Zawgyi ျဖင့္ဖတ္ရန္

ဘန္ေကာက္မွာေဆးကုတာနဲ႔ဒီမွာေဆးကုတာ ဘာကြာလဲ ေမးေမးေနလို႔ ကိုယ္ခံစားမိတာနဲ႔ ကိုယ္ႀကဳံေတြ႕ရတာေတြကိုေျပာျပမယ္ေနာ္ ..

အပိုင္း (၁) ျမန္မာျပည္မွာ check up လုပ္ရင္ ၂ သိန္းေလာက္က်ရင္ ဘန္ေကာက္မွာ ၅ သိန္းေလာက္က်တယ္ အစာအိမ္မွန္ေျပာင္းၾကည့္တာ ၃ သိန္းက်ရင္ ဟိုမွာ ၁၅ သိန္းေက်ာ္က်မယ္ CT Scan ႐ိုက္တာ ၄ သိန္းက်ရင္ ဟိုမွာက ၇ သိန္းကေန ၁၅ သိန္းထိက်ႏိုင္တယ္ … အစစအရာရာမွာ ဘန္ေကာက္က ျမန္မာျပည္ထက္ပိုမ်ားပါတယ္…

ဒါေပမယ့္ အေျဖဖတ္ေပးတဲ့ဆရာဝန္ရဲ႕ လူေနာ္အေပၚ ၿပဳံးခ်ိဳၿပီးဆက္ဆံတာ ေကာင္းတဲ့အခ်က္ကို အရင္ေျပာၿပီး ေနာက္ဆုံးမွ ဆိုးတဲ့အေျခအေနကိုေျပာျပတာ စိုးရိမ္ရတဲ့ မ်က္ႏွာမျပတာေတြ ေဆး႐ုံက ေဆး႐ုံနဲ႔မတူပဲ ေမႊးႀကိဳင္သန႔္ရွင္းတာေတြက လူနာေတြအတြက္ေတာ့ ပထမဦးဆုံးခံစားရမယ့္ အသက္ပါပဲ ..

လူနာက တျခားေရာဂါတစ္ခုခုျဖစ္ေနတယ္ ဥပမာ အဆုတ္မွာစေပါ့ေတြ႕တာ အသည္းမွာ ဒဏ္ရာေတြ႕တာ ဒီလိုတစ္ခုခုျဖစ္ၿပီဆို ေဆးစစ္တဲ့ေန႔မွာပဲ အသည္းဆို အသည္းဆရာဝန္ အဆုတ္ဆို အဆုတ္အထူးကုနဲ႔ ခ်က္ခ်င္းျပႏိုင္ၿပီး တိုင္ပင္ေဆြးေႏြးႏိုင္တယ္ဗ် .. ဆရာဝန္ေတြကလည္း လူနာကို အခ်ိန္ေသခ်ာေပးၿပီး ေဆြးေႏြးတိုင္ပင္တယ္ တိက်တဲ့ အေျဖကို တစ္ခါတည္းထုတ္ေပးႏိုင္တယ္ …

ထားပါေတာ့ဗ်ာ အရင္က ကြၽန္ေတာ္ႀကဳံခဲ့ရတဲ့အျဖစ္ေလးေတြေျပာျပမယ္ေနာ္ သူငယ္ခ်င္းသူေဌးတစ္ေယာက္ေပါ့ ရန္ကုန္က နာမည္ႀကီးေဆး႐ုံတစ္ခုမွာ CT Scan ႐ိုက္တယ္ လည္ေခ်ာင္းထဲမွာ အလုံးေတြ႕တယ္ ကင္ဆာတဲ့ အေျဖက .. ေသခ်ာေအာင္ လည္ေခ်ာင္းထဲ Scope နဲ႔ အသားစယူမယ္တဲ့ .. သူေရာ သူ႔မိသားစုပါ ဘဝပ်က္သလို ခံစားသြားရေတာ့ ကြၽန္ေတာ္က အစ္ကိုေရ ဘာမွခံစားမေနနဲ႔ ကြၽန္ေတာ္ကေတာ့ ကင္ဆာလို႔မထင္ဘူး ကြၽန္ေတာ္တို႔ ဘန္ေကာက္သြားျပၾကမယ္ ဒီမွာ မျပနဲ႔ေတာ့ဆိုၿပီး သူ႔ကို ဘန္ေကာက္ေခၚသြားခဲ့တယ္ ..

