Zawgyi ျဖင့္ဖတ္ရန္

 

စီးပြား​ေရးလုပ္​ငန္​းရွင္​ႀကီးျဖစ္​တဲ့ က်​ေနာ္​့ဆရာသမား တစ္​​ေယာက္​ မ​ေန႔ညက ဖုံးဆက္​လာတယ္​… ဘဏ္​ထဲမွာ​ေငြရွိရင္​ ထုတ္​ထားလိုက္​​ေတာ့တဲ့…. သူ႔ကိုလဲ သူ႔ဆရာက ​ေျပာလာတာ။ အ​ေၾကာင္​းရင္​း​ေတာ့မသိဘူးတဲ့….

နဲနဲ​ေတာ့လန္​့သြားတယ္​။ ဘာလုပ္​ရမလဲမသိျဖစ္​သြားတယ္​။ ​ဘဏ္​ထဲ​ေငြရွိလို႔​ေတာ့မဟုတ္​ဘူး။ တီးတိုး တီးတိုး နဲ႔ ​ေကာလဟာလ​ေတြ အဲ့​ေလာက္​ထိ ျဖစ္​​ေနလား​ေပါ့… အႀကီးႀကီး​ေတြက​ေန ဆင္​့ကဲ ဆင္​့ကဲ သတင္​း​ေတြပ်႕ံႏွံ႔လာပုံဘဲ… ဒီ​ေန႔ ​ေ႐ႊေစ်းေငြေစ်းတက္ေတာ့မယ္အလုအယက္​ ​ဝယ္​ၾက​ေတာ့မယ္​။ ဂ်င္​းအႀကီးႀကီးမိၾက​ေတာ့မယ္​ဆိုတာ တြက္​ဆမိၿပီး စိုးရိမ္​သြားတယ္​…. ဒါနဲ႔ ရင္​းႏွီးတဲ့ အမ်ားပိုင္​ဘဏ္​က ဒါ႐ိုက္​တာတစ္​​ေယာက္​ကို ​ေမးခြန္​း​ေတြ​ေမးျဖစ္​ခဲ့တယ္​။

​ေမး။ ။ ​ေႂကြဆုံး​ေတြ​ေၾကာင္​့ ဘဏ္​ၿပိဳႏိုင္​လား ဆရာ? ​ေျဖ။ ။ အရင္​​ေခတ္​က​ေတာ့ၿပိဳႏိုင္​တယ္​။လက္​ရွိမွာ​ေတာ့ ဗဟိုဘဏ္​စည္​းကမ္​းတင္​းၾကပ္​ထားတာ​ေၾကာင္​့ လုံးဝ မၿပိဳႏိုင္​ဘူး။အျမတ္​နဲသြားမွာနဲ႔ မျမတ္​​ေတာ့တာပဲရွိမယ္​။ ဘဏ္​ၿပိဳတဲ့ကိစၥ ဗဟိုဘဏ္​က လုံးဝအျဖစ္​မခံဘူး။ ျဖစ္​မွာစိုးလို႔ စည္​းကမ္​းတင္​းၾကပ္​​ေနတာ ၾကာၿပီ။​NPL ၅% ​ေက်ာ္​တာနဲ႔ အျမတ္​​ေဝစု ထုတ္​​ေဝခြင္​့မ​ေပးဘူး။ အရင္​ႏွစ္​ကတည္​းက ဘဏ္​အခ်ိဳ႕ အျမတ္​​ေဝစုထုတ္​​ေပးလို႔မရတာၾကားမွာ​ေပါ့။ ဘဏ္​ကမျမတ္​ဘူးလားဆို မဟုတ္​ဘူး ျမတ္​​ေနတယ္​​ေနာ္​ …ဒါ​ေပမဲ့ ဘဏ္​ကထုတ္​​ေခ်းထားတဲ့စုစု​ေပါင္​းရဲ႕ ၅% ​ေက်ာ္​ၿပီး ​ေႂကြးဆုံးျဖစ္​တာနဲ႔ အျမတ္​​ေငြ မ​ေပးထုတ္​​ေတာ့ဘူး။ ​ေႂကြးဆုံးျပသနာအရင္​ရွင္​း​ေပ​ေတာ့ပဲ။ ၅%​ေအာက္​​ေရာက္​မွ အျမတ္​​ေဝစုျပန္​ထုတ္​ခြင္​့​ေပးမွာ…အဲ့​ေလာက္​ထိ ထိန္​းခ်ဳပ္​ထားတယ္​။

