Zawgyi ျဖင့္ဖတ္ရန္

အီတလီႏိုင္ငံ ေရာမ ေရွးေဟာင္း သုေတသနလုပ္ကြက္တစ္ခုမွာ ဆယ္ႏွစ္သားကေလးငယ္ ႐ုပ္အေလာင္း အ႐ိုးစုတစ္စုကို ေရွးေဟာင္းသုေတသီေတြက တူးေဖာ္ေတြ႕ရွိၿပီး ဒီကေလးငယ္္ အ႐ိုးစုဟာ ေသဆုံးရာက ျပန္လည္ႏိုးထရွင္သန္မလာေအာင္ တားဆီးတဲ့ ဓေလ့ထုံးတမ္းနဲ႔ ျမဳပ္ႏွံခဲ့ပုံရတယ္လို႔ ပညာရွင္ေတြကိုယ္တိုင္ ယူဆထားပါတယ္။

အာရီဇိုးနားတကၠသိုလ္နဲ႔ စတန္းဖို႔ဒ္တကၠသိုလ္ေတြမွ ပညာရွင္ေတြနဲ႔ အီတလီသုေတသနပညာရွင္ေတြ ပူးေပါင္းၿပီး ဒီ႐ုပ္အေလာင္းအ႐ိုးစုကို တူးေဖာ္ေတြ႕ရွိတာ ျဖစ္ပါတယ္။ ထူးဆန္းေၾကာက္႐ြံ႕စရာ ရွိေနတာက ဒီအ႐ိုးစုရဲ႕ ပါးစပ္တြင္းမွာ ေက်ာက္တုံးတစ္တုံး ဆို႔ထားတာကို ေတြ႕ရွိရတာပါ။

ဒီလို ပါးစပ္ထဲ ေက်ာက္တုံးဆို႔ၿပီး ျမဳပ္ႏွံတယ္ဆိုတာဟာ ေရာဂါေတြ ရပ္တန႔္ေအာင္နဲ႔ ေျမျမဳပ္ၿပီး ႐ုပ္အေလာင္းေကာင္ ျပန္မရွင္သန္လာေအာင္ လုပ္ေဆာင္တဲ့ ေရွးေဟာင္းဓေလ့တစ္ရပ္ ျဖစ္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

ေသြးစုပ္ဖုတ္ေကာင္ေတြကို ေျမျမဳပ္သၿဂိဳဟ္တာဟာ အလြန္ေၾကာက္လန႔္ထိတ္လန႔္ဖြယ္ေကာင္းေၾကာင္း ေရွးေဟာင္းသုေတသနပညာရွင္နဲ႔ ပါေမာကၡျဖစ္သူ ေဒးဗစ္ေဆာ္ရန္က ေျပာပါတယ္။
“ကြၽန္ေတာ္အေနနဲ႔ ခုကေလး အ႐ိုးစုလို ျမဳပ္ႏွွံမႈမ်ိဳးကိုေတာ့ ဘယ္တုန္းကမွ မျမင္ခဲ့ဖူးဘူး။”လို႔ ေဆာ္ရန္က ေျပာပါတယ္။

အခု တူးေဖာ္ေတြ႕ရွိတဲ့ ႐ုပ္အေလာင္းျမဳပ္ႏွံထားရာဟာ ကေလးသခ်ိဳင္းျဖစ္ႏိုင္ၿပီး ငွက္ဖ်ားေရာဂါ ျပန္ႏွံ႔ျဖစ္ပြားခ်ိန္ AD 400 ရာစုက ျဖစ္ေၾကာင္း သုေတသနပညာရွင္ေတြက ေျပာခဲ့ပါတယ္။

Writer_ေမာင္သံဆင့္ ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

ပါးစပ် ထဲ ကျောက်ခဲဆို့ထားလျက် သွေးစုပ်ဖုတ်ကောင် ကလေးငယ် အရိုးစု တူးဖော်တွေ့ရှိ

အီတလီနိုင်ငံ ရောမ ရှေးဟောင်း သုတေသနလုပ်ကွက်တစ်ခုမှာ ဆယ်နှစ်သားကလေးငယ် ရုပ်အလောင်း အရိုးစုတစ်စုကို ရှေးဟောင်းသုတေသီတွေက တူးဖော်တွေ့ရှိပြီး ဒီကလေးငယ် အရိုးစုဟာ သေဆုံးရာက ပြန်လည်နိုးထရှင်သန်မလာအောင် တားဆီးတဲ့ ဓလေ့ထုံးတမ်းနဲ့ မြုပ်နှံခဲ့ပုံရတယ်လို့ ပညာရှင်တွေကိုယ်တိုင် ယူဆထားပါတယ်။

အာရီဇိုးနားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်တက္ကသိုလ်တွေမှ ပညာရှင်တွေနဲ့ အီတလီသုတေသနပညာရှင်တွေ ပူးပေါင်းပြီး ဒီရုပ်အလောင်းအရိုးစုကို တူးဖော်တွေ့ရှိတာ ဖြစ်ပါတယ်။ ထူးဆန်းကြောက်ရွံ့စရာ ရှိနေတာက ဒီအရိုးစုရဲ့ ပါးစပ်တွင်းမှာ ကျောက်တုံးတစ်တုံး ဆို့ထားတာကို တွေ့ရှိရတာပါ။

ဒီလို ပါးစပ်ထဲ ကျောက်တုံးဆို့ပြီး မြုပ်နှံတယ်ဆိုတာဟာ ရောဂါတွေ ရပ်တန့်အောင်နဲ့ မြေမြုပ်ပြီး ရုပ်အလောင်းကောင် ပြန်မရှင်သန်လာအောင် လုပ်ဆောင်တဲ့ ရှေးဟောင်းဓလေ့တစ်ရပ် ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

သွေးစုပ်ဖုတ်ကောင်တွေကို မြေမြုပ်သဂြိုဟ်တာဟာ အလွန်ကြောက်လန့်ထိတ်လန့်ဖွယ်ကောင်းကြောင်း ရှေးဟောင်းသုတေသနပညာရှင်နဲ့ ပါမောက္ခဖြစ်သူ ဒေးဗစ်ဆော်ရန်က ပြောပါတယ်။
“ကျွန်တော်အနေနဲ့ ခုကလေး အရိုးစုလို မြုပ်နှံမှုမျိုးကိုတော့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။”လို့ ဆော်ရန်က ပြောပါတယ်။

အခု တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းမြုပ်နှံထားရာဟာ ကလေးသချိုင်းဖြစ်နိုင်ပြီး ငှက်ဖျားရောဂါ ပြန်နှံ့ဖြစ်ပွားချိန် AD 400 ရာစုက ဖြစ်ကြောင်း သုတေသနပညာရှင်တွေက ပြောခဲ့ပါတယ်။

Writer_မောင်သံဆင့် ( XYZ NEWS )

LEAVE A REPLY