ဟိုေရာက္ေတာ့ ဆရာဝန္က CT scan ကိုၾကည့္ၿပီး တစ္ခုခုမွားေနၿပီတဲ့ ျပန္႐ိုက္ခ်င္တယ္ဆိုတာနဲ႔ ျပန္႐ိုက္လိုက္ေတာ့ အလုံးေတာ့ရွိတယ္ လည္ေခ်ာင္းႁပြန္ထဲမွာမဟုတ္ဘူး အျပင္မွာ .. ဆရာဝန္ကစဥ္းစားတယ္ ဘာအလုံးလဲေပါ့ ကင္ဆာမဟုတ္တာ သူ႔အေတြ႕အႀကဳံအရသိတယ္ ဒါေပမယ့္ သူေသခ်ာမသိဘူး ဘာအလုံးလဲဆိုတာကို ..

ေနာက္ဆုံးေတာ့ ဆရာဝန္ကေျပာတယ္ ေဘးအခန္းကေသြးနဲ႔ပတ္သတ္တဲ့ ဆရာဝန္မႀကီးကို ျပၾကည့္ေပးပါတဲ့ ျပၿပီးရင္ သူနဲ႔ဆရာဝန္မႀကီးနဲ႔ေပါင္းၿပီး အေျဖထုတ္ေပးပါမယ္တဲ့ .. ဆရာဝန္မႀကီးနဲ႔ျပၿပီး သူတို႔ႏွစ္ေယာက္ေခါင္းခ်င္းဆိုင္ေဆြးေႏြးၾကတယ္ ၿပီးေတာ့မွ လူနာကိုေခၚလိုက္တယ္ အေျဖက တီဘီက်ိတ္ ဒါေပမယ့္ လူနာမွာ တီဘီမရွိေတာ့ဘူး တစ္ခ်ိန္ကရွိခဲ့တယ္ ခုမရွိေတာ့ဘူးဆိုတဲ့ အေျဖ ..

တစ္ေန႔ ေဆး ၁ လုံးပဲ တစ္လေသာက္ရမယ္ တစ္လေနမွျပန္စစ္ပါတဲ့ .. တစ္လေန ျပန္သြားစစ္ေတာ့ လူနာမွာ ဘာအလုံးမွမရွိေတာ့ဘူး အားလုံးၿပီးသြားၿပီ .. ပိုက္ဆံ ၁၀ သိန္းေလာက္နဲ႔ ကြၽန္ေတာ္တို႔ေတြ အေပ်ာ္ႀကီးေပ်ာ္ခဲ့လို႔ ပါလာတဲ့ သိန္းရာေက်ာ္ပါ အကုန္သုံးျပစ္ခဲ့ၾကတာ ေပ်ာ္လြန္းလို႔ ..

ဒီမွာဆိုရင္ေတာ့ အလုံးမရွိတဲ့ေနရာကို အသားစယူမယ္ ဘာေတြဆက္ျဖစ္မယ္ဆိုတာေတာ့ ကြၽန္ေတာ္လည္း မေတြးရဲဘူးဗ်ာ ….

ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode ဖြင့်ဖတ်ရန်

ဘန်ကောက်မှာ ဆေးကုတာနဲ့ ဒီမှာဆေးကုတာ ဘာကွာလဲ

ဘန်ကောက်မှာဆေးကုတာနဲ့ဒီမှာဆေးကုတာ ဘာကွာလဲ မေးမေးနေလို့ ကိုယ်ခံစားမိတာနဲ့ ကိုယ်ကြုံတွေ့ရတာတွေကိုပြောပြမယ်နော် ..

အပိုင်း (၁) မြန်မာပြည်မှာ check up လုပ်ရင် ၂ သိန်းလောက်ကျရင် ဘန်ကောက်မှာ ၅ သိန်းလောက်ကျတယ် အစာအိမ်မှန်ပြောင်းကြည့်တာ ၃ သိန်းကျရင် ဟိုမှာ ၁၅ သိန်းကျော်ကျမယ် CT Scan ရိုက်တာ ၄ သိန်းကျရင် ဟိုမှာက ၇ သိန်းကနေ ၁၅ သိန်းထိကျနိုင်တယ် … အစစအရာရာမှာ ဘန်ကောက်က မြန်မာပြည်ထက်ပိုများပါတယ်…

ဒါပေမယ့် အဖြေဖတ်ပေးတဲ့ဆရာဝန်ရဲ့ လူနော်အပေါ် ပြုံးချိုပြီးဆက်ဆံတာ ကောင်းတဲ့အချက်ကို အရင်ပြောပြီး နောက်ဆုံးမှ ဆိုးတဲ့အခြေအနေကိုပြောပြတာ စိုးရိမ်ရတဲ့ မျက်နှာမပြတာတွေ ဆေးရုံက ဆေးရုံနဲ့မတူပဲ မွှေးကြိုင်သန့်ရှင်းတာတွေက လူနာတွေအတွက်တော့ ပထမဦးဆုံးခံစားရမယ့် အသက်ပါပဲ ..

