုရင် ဒါတွေကိုသေချာတွက်ချက်နေမှာဖြစ်ပေမယ့် ထိုအချိန်တုန်းကလယ်သမားမိသားစုဟာ ကလေးတွေအတွက်ထူးထူးခြားခြားကုန်ကျစရိတ်မရှိတာကြောင့်လဲ အခုလို အများကြီးမွေးခဲ့တာလို့ခန့်မှန်းထားကြပါတယ်။

Writer – Min Thu ( XYZ News )

LEAVE A REPLY