Zawgyi ျဖင့္ဖတ္ရန္

ညပိုင္း ကေလးငိုသံဆို ခင္ပြန္းျဖစ္သူေတြက မၾကားတာလား၊ မၾကားဟန္ ေဆာင္ေနတာလားအိ္မ္ေထာင္ဦးစီး ခင္္ပြန္းသည္ေတြက ညပိုင္္း အိပ္္ေနခ်ိန္ ကေလးငယ္ေတြကို မၾကားဟန္ေဆာင္ၿပီး ဆက္အိပ္ေနတယ္လို႔ ဇနီးမယားေတြအတြက္ စိတ္ထဲမွာ မသိုးမသန႔္ သံသယျဖစ္ေနႏိုင္ပါတယ္။

ကေလးငယ္္ရဲ႕ ကထိကထကို မွ်ေဝ မလုပ္ကိုင္ခ်င္လို႔ ခင္္ပြန္းသည္္ေတြဟာ အိပ္ရာက မႏိုးတဲ့ ဟန္ေဆာင္ေနတယ္လို႔ ဇနီးသည္္ေတြ ထင္္ၾကမလားပဲ။ညပိုင္္း ကေလးငိုသံဆို အမ်ိဳးသားေတြက မၾကားႏိုင္တာ ျဖစ္ဖြယ္ရွိတယ္လို႔ သုေတသနျပဳခ်က္္တစ္္ရပ္ကေတာ့ ေဖာ္ျပပါတယ္။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြ အိပ္စက္ရာမွာ ဘယ္ေတြက အေႏွာင့္အယွက္ေပးၿပီး အိ္ပ္ရာႏိုးေစသလဲဆိုတာကို ၿဗိတိန္က MindLab ဟာ ေလ့လာခဲ့ပါတယ္။

အမ်ိဳးသမီးေတြဟာ ကေလးငိုသံေၾကာင့္ ႏိုးလာတာ အမ်ားဆုံး ျဖစ္ႏိုင္ၿပီး အမ်ိဳးသားေတြကေတာ့ ကားဟြန္းသံေၾကာင့္ ႏိုးၾကတာ ပိုမ်ားတယ္လို႔ သုေတသနက ေဖာ္္ျပပါတယ္။
အဲဒီ သုေတသနအရ အိပ္ရာကေန ႏိုးလာေအာင္ လုပ္တဲ့ အေႏွာင့္အယွက္ေတြမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကား သက္ေရာက္္မႈ မတူညီတာကို ေဖာ္ျပခဲ့ပါတယ္။

အိပ္စက္ခ်ိန္ကို ေႏွာင့္္ယွက္္တဲ့ အသံေတြနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကား ကြဲျပားတယ္လို႔ သုေတသနက ေတြ႕ရွိပါတယ္။
ကေလးငယ္ေတြ ေဘးျဖစ္္မယ္ စိုးရိမ္စိတ္နဲ႔ အမ်ိဳးသမီးေတြဟာ ငိုသံၾကားရင္္ ႏိုးတတ္ၾကၿပီး အမ်ိဳးသားေတြကေတာ့ တစ္မိသားစုလုံး ေဘးေတြ႕ႏိုင္္ဖြယ္ရွိတဲ့ အသံမ်ိဳးေတြမွာ အိပ္ရာ ႏိုးတတ္တယ္လို႔ ဆိုပါတယ္။

အမ်ိဳးသမီးေတြကို အိပ္ခ်ိန္ အေႏွာက္အယွက္ျဖစ္ေစတဲ့ အျခားအသံေတြကေတာ့ ေရတေတာက္ေတာက္္ က်သံ၊ အျပင္ဖက္က ႐ုန္္းရင္္းဆန္ခတ္ျဖစ္္သံ၊ ေဟာက္သံ၊ တဝီဝီနဲ႔ ယင္္ေကာင္္၊ ျခင္ ပ်ံဝဲသံ၊ ကားဟြန္္းသံ၊ ေလျပင္းတိုက္သံနဲ႔ ေရေျမာင္းထဲက အသံေတြပဲ ျဖစ္ပါတယ္။

အမ်ိဳးသားေတြအြက္ေတာ့ ျခားနားမႈ ရွိပါတယ္။ ေလျပင္းတိုက္သံ၊ ယင္ေကာင္ တဝီဝီပ်ံတဲ့အသံ၊ ေဟာက္သံ၊ ေရေျမာင္းထဲက အသံေတြ၊ ပုရစ္္ေအာ္သံ၊ အေရးေပၚ ဥၾသသံ၊ နာရီသံ အခ်က္္ခ်က္နဲ႔ ေရတေတာက္ေတာက္က်သံေတြပဲ ျဖစ္ပါတယ္။