လူနာက တခြားရောဂါတစ်ခုခုဖြစ်နေတယ် ဥပမာ အဆုတ်မှာစပေါ့တွေ့တာ အသည်းမှာ ဒဏ်ရာတွေ့တာ ဒီလိုတစ်ခုခုဖြစ်ပြီဆို ဆေးစစ်တဲ့နေ့မှာပဲ အသည်းဆို အသည်းဆရာဝန် အဆုတ်ဆို အဆုတ်အထူးကုနဲ့ ချက်ချင်းပြနိုင်ပြီး တိုင်ပင်ဆွေးနွေးနိုင်တယ်ဗျ .. ဆရာဝန်တွေကလည်း လူနာကို အချိန်သေချာပေးပြီး ဆွေးနွေးတိုင်ပင်တယ် တိကျတဲ့ အဖြေကို တစ်ခါတည်းထုတ်ပေးနိုင်တယ် …

ထားပါတော့ဗျာ အရင်က ကျွန်တော်ကြုံခဲ့ရတဲ့အဖြစ်လေးတွေပြောပြမယ်နော် သူငယ်ချင်းသူဌေးတစ်ယောက်ပေါ့ ရန်ကုန်က နာမည်ကြီးဆေးရုံတစ်ခုမှာ CT Scan ရိုက်တယ် လည်ချောင်းထဲမှာ အလုံးတွေ့တယ် ကင်ဆာတဲ့ အဖြေက .. သေချာအောင် လည်ချောင်းထဲ Scope နဲ့ အသားစယူမယ်တဲ့ .. သူရော သူ့မိသားစုပါ ဘဝပျက်သလို ခံစားသွားရတော့ ကျွန်တော်က အစ်ကိုရေ ဘာမှခံစားမနေနဲ့ ကျွန်တော်ကတော့ ကင်ဆာလို့မထင်ဘူး ကျွန်တော်တို့ ဘန်ကောက်သွားပြကြမယ် ဒီမှာ မပြနဲ့တော့ဆိုပြီး သူ့ကို ဘန်ကောက်ခေါ်သွားခဲ့တယ် ..

ဟိုရောက်တော့ ဆရာဝန်က CT scan ကိုကြည့်ပြီး တစ်ခုခုမှားနေပြီတဲ့ ပြန်ရိုက်ချင်တယ်ဆိုတာနဲ့ ပြန်ရိုက်လိုက်တော့ အလုံးတော့ရှိတယ် လည်ချောင်းပြွန်ထဲမှာမဟုတ်ဘူး အပြင်မှာ .. ဆရာဝန်ကစဉ်းစားတယ် ဘာအလုံးလဲပေါ့ ကင်ဆာမဟုတ်တာ သူ့အတွေ့အကြုံအရသိတယ် ဒါပေမယ့် သူသေချာမသိဘူး ဘာအလုံးလဲဆိုတာကို ..

နောက်ဆုံးတော့ ဆရာဝန်ကပြောတယ် ဘေးအခန်းကသွေးနဲ့ပတ်သတ်တဲ့ ဆရာဝန်မကြီးကို ပြကြည့်ပေးပါတဲ့ ပြပြီးရင် သူနဲ့ဆရာဝန်မကြီးနဲ့ပေါင်းပြီး အဖြေထုတ်ပေးပါမယ်တဲ့ .. ဆရာဝန်မကြီးနဲ့ပြပြီး သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ဆွေးနွေးကြတယ် ပြီးတော့မှ လူနာကိုခေါ်လိုက်တယ် အဖြေက တီဘီကျိတ် ဒါပေမယ့် လူနာမှာ တီဘီမရှိတော့ဘူး တစ်ချိန်ကရှိခဲ့တယ် ခုမရှိတော့ဘူးဆိုတဲ့ အဖြေ ..

တစ်နေ့ ဆေး ၁ လုံးပဲ တစ်လသောက်ရမယ် တစ်လနေမှပြန်စစ်ပါတဲ့ .. တစ်လနေ ပြန်သွားစစ်တော့ လူနာမှာ ဘာအလုံးမှမရှိတော့ဘူး အားလုံးပြီးသွားပြီ .. ပိုက်ဆံ ၁၀ သိန်းလောက်နဲ့ ကျွန်တော်တို့တွေ အပျော်ကြီးပျော်ခဲ့လို့ ပါလာတဲ့ သိန်းရာကျော်ပါ အကုန်သုံးပြစ်ခဲ့ကြတာ ပျော်လွန်းလို့ ..

ဒီမှာဆိုရင်တော့ အလုံးမရှိတဲ့နေရာကို အသားစယူမယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ကျွန်တော်လည်း မတွေးရဲဘူးဗျာ ….

လေးစားစွာဖြင့် ခရက်ဒစ်

LEAVE A REPLY