Zawgyi ဖြင့်ဖတ်ရန်


 



 


 



Credit : momolay

Unicode ဖြင့်ဖတ်ရန်

Myanmar Got Talent မှာ Winner ဆုရရှိသွားတဲ့ အသက်၅နှစ်အရွယ် သိုင်းပညာရှင်လေး ဘုန်းမြတ်မင်း

မြန်မာနိုင်ငံ ရဲ့ လူအများစိတ်ဝင်စားခြင်း ခံထားရတဲ့ ပြိုင်ပွဲကြီးတွေထဲမှာ တစ်ခုဖြစ်တဲ့ မိမိမှာ ပင်ကိုယ်ပါရမီ ကျွမ်းကျင်မှုကို ချပြခွင့်ရမယ့်Myanmars Got Talent ပြိုင်ပွဲ ကြီးပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်ရာ အနုပညာအစ လက်မှုစွမ်းရည် ၊ ကိုယ်ခန္ဓာစွမ်းရည် တို့ကို အစွမ်းကုန်ထုတ်ပြ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲကြီး မှာ ဒိုင်တွေ ကို ကျက်သီးမွှေးညှင်း ထရလောက်စေတဲ့ အသက် ၅ နှစ်အရွယ် မောင်ဘုန်းမြတ်မင်းရဲ့ မြန်မာ့သိုင်းပညာပဲ ဖြစ်ပါတယ်။ ဘုန်းမြတ်မင်း က သိုင်းပညာ ကို ကမ္ဘာက သိအောင် စွမ်းဆောင် နိုင်သူလေးဆိုလည်း မမှားပါဘူး ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ယှဉ်ပြိုင်နေကြတဲ့ Got Talent ပြိုင်ပွဲဝင်တွေထဲက အကောင်းဆုံး အတော်ဆုံး ကလေးအဖွဲ့ (၅)ဖွဲ့ကို Got Talent Global က စုစည်းပေးခဲ့ရာ မြန်မာနိုင်ငံက “ဘုန်းမြတ်မင်း” က ဒုတိယနေရာကနေ ပါဝင်လာခဲ့ပါတယ်။ Got Talent Global ရဲ့ စုစည်းမှုထဲ ဝင်နိုင်ဖို့ဆိုတော တော်ရုံအရည်အချင်းနဲ့တော့ မဖြစ်နိုင်ပါဘူး ပရိသတ်ကြီးရေ။

ပြိုင်ပွဲဝင် ဘုန်းမြတ်မင်းဟာဆိုရင် အသက်ပနှစ်အရွယ်သာရှိတဲ့ ကလေးတစ်ဦးပါ။ မြန်မာ့သိုင်းပညာကို ကြည့်ရူတဲ့ ပရိသတ်တွေ ၊ ဒိုင်တွေမျက်လုံးပြူး၊မျက်ဆံပြူး၊ ပါးစပ်ကြီးအဟောင်းသားဖြစ်ကုန်အောင် လုပ်ပြနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်လေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သားလေး ဘုန်းမြတ်မင်း က Myanmar Got Talent မှာ Winner ဆု ကို ထိုပ်ထိုက်တန်တန် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ သားလေး ရဲ့ ပညာအစွမ်း ကြောင့် ပြည်တွင်းပြည်ပမှ ပရိသတ်တွေ ကလည်း တစ်ခဲနက် အားပေးကြတာတွေ့ရပါတယ်။

မော်ဒယ်ကောင်လေးတွေဝန်းရံပြီး မိုင်းလားမြို့မှာ သီချင်းဆိုဖျော်ဖြေခဲ့တဲ့ သင်ဇာဝင့်ကျော်

သားလေး ဘုန်းမြတ်မင်းက သူ့ရဲ့ Winner ဆုရရှိတဲ့ ဆုငွေများကို သူ့ရဲ့ မိဘများအတွက် အိမ်ဝယ်ပေးမယ်လို့ ပြောထားသလို အလှူများလည်း လုပ်မှာပါလို့ ပြောသွားပါတယ်။

Myanmar Got Talent မှာ Winner ဆုရရှိသွားတံ့ ပြိုင်ပွဲဝင် သားလေး ဘုန်းမြတ်မင်းကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit : momolay

LEAVE A REPLY