​ေမး။ ။ဒါဆိုဘာ​ေၾကာင္​့ဘဏ္​ၿပိဳႏိုင္​လဲ ဆရာ? ​ေျဖ။ ။ေငြစုထားသူ​ေတြ တစ္​ခ်ိန္​ထဲတစ္​ၿပိဳင္​ထဲ ဝိုင္​းထုတ္​ၾကရင္​ ဘဏ္​ၿပိဳပါတယ္​။ ​ေႂကြးဆုံးမရွိတဲ့ဘဏ္​ျဖစ္​​ေနပါ​ေစ တစ္​ခ်ိန္​ထဲမွာထုတ္​ၾကရင္​ မခံႏိုင္​ဘူး။ ဒါ​ေၾကာင္​့ ဗဟိုဘဏ္​က တစ္​ခ်ိန္​ထဲ​ေငြထုတ္​မွာစိုးလို႔ ​မ​ေၾကာက္​ဖို႔ မစိုးရိမ္​ၾကဖို႔ ​ေၾကျငာခ်က္​​ေတြ ထုတ္​​ေပး​ေနတာ။ ​ေၾကာက္​စိတ္​က အရမ္​းဆိုးတယ္​….​ေၾကာက္​စိတ္​စိုးရိမ္​စိတ္​ႀကီး​ေနရင္​ တားမရ​ေတာ့ဘူး။မျဖစ္​သင္​့တာ ျဖစ္​သြားႏိုင္​တယ္​…..

​ေမး။ ။လက္​ရွိအ​ေျခအ​ေနက ဘာ​ေၾကာင္​့ျဖစ္​တာလဲ ဆရာ? ​ေျဖ။ ။အ​ေၾကာင္​းမ်ိဳးစုံတိုက္ဆိုင္သြားလို႔ပါ။ ၁ ခု ၂ ခုသြားဆုံတာ မကဘဲ ​ေလးငါးမ်ိဳးသြားဆုံသြားလို႔ပါ။ ​ေနာက္​ကြယ္​က​ေန ​လႈံ႕​ေဆာ္​​ေသြးထိုး​ေပး​ေနသူ​ေတြလဲ ရွိတယ္​။ ရည္​႐ြယ္​ခ်က္​ အမ်ိဳးမ်ိဳးနဲ႔​ေပါ့။

​ေမး။ ။ဘယ္​လိုဆက္​ျဖစ္​ႏိုင္​လဲ ဆရာ? ​ေျဖ။ ။မနက္​ျဖန္​ ​ေသာၾကာ​ေန႔ ၿပီးရင္​ ၿငိမ္​သြားမွာပါ။ႀကဳံခဲ့ဘူးတဲ့ အ​ေတြ႕ႀကံဳ​ေတြအရ ​ေပါ့။

​ေမး။ ။ဘာလုပ္​ရင္​​ေကာင္​းမလဲ? အႀကံေပးပါဦးဆရာ… ​ေျဖ။ ။ၿငိမ္​ၿငိမ္​​ပဲ​ေနၿပီး​ေစာင္​့ၾကည္​့​ေနပါ။ျပည္​တြင္​း​ေ႐ႊ​ေစ်းကလဲ ကမ႓ာ့​ေစ်းထက္​မ်ား​ေန​ေတာ့ မဝယ္​သင္​့​ေတာ့ဘူး။

