Zawgyi ျဖင့္ဖတ္ရန္

အသက္ ၈ ႏွစ္အ႐ြယ္ ေကာင္ေလး တစ္ေယာက္ဟာ ႏွစ္ေပါင္းမ်ားစြာ ေန႔စဥ္ေန႔တိုင္း မိဘႏွစ္ပါးရဲ႕ ႐ိုက္ႏွက္ညႇင္းပမ္း(အိမ္တြင္းအၾကမ္းဖက္မႈ)ေတြ ခံလာခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ သူ႔ကိုယ္သူသတ္ေသဖို႔ ဆုံးျဖတ္ကာ ၉ လႊာအျမင့္ ေနအိမ္တိုက္ခန္း ျပတင္းေပါက္ကေန ခုန္ခ် အဆုံးစီရင္သြားခဲ့ပါတယ္။

“အန္တြန္” ဆိုတဲ့ ေကာင္ေလး ေသဆုံးမႈဟာ ၿပီးခဲ့တဲ့လက ယူကရိန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေနရာမွာတင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ကေလးဟာ မိဘႏွစ္ပါးရဲ႕ ႐ိုက္ႏွက္မႈကို ေန႔တိုင္းလိုလိုခံခဲ့ရတယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးက ဆိုပါတယ္။

သူ႔ကိုယ္သူ အဆုံးစီရင္ခဲ့တဲ့ေန႔က အဝတ္အစားေတြ စုတ္ၿပဲေနတာနဲ႔ ပက္သက္ၿပီး ကေလးကို မိဘေတြက ေအာ္ဟစ္ဆူပူေနတာ ၾကားခဲ့တယ္လို႔ အိမ္နီးနားခ်င္းျဖစ္တဲ့ ‘Zhanna’ က ေျပာပါတယ္။
“အက်ႌေတြ ၿဖဲလိုဆိုၿပီး သူ႔မိဘေတြက ေအာ္ဟစ္ႀကိမ္းေမာင္းေနတာ ၾကားရတယ္၊ ၿပီးေတာ့လည္း ကေလးကို ႐ိုက္ႏွက္သံၾကားတယ္” လို႔ ဆိုပါတယ္။

“အဲဒီေနာက္ အသံေတြအကုန္လုံး ၿငိမ္သြားၿပီး ကေလးရဲ႕ ခပ္သုတ္သုတ္ ေျခသံကိုၾကားလိုက္ရတယ္၊ စကၠန႔္ပိုင္းေလးပဲၾကာမယ္ ကေလးက ေျမႀကီးေပၚျပဳတ္က်သြားတယ္၊ ကြၽန္ေတာ့္ မီးဖိုေဆာင္ ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ေတာ့ ကေလးက ေခြေခြေလး လဲေနတယ္၊ ဒါနဲ႔ အေရးေပၚကို ဖုန္းဆက္အေၾကာင္းၾကားခဲ့တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

 

ရဲေတြကေတာ့ ဒီအမႈဟာ မိဘေတြရဲ႕ အုပ္ထိန္းမႈညံ့ဖ်င္းေၾကာင့္ျဖစ္ၿပီး သားသမီးအေပၚ တာဝန္ဝတၱရားပ်က္ကြက္မႈနဲ႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။
အဲဒီေန႔က မိဘႏွစ္ပါးဟာ ကေလးကို ႐ိုက္ႏွက္ၿပီး အျပင္ထြက္သြားတဲ့အခ်ိန္မွာ ျဖစ္သြားခဲ့တာျဖစ္ပါတယ္။