Writer_ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

ညပိုင်း ကလေးငိုသံဆို ခင်ပွန်းဖြစ်သူတွေက မကြားကြောင်း သုတေသနပြုချက်အရ သိရ

ညပိုင်း ကလေးငိုသံဆို ခင်ပွန်းဖြစ်သူတွေက မကြားတာလား၊ မကြားဟန် ဆောင်နေတာလားအိမ်ထောင်ဦးစီး ခင်ပွန်းသည်တွေက ညပိုင်း အိပ်နေချိန် ကလေးငယ်တွေကို မကြားဟန်ဆောင်ပြီး ဆက်အိပ်နေတယ်လို့ ဇနီးမယားတွေအတွက် စိတ်ထဲမှာ မသိုးမသန့် သံသယဖြစ်နေနိုင်ပါတယ်။

ကလေးငယ်ရဲ့ ကထိကထကို မျှဝေ မလုပ်ကိုင်ချင်လို့ ခင်ပွန်းသည်တွေဟာ အိပ်ရာက မနိုးတဲ့ ဟန်ဆောင်နေတယ်လို့ ဇနီးသည်တွေ ထင်ကြမလားပဲ။ညပိုင်း ကလေးငိုသံဆို အမျိုးသားတွေက မကြားနိုင်တာ ဖြစ်ဖွယ်ရှိတယ်လို့ သုတေသနပြုချက်တစ်ရပ်ကတော့ ဖော်ပြပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေ အိပ်စက်ရာမှာ ဘယ်တွေက အနှောင့်အယှက်ပေးပြီး အိပ်ရာနိုးစေသလဲဆိုတာကို ဗြိတိန်က MindLab ဟာ လေ့လာခဲ့ပါတယ်။

အမျိုးသမီးတွေဟာ ကလေးငိုသံကြောင့် နိုးလာတာ အများဆုံး ဖြစ်နိုင်ပြီး အမျိုးသားတွေကတော့ ကားဟွန်းသံကြောင့် နိုးကြတာ ပိုများတယ်လို့ သုတေသနက ဖော်ပြပါတယ်။
အဲဒီ သုတေသနအရ အိပ်ရာကနေ နိုးလာအောင် လုပ်တဲ့ အနှောင့်အယှက်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးကြား သက်ရောက်မှု မတူညီတာကို ဖော်ပြခဲ့ပါတယ်။

အိပ်စက်ချိန်ကို နှောင့်ယှက်တဲ့ အသံတွေနဲ့ ပတ်သက်ပြီး အမျိုးသားနဲ့ အမျိုးသမီးကြား ကွဲပြားတယ်လို့ သုတေသနက တွေ့ရှိပါတယ်။
ကလေးငယ်တွေ ဘေးဖြစ်မယ် စိုးရိမ်စိတ်နဲ့ အမျိုးသမီးတွေဟာ ငိုသံကြားရင် နိုးတတ်ကြပြီး အမျိုးသားတွေကတော့ တစ်မိသားစုလုံး ဘေးတွေ့နိုင်ဖွယ်ရှိတဲ့ အသံမျိုးတွေမှာ အိပ်ရာ နိုးတတ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကို အိပ်ချိန် အနှောက်အယှက်ဖြစ်စေတဲ့ အခြားအသံတွေကတော့ ရေတတောက်တောက် ကျသံ၊ အပြင်ဖက်က ရုန်းရင်းဆန်ခတ်ဖြစ်သံ၊ ဟောက်သံ၊ တဝီဝီနဲ့ ယင်ကောင်၊ ခြင် ပျံဝဲသံ၊ ကားဟွန်းသံ၊ လေပြင်းတိုက်သံနဲ့ ရေမြောင်းထဲက အသံတွေပဲ ဖြစ်ပါတယ်။

အမျိုးသားတွေအွက်တော့ ခြားနားမှု ရှိပါတယ်။ လေပြင်းတိုက်သံ၊ ယင်ကောင် တဝီဝီပျံတဲ့အသံ၊ ဟောက်သံ၊ ရေမြောင်းထဲက အသံတွေ၊ ပုရစ်အော်သံ၊ အရေးပေါ် ဥသြသံ၊ နာရီသံ အချက်ချက်နဲ့ ရေတတောက်တောက်ကျသံတွေပဲ ဖြစ်ပါတယ်။

Writer_မောင်သံဆင့်(XYZ News)

LEAVE A REPLY