ေနာက္​ဆုံး​ေျပာခ်င္​တာက​ေတာ့ ​ေႂကြးဆုံး​ေတြ​ေၾကာင္​့ဘဏ္​မၿပိဳဘူး။ ေငြဝိုင္​းထုတ္​ၾကမွ ဘဏ္​ၿပိဳမွာ။ ဘဏ္​ၿပိဳလို႔ ဘဏ္​ပိုင္​ရွင္​​ေတြ မဆင္​းရဲသြားဘူး။ လူအမ်ားဘဲ ဒုကၡ​ေရာက္​မွာ။ ကိုယ္​့​ေၾကာက္​စိတ္​​ေၾကာင္​့ အမ်ားဒုကၡမ​ေရာက္​ရ​ေအာင္…..ကူညီ​ေပးပါ လို႔။ ဟုတ္​ကဲ့ ​ေက်းဇူးတင္​ပါတယ္​ ဆရာ။

ခရက္ဒစ္ – က်ားနဂါး

Unicode ဖြင့်ဖတ်ရန်

တကယ့် နောက်ကွယ်က ဘဏ်တွေပြိုလဲ သွားနိုင်ခြင်းရဲ့ အဓိက အကြောင်းအရင်း

စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ကျနော့်ဆရာသမား တစ်ယောက် မနေ့ညက ဖုံးဆက်လာတယ်… ဘဏ်ထဲမှာငွေရှိရင် ထုတ်ထားလိုက်တော့တဲ့…. သူ့ကိုလဲ သူ့ဆရာက ပြောလာတာ။ အကြောင်းရင်းတော့မသိဘူးတဲ့….

နဲနဲတော့လန့်သွားတယ်။ ဘာလုပ်ရမလဲမသိဖြစ်သွားတယ်။ ဘဏ်ထဲငွေရှိလို့တော့မဟုတ်ဘူး။ တီးတိုး တီးတိုး နဲ့ ကောလဟာလတွေ အဲ့လောက်ထိ ဖြစ်နေလားပေါ့… အကြီးကြီးတွေကနေ ဆင့်ကဲ ဆင့်ကဲ သတင်းတွေပျံ့နှံ့လာပုံဘဲ… ဒီနေ့ ရွှေဈေးငွေဈေးတက်တော့မယ်အလုအယက် ဝယ်ကြတော့မယ်။ ဂျင်းအကြီးကြီးမိကြတော့မယ်ဆိုတာ တွက်ဆမိပြီး စိုးရိမ်သွားတယ်…. ဒါနဲ့ ရင်းနှီးတဲ့ အများပိုင်ဘဏ်က ဒါရိုက်တာတစ်ယောက်ကို မေးခွန်းတွေမေးဖြစ်ခဲ့တယ်။

မေး။ ။ ကြွေဆုံးတွေကြောင့် ဘဏ်ပြိုနိုင်လား ဆရာ? ဖြေ။ ။ အရင်ခေတ်ကတော့ပြိုနိုင်တယ်။လက်ရှိမှာတော့ ဗဟိုဘဏ်စည်းကမ်းတင်းကြပ်ထားတာကြောင့် လုံးဝ မပြိုနိုင်ဘူး။အမြတ်နဲသွားမှာနဲ့ မမြတ်တော့တာပဲရှိမယ်။ ဘဏ်ပြိုတဲ့ကိစ္စ ဗဟိုဘဏ်က လုံးဝအဖြစ်မခံဘူး။ ဖြစ်မှာစိုးလို့ စည်းကမ်းတင်းကြပ်နေတာ ကြာပြီ။NPL ၅% ကျော်တာနဲ့ အမြတ်ဝေစု ထုတ်ဝေခွင့်မပေးဘူး။ အရင်နှစ်ကတည်းက ဘဏ်အချို့ အမြတ်ဝေစုထုတ်ပေးလို့မရတာကြားမှာပေါ့။ ဘဏ်ကမမြတ်ဘူးလားဆို မဟုတ်ဘူး မြတ်နေတယ်နော် …ဒါပေမဲ့ ဘဏ်ကထုတ်ချေးထားတဲ့စုစုပေါင်းရဲ့ ၅% ကျော်ပြီး ကြွေးဆုံးဖြစ်တာနဲ့ အမြတ်ငွေ မပေးထုတ်တော့ဘူး။ ကြွေးဆုံးပြသနာအရင်ရှင်းပေတော့ပဲ။ ၅%အောက်ရောက်မှ အမြတ်ဝေစုပြန်ထုတ်ခွင့်ပေးမှာ…အဲ့လောက်ထိ ထိန်းချုပ်ထားတယ်။

