Zawgyi ဖြင့်ဖတ်ရန်







Writer –Min Thu ( XYZ News)

Unicode ဖြင့်ဖတ်ရန်

မျက်နှာက ကလေးရုပ်ဖြစ်နေလို့ကျောင်းသားတွေနဲ့အမြဲမှားနေတဲ့ ဖိလစ်ပိုင်က ကျောင်းဆရာ

ဖိလစ်ပိုင်နိုင်ငံကကလေးမျက်နှာနဲ့တူတဲ့ဆရာတယောက်ကိုမကြာခဏဆိုသလိုကျောင်းသားနဲ့မှားခံရပါတယ်။သူ့ကြည့်ရတာစာသင်ပေးနေတဲ့သူ့ကျောင်းသားတွေနဲ့အသက် သိပ်မကွာသလိုပါပဲ။

ကံကောင်းတဲ့သူတွေကသူတို့ရဲ့အသက်အမှန်ထက်ငယ်တယ်လို့အထင်ခံရပါတယ်။ဖိလစ်ပိုင်ကဆရာတယောက်ကတော့လုံးဝကိုအံ့ဖွယ်ပါပဲ။အသက်၂၂နှစ်ရှိပြီဖြစ်တဲ့ကျောင်းဆရာကသူသင်နေတဲ့ကျောင်းသားတွေနဲ့မကြာခဏအမှားခံရပါတယ်။

လန်းဖရန်စစ်မန်ဂါဆိုတဲ့သူကတော့ဖိလစ်ပိုင်ငံဘူကန်ကကျောင်းဆရာတယောက်ပါ။သူကအခုဒုတိယတန်းကျောင်းဆရာဖြစ်ပြီးအသက်၂၂နှစ်ရှိပါပြီ။ဒါပေမယ့်သူက၅တန်းကျောင်းသားလားလို့ထင်ရအောင်နုပျိုပါတယ်။

မန်ဂါကတော့သူကဆက်လက်ကြီးပြင်းဖို့လိုအပ်နေတာလို့ပြောပါတယ်။သူနဲ့ရွယ်သူတွေထက်သူကအရပ်အရမ်းပုပေမယ့်သူ့ရဲ့ချစ်စရာမျက်နှာကိုပဲလူတွေကပိုသတိပြုမိကြပါတယ်။သူ့ရဲ့ပုံပန်းနဲ့ပတ်သတ်ပြီးတခါကအလှောင်မခံရဖူးဘူးလို့လဲပြောပါတယ်။

ကျွန်တော်ဆက်ဆံရေးကောင်းလို့တခါမှအလှောင်မခံပါဘူး။အတန်းဖော်တွေနဲ့အလွယ်တကူပဲသူငယ်ချင်းဖြစ်ပါတယ်။ကျွန်တော့်ကိုမသိတဲ့သူတွေကလှောင်ရင်လဲလျစ်လျူရှုလိုက်တယ်လို့သူကပြောပါတယ်။

သူ့ရဲ့ငယ်ရွယ်တဲ့ရုပ်ရည်နဲ့ခင်မင်မှုကိုဘေးဖယ်ထားပြီးကျောင်းသားတွေကိုစည်းကမ်းတင်းကြပ်တယ်လို့သူကပြောပါတယ်။ကျွန်တော်ကတည်တည်ငြိမ်ငြိမ်နေရင်သူတို့လဲအဲလိုလိုက်လုပ်ပါတယ်။ကျွန်တော်ကဆရာတယောက်ဖြစ်လို့အမြဲတမ်းစနောက်နေလို့မရဘူးလေလို့သူကပြောပါတယ်။မန်ဂါကဆရာဆိုတာပုံစံမျိုးစုံအရွယ်မျိုးစုံလာနိုင်တယ်ဆိုတဲ့သက်သေတခုပါပဲ။

Writer –Min Thu ( XYZ News)

LEAVE A REPLY