Zawgyi ျဖင့္ဖတ္ရန္

 

စြဲေဆာင္မႈရွိၿပီး ညႇိဳ႕အားျပင္းတဲ့ မင္းသားေခ်ာ ပိုင္တံခြန္က လတ္တေလာမွာေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို တစ္ခဲနက္ ခံေနရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္က ထိုင္းႏိုင္ငံမွာလည္း ေအာင္ျမင္ေနတာမို႔ ထိုင္းႏိုင္ငံနဲ႔ ပူးေပါင္းၿပီး အႏုပညာလုပ္ငန္းေတြ လုပ္ေဆာင္ေနလ်က္ ရွိပါတာကို ေတြ႕ရပါတယ္။ ပိုင္တံခြန္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈတိုင္းကို စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ၾကတာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ပိုင္တံခြန္က သူ တစ္ဖက္သတ္ Crush ရတဲ့ ထိုင္းမင္းသမီးေလး Baifern နဲ႔ အတူတူ ေၾကာ္ျငာ႐ိုက္ကူးဖို႔ ရွိတယ္လို႔ ေျပာျပလာတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က ” ဒီၾကားထဲမွာ ေၾကာ္ျငာတစ္ခု Baifern နဲ႔ ႐ိုက္ဖို႔ကို သူကမအားတာနဲ႔ ကြၽန္ေတာ္က မအားတာနဲ႔ မ႐ိုက္ျဖစ္ေသးတာပါ။” လို႔ ဆိုလာပါတယ္။

ဆက္လက္ၿပီးလည္း ပိုင္တံခြန္က “ကြၽန္ေတာ္ Baifern နဲ႔ ေတြ႕ရင္ စိတ္လႈပ္ရွား ရင္ခုန္ရလြန္းလို႔ သူ႔ကိုသာ ျမင္ေနရင္ ႐ုပ္တည္ႀကီး ျဖစ္ေနလိမ့္မယ္” လို႔ ဆိုထားပါေသးတယ္။

ပိုင္တံခြန္က Baifern ကို အရင္ကတည္းက ႀကိဳက္ႏွစ္သက္ အားေပးခဲ့တဲ့သူတစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕ ဖုန္း Wallpaper မွာေတာင္ Baifern ရဲ႕ ပုံေတြကိုသာ ထားတတ္သူ တစ္ဦး ျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ သူ႔ရဲ႕ Crush ေလး Baifern နဲ႔ ေၾကာ္ျငာ အတူတူ တြဲ႐ိုက္ဖို႔ ရင္ခုန္ေနၿပီ ထင္ပါတယ္။ ပရိသတ္ႀကီးကလည္း ပိုင္တံခြန္ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အားေပးၾကပါဦးေနာ္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

Crush ရတဲ့ ထိုင်းမင်းသမီးလေး Baifern နဲ့အတူတူ ကြော်ငြာရိုက်ကူးမယ့် ပိုင်တံခွန်

စွဲဆောင်မှုရှိပြီး ညှို့အားပြင်းတဲ့ မင်းသားချော ပိုင်တံခွန်က လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ခံနေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ထိုင်းနိုင်ငံမှာလည်း အောင်မြင်နေတာမို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေလျက် ရှိပါတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်က သူ တစ်ဖက်သတ် Crush ရတဲ့ ထိုင်းမင်းသမီးလေး Baifern နဲ့ အတူတူ ကြော်ငြာရိုက်ကူးဖို့ ရှိတယ်လို့ ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ” ဒီကြားထဲမှာ ကြော်ငြာတစ်ခု Baifern နဲ့ ရိုက်ဖို့ကို သူကမအားတာနဲ့ ကျွန်တော်က မအားတာနဲ့ မရိုက်ဖြစ်သေးတာပါ။” လို့ ဆိုလာပါတယ်။

ဆက်လက်ပြီးလည်း ပိုင်တံခွန်က “ကျွန်တော် Baifern နဲ့ တွေ့ရင် စိတ်လှုပ်ရှား ရင်ခုန်ရလွန်းလို့ သူ့ကိုသာ မြင်နေရင် ရုပ်တည်ကြီး ဖြစ်နေလိမ့်မယ်” လို့ ဆိုထားပါသေးတယ်။

ပိုင်တံခွန်က Baifern ကို အရင်ကတည်းက ကြိုက်နှစ်သက် အားပေးခဲ့တဲ့သူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ဖုန်း Wallpaper မှာတောင် Baifern ရဲ့ ပုံတွေကိုသာ ထားတတ်သူ တစ်ဦး ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ Crush လေး Baifern နဲ့ ကြော်ငြာ အတူတူ တွဲရိုက်ဖို့ ရင်ခုန်နေပြီ ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။

share from :burmese.asia

LEAVE A REPLY