မေး။ ။ဒါဆိုဘာကြောင့်ဘဏ်ပြိုနိုင်လဲ ဆရာ? ဖြေ။ ။ငွေစုထားသူတွေ တစ်ချိန်ထဲတစ်ပြိုင်ထဲ ဝိုင်းထုတ်ကြရင် ဘဏ်ပြိုပါတယ်။ ကြွေးဆုံးမရှိတဲ့ဘဏ်ဖြစ်နေပါစေ တစ်ချိန်ထဲမှာထုတ်ကြရင် မခံနိုင်ဘူး။ ဒါကြောင့် ဗဟိုဘဏ်က တစ်ချိန်ထဲငွေထုတ်မှာစိုးလို့ မကြောက်ဖို့ မစိုးရိမ်ကြဖို့ ကြေငြာချက်တွေ ထုတ်ပေးနေတာ။ ကြောက်စိတ်က အရမ်းဆိုးတယ်….ကြောက်စိတ်စိုးရိမ်စိတ်ကြီးနေရင် တားမရတော့ဘူး။မဖြစ်သင့်တာ ဖြစ်သွားနိုင်တယ်…..

မေး။ ။လက်ရှိအခြေအနေက ဘာကြောင့်ဖြစ်တာလဲ ဆရာ? ဖြေ။ ။အကြောင်းမျိုးစုံတိုက်ဆိုင်သွားလို့ပါ။ ၁ ခု ၂ ခုသွားဆုံတာ မကဘဲ လေးငါးမျိုးသွားဆုံသွားလို့ပါ။ နောက်ကွယ်ကနေ လှုံ့ဆော်သွေးထိုးပေးနေသူတွေလဲ ရှိတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပေါ့။

မေး။ ။ဘယ်လိုဆက်ဖြစ်နိုင်လဲ ဆရာ? ဖြေ။ ။မနက်ဖြန် သောကြာနေ့ ပြီးရင် ငြိမ်သွားမှာပါ။ကြုံခဲ့ဘူးတဲ့ အတွေ့ကြုံတွေအရ ပေါ့။

မေး။ ။ဘာလုပ်ရင်ကောင်းမလဲ? အကြံပေးပါဦးဆရာ… ဖြေ။ ။ငြိမ်ငြိမ်ပဲနေပြီးစောင့်ကြည့်နေပါ။ပြည်တွင်းရွှေဈေးကလဲ ကမ္ဘာ့ဈေးထက်များနေတော့ မဝယ်သင့်တော့ဘူး။

နောက်ဆုံးပြောချင်တာကတော့ ကြွေးဆုံးတွေကြောင့်ဘဏ်မပြိုဘူး။ ငွေဝိုင်းထုတ်ကြမှ ဘဏ်ပြိုမှာ။ ဘဏ်ပြိုလို့ ဘဏ်ပိုင်ရှင်တွေ မဆင်းရဲသွားဘူး။ လူအများဘဲ ဒုက္ခရောက်မှာ။ ကိုယ့်ကြောက်စိတ်ကြောင့် အများဒုက္ခမရောက်ရအောင်…..ကူညီပေးပါ လို့။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။

ခရက်ဒစ် – ကျားနဂါး

LEAVE A REPLY