“အန္တြန္” ရဲ႕ ေက်ာင္းက ေက်ာင္းအုပ္ႀကီးကလည္း “ကေလး ၁ တန္းတက္တုန္းက ေနာက္ျပန္လဲက်သြားတာ ကြၽန္ေတာ္တို႔ကပဲ သြားထူေပးခဲ့ရတယ္၊ သူ႔မိဘေတြကေတာ့ မဆိုင္သလို ခပ္ေအးေအးပဲ” လို႔ စုံစမ္းစစ္ေဆးမႈမွာ ေျဖၾကားခဲ့ပါတယ္။
မိဘေတြအေနနဲ႔ အျပစ္ရွိတယ္ဆိုတာ ထင္ရွားရင္ေတာ့ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔အထက္ က်ခံရမွာျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မိဘတွေ နှိပ်စက်လွန်းလို့ ၈ နှစ်အရွယ်ကလေး တိုက်ပေါ်ကနေ ခုန်ချသတ်သေ

အသက် ၈ နှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ နှစ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်း မိဘနှစ်ပါးရဲ့ ရိုက်နှက်ညှင်းပမ်း(အိမ်တွင်းအကြမ်းဖက်မှု)တွေ ခံလာခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်သူသတ်သေဖို့ ဆုံးဖြတ်ကာ ၉ လွှာအမြင့် နေအိမ်တိုက်ခန်း ပြတင်းပေါက်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့ပါတယ်။

“အန်တွန်” ဆိုတဲ့ ကောင်လေး သေဆုံးမှုဟာ ပြီးခဲ့တဲ့လက ယူကရိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကလေးဟာ မိဘနှစ်ပါးရဲ့ ရိုက်နှက်မှုကို နေ့တိုင်းလိုလိုခံခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။

သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တဲ့နေ့က အဝတ်အစားတွေ စုတ်ပြဲနေတာနဲ့ ပက်သက်ပြီး ကလေးကို မိဘတွေက အော်ဟစ်ဆူပူနေတာ ကြားခဲ့တယ်လို့ အိမ်နီးနားချင်းဖြစ်တဲ့ ‘Zhanna’ က ပြောပါတယ်။
“အင်္ကျီတွေ ဖြဲလိုဆိုပြီး သူ့မိဘတွေက အော်ဟစ်ကြိမ်းမောင်းနေတာ ကြားရတယ်၊ ပြီးတော့လည်း ကလေးကို ရိုက်နှက်သံကြားတယ်” လို့ ဆိုပါတယ်။

“အဲဒီနောက် အသံတွေအကုန်လုံး ငြိမ်သွားပြီး ကလေးရဲ့ ခပ်သုတ်သုတ် ခြေသံကိုကြားလိုက်ရတယ်၊ စက္ကန့်ပိုင်းလေးပဲကြာမယ် ကလေးက မြေကြီးပေါ်ပြုတ်ကျသွားတယ်၊ ကျွန်တော့် မီးဖိုဆောင် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကလေးက ခွေခွေလေး လဲနေတယ်၊ ဒါနဲ့ အရေးပေါ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

ရဲတွေကတော့ ဒီအမှုဟာ မိဘတွေရဲ့ အုပ်ထိန်းမှုညံ့ဖျင်းကြောင့်ဖြစ်ပြီး သားသမီးအပေါ် တာဝန်ဝတ္တရားပျက်ကွက်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
အဲဒီနေ့က မိဘနှစ်ပါးဟာ ကလေးကို ရိုက်နှက်ပြီး အပြင်ထွက်သွားတဲ့အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

“အန်တွန်” ရဲ့ ကျောင်းက ကျောင်းအုပ်ကြီးကလည်း “ကလေး ၁ တန်းတက်တုန်းက နောက်ပြန်လဲကျသွားတာ ကျွန်တော်တို့ကပဲ သွားထူပေးခဲ့ရတယ်၊ သူ့မိဘတွေကတော့ မဆိုင်သလို ခပ်အေးအေးပဲ” လို့ စုံစမ်းစစ်ဆေးမှုမှာ ဖြေကြားခဲ့ပါတယ်။
မိဘတွေအနေနဲ့ အပြစ်ရှိတယ်ဆိုတာ ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရမှာဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY